မြတ်ပုဏ္ဏမီနိုင် ပေးတဲ့ မွေးနေ့လက်ဆောင်လေးပါတဲ့။

Bella က မွေးနေ့ချင်းလည်းတူ၊ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ မြတ်ပုဏ္ဏမီနိုင်ပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် မျက်ရည်ကျခဲ့ရတဲ့အထိ ဝမ်းသာမိတယ်လို့ဆိုပါတယ်။

Photo: Bella Fb

Bella က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းမလေး မြတ်ပုဏ္ဏမီနိုင်နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က မွေးနေ့ ထပ်တူကျခဲ့ပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီလ ၂၇ ရက်နေ့က သူငယ်ချင်းလေးပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် မျက်ရည်ကျတဲ့အထိအောင်Bella တစ်ယောက် ဝမ်းသာခဲ့ရပါတယ်တဲ့။

‘’အမြဲတွေ့နေလို့ရင်းနှီးနေတာထက် အလကားနေရင်းစိတ်ချင်းတွေဆက်ပြီး သူငယ်ချင်းဆိုတာထက် မိသားစုဝင်တွေလိုပါဖြစ်သွားကြတယ်။ Bella handwriting letters လေးတွေ Handmade လေးတွေကြိုက်တာသူသိတယ်။ လာကတည်းက ဈေးကြီးတာတွေပဲလက်ဆောင်တွေပေးပြီး ပြန်တော့မှ အဲဒီလက်ဆောင်တွေထက်တန်ဖိုးပိုရှိတဲ့ ဒီစာအုပ်လေးပေးပြီးမ ရမက မျက်ရည်ရအောင်ချူ သွားသေးတာနော်။ ပျော်တယ်ဆိုတာထက်နက်ရှိုင်းတယ်။ ချစ်တယ်ဆိုတာထက်ပိုတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာတွေ့ရပါတယ်။

Photo: Bella Fb

Bella နဲ့ မြတ်ပုဏ္ဏမီနိုင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်ဟာ မွေးနေ့ချင်းလည်း တူသလို အချစ်ဆုံးသူငယ်ချင်းလည်း ဖြစ်ကြတယ်ဆိုတာကို မီဒီယာအင်တာဗျူးတွေတိုင်းမှာ ဖြေဆိုလေ့ရှိမှာတယ်။

‘’သူများတွေက တစ်ရက်ထဲ တစ်မိဘ ထဲကမွေးလာလို့အမြွှာလို့ပြောကြတယ်။ Bella တို့က မိဘမတူပဲ တစ်ရက်ထဲ အတူမွေးလာကြတယ်။ ဘဝကြီးက တွေ့ရမယ့်အကြောင်းပါလာတော့ လွန်ခဲ့တဲ့ ၃ နှစ်က စတွေ့ကြတယ်။ အမြဲတမ်းသွားလာ စကားတွေနေ့တိုင်းပြော ခဏခဏမတွေ့ကြရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်’’ လို့ သူကဆိုပါတယ်။

Photo: Bella Fb

Bella ဟာ Miss Myanmar World 2016 နိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲပြီးသွားတဲ့နောက်မှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းဓာတ်ပုံတွေ လည်းရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်း ဖြစ်ပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင်တော့သရုပ်ဆောင်ဘက်ကိုလည်း အခွင့်အရေးပေးခဲ့မယ်ဆိုရင် ကြိုးစားချင်သေးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Bella Fb

မြတ်ပုဏ္ဏမီနိုင်ကိုတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်သာမက မဂ္ဂဇင်းကာဗာ၊ တီဗီကြော်ငြာတွေ၊ အလှဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမကတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ခင်ပွန်းဖြစ်သူ ဝင်းမြတ်နိုင်နဲ့ မင်္ဂလာပွဲဆင်နွှဲခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

Share

Loading Next Article...
က္က