ဒီနေ့မှာတော့ မစစ်ဖြစ်ဘူးလို့ သိရပါတယ်။

ပွဲစားဒေါ်ညိုနဲ့ ဒေါ်ခင်မာမြင့်ကို ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ တရားစွဲဆို ထားတဲ့ တရားလို ဇင်မာဦးဟာ ဒီနေ့ရုံးချိန်းတွင် တရားရုံးကို ပထမဆုံးအကြိမ် တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။တရားလို ဇင်မာဦးရောက်လာပေမယ့် အမှုတွဲဖိုင်က ခရိုင်ရုံးကို ရောက်နေတဲ့ အတွက် နောက်ထပ်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ ဇင်မာဦးက ပြောပြခဲ့ပါတယ်။

 

သီဟတင်စိုးကို အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင်နဲ့  ပွဲစားဒေါ်ညိုတို့ကို ဒီနေ့(စက်တင်ဘာ ၅ ရက်) မှာ သုဝဏ္ဏတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီနေ့ ရုံးချိန်းမှာ ပွဲစားဒေါ်ညိုနဲ့ ဒေါ်ခင်မာမြင့်ကို ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ တရားစွဲဆို ထားတဲ့ တရားလို ဇင်မာဦးဟာလည်း တရားရုံးကို ပထမဆုံးအကြိမ် တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။

ယနေ့ရုံးချိန်းမှာ ပွဲစားဒေါ်ညိုနဲ့ ဒေါ်ခင်မာမြင့်တို့ကို  ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ တရားစွဲထားတဲ့ တရားလို ဇင်မာဦးရောက်လာပေမယ့် အမှုတွဲဖိုင်က ခရိုင်ရုံးကို ရောက်နေတဲ့အတွက် နောက်ထပ်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ ဇင်မာဦးက ဆိုပါတယ်။

 

"အမကအခုမှစပြီး တရားရုံးမှာ စစ်တာလေ ပြန်ချိန်းလိုက်တယ်။ ခရိုင်ရုံးက စာမကျသေးလို့ (၁၉) ရက်နေ့မှ ပြန်ချိန်းလိုက်တယ်။ ဒီနေ့တော့ မစစ်သေးပါဘူး။ ဒေါ်ညိုက အာမခံေတောင်းထားတယ်လို့ကြားတယ်။ အဲ့ဒါမကျသေးလို့ အခုစစ်လို့မရသေးတာပါ။ ထွေထွေထူး ထူးတော့ မရှိပါဘူး။ ထိုက်သင့်တဲ့ အပစ်ဒဏ်တော့ ခံရမှာပေ့ါနော်။ လိမ်လည်ပြီးလုပ်ထားတယ်ဆိုတော့ အမှန်တိုင်းပဲ ဖြစ်စေချင်တယ်" ဆိုပြီး ဒီနေ့(စက်တင်ဘာ၅ရက်)တွင် ဇင်မာဦးက သုဝဏ္ဏတရားရုံးမှာ မီဒီယာတွေရဲ့ အမေးကို ပြန်လည်ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုကြောင့် အနုပညာပြန်လုပ်တော့မယ့် သီဟတင်စိုး 

ယနေ့ရုံးချိန်းတွင် အိမ်အကူ ဒေါ်ခင်မာမြင့်က တရားခွင်မှာ သီဟတင်စိုးက သူမကို အမှန်တကယ် အဓမ္မပြုကျင့်ခံခဲ့တာ ဖြစ်တယ်ဆိုပြီး တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။

“သီဟတင်စိုးနဲ့ မနေဘူးပြောရင် ပြန်လွှတ်ပေးမယ်ပြောလို့သာ သမီးက ပြောခဲ့တာပါ။ တကယ်တော့ သမီးကို အဓမ္မပြုကျင့်ခဲ့တာ အမှန်ပါ။ သမီးခံရတာ သမီးပဲသိပါတယ်။" လို့ စက်တင်ဘာလ ၅ ရက်နေ့ ရုံးချိန်းမှာ တရားသူကြီးကိုပြောခဲ့တာပါ။

သီဟတင်စိုးကို အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူမခင်မာမြင်နဲ့ ပွဲစားဒေါ်ညိုတို့ကို စက်တင်ဘာ ၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး မခင်မာမြင့်ကတရားခွင်အတွင်း ပြန်လည်ချေပေ မေးခွန်းမေးမြန်းရာမှာ အခုလို ပြောခဲ့တာပါ။

 

သီဟတင်စိုးဟာ အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကို သားမယားအဖြစ် ပြုကျင့်ကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ခံထားရတာ ဖြစ်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဒေါ်ဇင်မာဦး၏ အသက်(၇၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။

 

အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်း နှိမ်နင်း ရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့သလို ပြည်သူတွေဖြစ်ကြတဲ့ သီဟတင်စိုးရဲ့ ပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းက အမှုမှန်ပေါ်ပေါက်ဖို့အရေး ကူညီခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ လိမ်လည်တိုင်တန်းခဲ့သူ ဒေါ်ခင်မာမြင့်ကို ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က