ဝိုင်းစုခိုင်သိန်းက အောင်လ နဲ့ တွေ့မှပဲ တကယ်ချစ်မိတဲ့ အချစ်စစ်ကို အခုမှ သိတယ်လို့ ဆိုပါတယ်။ ချစ်သူသက်တမ်း ၁ နှစ် ကျော် ကြာလာ ခဲ့ပြီဖြစ်တဲ့ သူတို့ နှစ်ဦးရဲ့ အတွေ့အကြုံတွေကို အခုလိုပြောပြလာပါတယ်။
Photo: ဝိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်
အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော် အောင်လ တို့ စုံတွဲလေးကတော့ ပရိသတ်အားကျရတဲ့ အနုပညာရှင် စုံတွဲတွေထဲက တစ်တွဲ အပါအဝင် ဖြစ်ပါတယ်။ ဝိုင်းစုကိုယ်တိုင်ကလည်း လူတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်ဖို့ ဆိုတာ အခုမှ သိလာတာ ဆိုပြီးတော့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
'' ဝိုင်းစုက လူတစ်ယောက်ကို တကယ်ချစ်တဲ့ အချစ်ကို အခုမှ သိတာပေါ့နော်။ ပေးဆပ်တဲ့ အချစ်လို့ ထင်တာပဲ။ ဝိုင်းစုနဲ့ ပတ်သက်ပြီးတော့ လည်း တော်တော်များများပြောင်းလဲပေးတယ်။ သူနဲ့ ဝိုင်းစုနဲ့ ကံကောင်းတာက သူသိတာ ဝိုင်းစု မသိဘူး။ သူမသိတာတွေ ဝိုင်းစု သိတော့ လိုအပ်တာတွေ ထောက်ပြလို့ရတယ်'' လို့ သူကဆိုပါတယ်။
အကြိုက်ချင်းရော ဝါသနာချင်းပါတူတဲ့ အောင်လနဲ့ ဝိုင်းစု
Photo: ဝိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်
ကိုယ်နေချင်သလို နေတတ်တဲ့ အောင်လကိုတော့ ကြည့်ကောင်းတဲ့ ယောကျ်ားတစ်ယောက်ဖြစ်အောင် ပြုပြင်ခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ အတွေ့အကြုံတွေကို စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ EMPORIO&ARMANI ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။
'' တစ်ချိန်လုံး ခေါင်းတွေကို လိမ်းပေးတာပေါ့။ ပထမကတော့ စိတ်ဆိုးတာပေါ့ နောက်ပိုင်းကျတော့ ကိုယ်လည်း လုပ်လွန်းအားကြီးတော့ သူလည်း မပြောနိုင်တော့ဘူး။ အဓိက ယောကျ်ားလေးက Handsome ဖြစ်ဖို့ပေါ့နော်၊ မိန်းမတစ်ယောက်လို ချောနေရမှာ မဟုတ်ဘူး၊ ကြည့်လိုက်ရင် မျက်နှာပွင့်နေရမယ်ပေါ့။ သူကအရမ်းပစ်စလက်ခက် နေတယ်'' လို့ ဆိုပါတယ်။
Photo: ဝိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်
အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဟာ လျှောက်လှမ်းတဲ့ ဂီတလမ်းကြောင်းလည်း မတူညီသလို ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ခြင်းကလည်း မတူ ပါဘူး။ ဒီ့အတွက်ကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်သူ စဖြစ်တဲ့အချိန်မှာ စကားပြောရ ဆိုရတာ တော်တော် ခက်တယ် လို့ ဆက်လက် ပြောပြလာပါတယ်။
'' လက်ခံတာရယ်မဟုတ်ဘူး။ သူက တော်တော်ကြီးကို ခက်ခဲတဲ့ လူထဲမှာပါတယ်။ ချော့လိုက်၊ ခြောက်လိုက်၊ ရှောင်ထွက်သွားလိုက်နဲ့ အဲ့ဒီလို လုပ်လာတာ နှစ်နဲ့ကြာနေပြီ။ ပြောရင်း ပြောရင်းနဲ့ သူက ဘယ်လိုပြောရင် ကြိုက်တယ်၊ ကိုယ့်ကိုယ်ကို နဲ့ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ကို ရော ဘယ်လိုပြောရင် ကြိုက်မလဲ။ အော်ပြောရင် ကြိုက်လား၊ ချော့ပြောရင်ကြိုက်လား၊ ဒါကို လက်ခံအောင် နည်းလမ်းတစ်ခုခု နဲ့ရွေးပြီး ပြော ရင် ကြိုက်လား၊ သူကြိုက်တဲ့ နည်းလမ်းနဲ့ ရွေးပြီးပြောရတယ်'' လို့ ဆိုပါတယ်။
Photo: ဝိုင်းစုခိုင်သိန်းဖေ့စ်ဘွတ်
အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ၂၀၁၇ခုနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။