မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော်မှာဆိုရင် တန်ဆောင်တိုင်မီးထွန်းပွဲတွေ၊ စတုဒိသာပွဲတော်တွေ ပြုလုပ်ကြသလို လမ်းတွေမှာ ပန့်သကူငွေပစ်ပြီး ကိုယ်နဲ့မသိသူတွေကိုပါ မုန့်ဖိုးပေးတဲ့ ချစ်စရာဓလေ့လေးရှိကြပါတယ်။ ဒီတန်ဆောင်တိုင်မှာဆိုရင် KBZPay မှာ ကျပ်သိန်းပေါင်း ၈၀၀ ကျော်ကို ချစ်ခင်သူတွေနဲ့အတူ ပျော်ပျော်ပါးပါး မုန့်ဖိုးမျှဝေရယူနိုင်မှာပါ။
ဘယ်တော့စမှာလဲ
တန်ဆောင်တိုင်မုန့်ဖိုးမျှဝေအစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူတွေပါဝင်ခွင့်ရမှာလဲ
KBZPay ကိုအသုံးပြုနေတဲ့ သုံးစွဲသူအားလုံး ဒီအစီအစဉ်မှာပါဝင်နိုင်မှာပါ။
မုန့်ဖိုးဘယ်လိုရမှာလဲ
နိုဝင်ဘာလ ၁၇ ရက်နဲ့ ၁၈ ရက် ည ၇ မှာ မုန့်ဖိုးကို ရယူနိုင်ဖြစ်ပါတယ်။
မုန့်ဖိုးရဖို့ ဘာလုပ်ရမလဲ
မုန့်ဖိုးရဖို့အတွက် တစ်ခုတည်းသောလိုအပ်ချက်က အနီ၊ အဝါ ၊အစိမ်း၊ အပြာ၊ ခရမ်းအရောင်လေးတွေရှိတဲ့ မီးပုံးလေးတွေကို စုဆောင်းရပါတယ်။ မီးပုံးလေးတစ်ခု ရရှိရုံနဲ့ KBZPay ရဲ့ မုန့်ဖိုးမျှဝေအစီအစဉ်မှာ ပါဝင်နိုင်ပါပြီ။ သုံးစွဲသူတွေအနေနဲ့ အရောင်တူပိုနေတဲ့ မီးပုံးတွေကိုလည်း အချင်းချင်းမျှဝေပေးနိုင်မှာပါ။ ဒါ့အပြင် KBZPay လက်ရှိသုံးစွဲသူတွေအနေနဲ့ KBZPay ရဲ့တန်ဆောင်တိုင် မုန့်ဖိုး အစီအစဉ်မှာ ပါဝင်ဖို့ သုံးစွဲသူအသစ်တွေကို ခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင်လည်း အပိုဆုကြေးငွေတွေရရှိဦးမယ့် အစီအစဉ်ကိုလည်း ထည့်သွင်းထားပါတယ်။
မီးပုံးတွေ စုဆောင်းနိုင်မယ့် နည်းလမ်း(၇)မျိုး
၁။ သုံးစွဲသူအသစ်တစ်ဦးကို ဖိတ်ခေါ်နိုင်မယ်ဆိုရင် ကျပန်းမီးပုံး ရရှိမှာဖြစ်သလို သုံးဦးပြည့်တိုင်းမှာ လိုအပ်တဲ့အရောင်ပြောင်းနိုင်တဲ့ ကံကောင်းခြင်း မီးပုံးလေး တစ်လုံး ရရှိမှာပါ။
၂။ Campaign Page ကို နေ့စဉ် သူငယ်ချင်းတွေနဲ့ မျှဝေမယ်ဆိုရင် မည်သည့်အရောင်အမျိုးအစားမဆို ဖြစ်နိုင်တဲ့ မီးပုံးလေး တစ်လုံးကို ရရှိမှာပါ။
၃။ KBZPay သုံးပြီး နေ့စဥ် အနည်းဆုံး ၅,၀၀၀ ကျပ်ဖိုး ပစ္စည်းဝယ်ယူမယ်ဆိုရင် ကျပန်း မီးပုံးတစ်လုံး ကို ရရှိမှာ ဖြစ်ပါတယ်။
၄။ KBZPay သုံးပြီး နေ့စဥ် အနည်းဆုံး ၅,၀၀၀ ကျပ်ဖိုး ဖုန်းဘေလ်ဖြည့်မယ်ဆိုရင် ကျပန်း မီးပုံးတစ်လုံး ကို ရရှိမှာပါ။
၅။ KBZPay Market ကို နေ့စဥ် ကြည့်ရှုမယ်ဆိုရင် ကျပန်း မီးပုံးတစ်လုံးကို ရရှိမှာဖြစ်ပါတယ်။
၆။ KBZPay Official Account ကို ဝင်ကြည့်မယ်ဆိုရင်လည်း ကျပန်းမီးပုံး တစ်လုံးရရှိမှာပါ။
၇။ KBZPay ရဲ့ Mini game ထဲ ဝင်ရောက်မယ်ဆိုရင်တော့ ကျပန်းမီးပုံးတစ်လုံးကိုရရှိမှာပါ။
မြန်မာတို့ရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ တန်ဆောင်တိုင်ကာလမှာ အချင်းချင်း အပြန်အလှန် မုန့်ဖိုးလေးတွေ မျှဝေရယူနိုင်ဖို့အတွက် KBZPay ရဲ့မုန့်ဖိုးမျှဝေအစီအစဉ်မှာ ဝင်ရောက်ပါဝင်ဆင်နွှဲလိုက်ပါ။
အသေးစိတ်ကိုတော့ အောက်ဖော်ပြပါလင့်ကိုနှိပ်၍ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9