ချစ်စရာကောင်းတဲ့ Tik Tok လေးတွေရဲ့ ပိုင်ရှင် သွန်းဆက်က Tik Tok ဆော့နေရရင် စိတ်ချမ်းသာတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးရေးတွေ များနေတယ်လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: သွန်းဆက်
သွန်းဆက်ဟာ မကြာခဏဆိုသလို Tik Tok ဆော့တဲ့ ဗီဒီယိုလေးတွေကို ပရိသတ်နဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်။ စိတ်ညစ်စရာတွေများခဲ့လို့ Tik Tok ဆော့ဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။
‘’ Tik Tok ကလေ တကယ်တော့ သွန်းဆက် စိတ်ညစ်စရာတွေရှိရင် အပန်းဖြေပုံစံမျိုးပဲ။ အဲဒီအတွက် ဆော့ဖြစ်တာပေါ့နော်။ ဒီနှစ်ထဲမှာတော့ စိတ်ချမ်းသာစရာတွေများတယ်၊ အလုပ်တွေများလာတဲ့အတွက် Tik Tok ကို အချိန်မပေးရသေးဘူး’’ လို့ သူကဆိုပါတယ်။
Photo: Htet Zaw Aung
သွန်းဆက်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို အားပေးတဲ့ ပရိသတ်တွေက အရမ်းကိုများခဲ့ပါတယ်။ မကြာခဏဆိုသလို သူ့ရဲ့ Tik Tok ဗီဒီယိုလေးတွေကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။
‘’ Tik Tok မှာ ပျော်ရင် ပျော်သလို ၊ သီချင်းလေးတွေကြိုက်ရင် ဆော့မှာပါ။ Tik Tok မှာ ဆိုကြည့်တဲ့ သူတွေ အရမ်းများတယ်။ လက်ရှိမှာ သွန်းဆက်က ဇာတ်လမ်းတွဲ တစ်ခု ရိုက်နေတာပေါ့နော်’’ လို့ ‘’သရဲသင်္ဘော’’ ရုပ်ရှင်ဇာတ်ကားကြီးအထူးပြပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: သွန်းဆက်
သွန်းဆက်ဟာ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ခဏရပ်နားထားခဲ့တာပါ။ အဲဒါကြောင့် ၂၀၁၈ ခုနှစ် တစ်နှစ်လုံးမှာ ဇာတ်ကားရိုက်ကူးရေးတွေ နားထားခဲ့တယ်လို့ သူကပြောပါတယ်။ ၂၀၁၉ ခုနှစ်ကစပြီး အနုပညာအလုပ်တွေ ပြန်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။
Photo: သွန်းဆက်
သွန်းဆက်ကိုတော့ ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက်ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင်ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက် ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။