ကောင်းအတူဆိုးအတူ ရှိနေပေးလို့ ကျေးဇူးတင်တယ်တဲ့။

သရုပ်ဆောင် မင်းရာဇာက ဇနီးဇောလေးအတွက် မွေးနေ့ဆုတောင်းလေး တောင်းပေးထားတာ တွေ့ရပါတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်း အောင်မြင်ခြင်း ကြရှုံးခြင်းတွေရဲ့ ဒဏ်ကို မမှုဘဲ ခင်ပွန်းအနားမှာ ဆိုးတူကောင်းအတူ အမြဲတမ်း ရှိနေပေးတဲ့ ဇနီးလေးကို မင်းရာဇာက အရမ်းကျေးဇူးတင်တယ်တဲ့။



Photo : မင်းရာဇာ FB

 

ဒီနေ့ (သြဂုတ်လ၆ရက်)က သရုပ်ဆောင် မင်းရာဇာရဲ့ ဇနီးချောလေး မဖူးငုံပွင့် မွေးနေ့ ဖြစ်ပါတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်းအောင်မြင်ခြင်း ကြရှုံးခြင်းတွေရဲ့ ဒဏ်ကို မမှုဘဲ ခင်ပွန်းအနားမှာ ဆိုးတူကောင်းအတူ အမြဲတမ်း ရှိနေပေးတဲ့ ဇနီးလေးကို အရမ်းကျေးဇူးတင်တယ်လို့ မင်းရာဇာက ပြောထားပါသေးတယ်။

ဇနီးချောလေးအတွက် မင်းရာဇာက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို မွေးနေ့ဆုတောင်း တောင်းပေးထားတာ တွေ့ရပါတယ်။

Photo : မင်းရာဇာ FB

 

"HAPPY BIRTH DAY ပါချစ်ဇနီးလေးရေ ချမ်းသာခြင်း ဆင်းရဲခြင်း အောင်မြင်ခြင်း ကြရှုံးခြင်း အဆင်ပြေခြင်း အဆင်မပြေခြင်းဆိုတဲ့ လောကဒဏ်တွေကို မမုဘဲ ယောင်္ကျားနားမှာ ဆိုးအတူကောင်းအတူအမြဲတန်းရှိပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်" ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။

ငယ်ငယ်ကတည်းက အထီးကျန်တတ်တဲ့ ခင်ပွန်းအတွက် လက်ရှိမှာ ဒုတိယရင်သွေးလေးကို ထက်ယူပေးထားတာကြောင့် အရမ်းချစ်တယ်လို့ ဆိုထားပါသေးတယ်။

Photo : မင်းရာဇာ FB

 

" ငယ်ငယ်ကတည်းက အမြဲတန်းအထီကျန်ခဲ့ရတဲ့ ကျားအတွက် အခုဒုတိယရင်သွေးလေးကို ထက်ယူပေးပြီးစည်ကားတဲ့ မိသားစုလေးကိုပေးတဲ့ အတွက်အရမ်းချစ်တယ်။ မိန်းမကျန်းမာ ချမ်းသာ စိတ်ချမ်းသာ အသက်ရှည် အနာကင်း အန္တရယ်ကင်းဘေးရှင်းပြီး စစ်မှန်သောတရားထူး တရား မြတ်နဲ့တွေ့နိုင်ပါစေ။သမီးတွေသားတွေနဲ့ ဘယ်တော့မှ မခွဲဘဲ အိုကေံကာင်းတဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပါစေဗျာ" ဆိုပြီး သြဂုတ်(၆) ရက်နေ့က ရေးသားထားတာဖြစ်ပါတယ်။

Photo : မင်းရာဇာ FB

သမီးလေးအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မင်းရာဇာ 

အက်ရှင်မင်းသားချော သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီး မဖူးငုံပွင့်တို့ဟာ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားကြပြီး တစ်ဦးတည်း သော သမီးချောလေး သစ်မင်းရာဇာလေးတစ်ယောက်လည်း ရှိပါပြီ။ အခုဆိုရင် သမီးလေးအပြင် နောက်ထပ် ရင်သွေးလေးတစ်ယောက် ကိုလည်း လွယ်ထားနေရပြီလို့ သိရပါတယ်။

သမီးလေး သစ်မင်းရာဇာဟာ အခုဆိုရင်အသက်(၄) နှစ်ပြည့်သွားပါပြီ။ သမီးလေးက ၂၀၁၄ခုနှစ် သြဂုတ်လ(၁) ရက်နေ့က ဝိတိုရိယ ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo : မင်းရာဇာ FB

 

အက်ရှင်ဇာတ်ကားတွေ နဲ့ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က