ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်အောင်ကြိုးစားရတယ်။

ဇာတ်ပို့သရုပ်ဆောင် ရဲလေးမဟာ သူ့ရဲ့ဝင်ငွေနဲ့ မိသားစု (၈) ယောက်ကို လုပ်ကျွေးနေရသူ တစ်ဦးပါ။ ပင်စင်ယူထား တဲ့ ဖခင်ရယ်၊ လေဖြတ်နေတဲ့ အစ်ကိုရယ်၊ ဆင်းရဲတဲ့ အစ်မနဲ့ တက္ကသိုလ်တက်နေကြတဲ့ တူ၊ တူမလေးတွေရဲ့ ပညာရေး၊ စားဝတ်နေရေး ထောက်ပံ့မှုတွေကိုလည်း တက်နိုင်သလောက်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။


 

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ရဲလေးမဟာ သူ့ရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးကို လုပ်ကိုင်ကျွေး မွေးနေသူ တစ်ဦးပါ။ မိသားစု (၈) ယောက်ကို သူ့ရဲ့ ဝင်ငွေလေးနဲ့ ကြည့်ရှုနေရပေမယ့်လည်း ဒါတွေကို အပူကြီးတစ်ခုလို မသတ်မှတ်ဘူးလို့ ဆိုပါတယ်။

''အိမ်မှာက အစ်ကို ဦးဆောင်နေရတဲ့ အတွက်လည်း စားဝတ်နေရေးကအစ အကိုပဲ ကြည့်ရတယ်။ ဒီတစ်လ ဆိုရင် တစ်လ လုံး ရှုတင်မရှိဘူး အဲ့ဒီတော့ ပိုက်ဆံ မရှိတော့ တူမလေးတွေရဲ့ ကျောင်းစာရိတ်ကအစ ပြန်စဉ်းစားတယ်။ ဒါပေမယ့် ဒါကြီးကိုတော့ အပူကြီးတစ်ခုလို့ မသတ်မှတ်ဘူး။ ရအောင် ဖြေရှင်းပေးတယ်။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်အောင် ကြိုးစားတယ်'' လို့ သူကဆိုပါတယ်။



ိန်းမလျာ ဇာတ်ရုပ်ကို ရိုက်ရလို့ ဝမ်းသာမိတယ်ဆိုတဲ့ ရဲလေးမ

 

ပင်စင်ယူထားတဲ့ အဖေရယ်၊ လေဖြတ်နေတဲ့ အစ်ကိုရယ်၊ ဆင်းရဲတဲ့ အစ်မ နဲ့အတူ တက္ကသိုလ်တက်နေကြတဲ့ တူမလေးတွေ၊ ဆယ်တန်းတက် နေတဲ့ တူလေး အပြင် နောက်ထပ် အနုပညာအလုပ် ကြိုးစားနေတဲ့ ညီတွေလည်းရှိတယ်လို့ ရဲလေးမကဆိုပါတယ်။

'' အစ်ကို့ အိမ်မှာ အတူနေတဲ့အစ်မက ဆင်းရဲတယ် သူတို့ ကလေးတွေအပေါ်မှာ အများကြီး မထောက်ပံ့နိုင်ဘူး၊ အစ်ကိုကလည်း ချမ်းသာတာ တော့ မဟုတ်ဘူး ဇာတ်ကားတစ်ကားရိုက်ပြီး တစ်လ လောက်ဖြတ်သန်းရတာပါ။ ဒါပေမယ့် ဝင်ငွေအကောင်းဆုံးက အစ်ကိုဖြစ်နေတယ်။ အစ်ကိုက ဆယ်တန်းမအောင်ခဲ့ပေမယ့် တူမလေးတွေ တူလေးတွေရဲ့ ပညာရေးအတွက် မြေတောင်မြှောက်ပေးတယ်'' လို့ ဆိုပါတယ်။

 

မပြေလည်တဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းပေးနေရတဲ့ ရဲလေးမက သူတို့ရဲ့ ဘဝရပ်တည်မှုနဲ့ ပတ်သက်ပြီး စိတ်ညစ်ခြင်း၊ စိတ်ဆင်း ရဲ ခြင်းဆိုတာတွေကို မတွေးမိဘူးလို့ ပြောပါတယ်။ မိသားစုကိုလည်း ကျွေးမွေးပြုစုသင့်လို့ ကျွေးမွေးတာလို့ ခံယူထားတယ်ဆိုတာကို ဇူလိုင်လ ၂၄ရက်နေ့ က ဒါရိုက်တာကျော်ဇောလင်းရဲ့ မွေးနေ့အလှူကို တက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' စိတ်ညစ်လားလို့မေးရင် စိတ်တော့ မညစ်တတ်ဘူး။ ဒါပေမယ့် ကျွေးသင့်ကျွေးထိုက်တာကို ကျွေးရတယ်။ ဒါကလည်း ကိုယ့်အဖေအမေတွေ က ကိုယ့်အတွက် ရှာကျွေးခဲ့လို့ ကိုယ်က ပြန်လုပ်ကျွေးခွင့်ရတယ်။ ဒါကိုလည်း အလှူတစ်ခုပဲလို့ ကျွန်တော်ထင်တယ်။ ဒါကြီးကို စိတ်ထိုင်ညစ် နေမယ့်အထဲမှာတော့ အစ်ကိုမပါဘူး'' လို့ သူကပြောပါတယ်။

 

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ တာလည်း ဖြစ်ပါတယ်။


 

Share

Loading Next Article...
က္က