ဒီစာကို အမေ့ကို မဖတ်စေချင်ဘူးတဲ့။

ခိုင်နှင်းဝေက သူခံစားနေရတဲ့ ခံစားချက်တချို့ကို ရင်ဖွင့်ထားတာတွေ့ရပါတယ်။ အဲ့ဒီခံစားချက်က သူ့ရဲ့ ဘဝမှာ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တာလို့ ဆိုပါတယ်။ သူရင်ဖွင့်ထားတဲ့ စာကိုတော့ သူမရဲ့ မိခင်ကို မဖတ်စေချင်ဘူးတဲ့။

Photo : ခိုင်နှင်းဝေ



ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေက သူမွေးဖွားလာကတည်းက ယနေ့အထိ ဖခင်မေတ္တာကို မရခဲ့ဖူးဘူးလို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သူ့အနေနဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တယ်ဆိုပြီး ပြောထားတာပါ။

ကျွန်မဘဝမှာ မွေးဖွားလာစဉ်ကနေ ယနေ့ထိ အဖေရဲ့မေတ္တာကို မရရှိခဲ့ဖူး ဝန်ခံရရင် ကျွန်မ ဖခင်တယောက်ရဲ့ မေတ္တာကို သိပ်လိုချင်ခဲ့တယ်လေ ကျွန်မမှာ အမေပဲရှိတယ် ကျွန်မနားမှာ ကျွန်မရှေ့မှာ အမေပဲရှိတယ် ကျမအဒေါ်တွေ ဦးလေးတွေရှိတယ်။ ကျွန်မ အဖေမေတ္တာလိုချင်ကြောင်းဖွင့်ဟမိရင် အမေ စိတ်မကောင်းမှာစိုးလို့ တယောက်ထဲ ကြိတ်ခံစားခဲ့ရတဲ့ ဝေဒနာကို ကျွန်မလို Broken Family က လူတွေ နားလည်ကြမှာပါ “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ခိုင်နှင်းဝေ

ဆက်လက်ပြီးတော့လည်း သူမရဲ့ဘဝမှာ အခက်အခဲကြုံလာတိုင်း တံတိုင်းကြီးလို မားမားမတ်မတ် ရပ်တည်ပေးမယ့် အဖေကို လိုချင်ခဲ့မိတယ်လို့ ဆိုပါတယ်။

“ကျွန်မလေ .ကျွန်မရှေ့မှာ ကြုံလာတဲ့အခက်ခဲတိုင်းကို တံတိုင်းကြီးလို မားမားမတ်မတ် ရပ်တည်ပြီး ငါ့သမီးလေးကို မထိနဲ့ဆိုပြီး ကာကွယ်ပေးမယ့် အဖေ လိုချင်တာပေါ့ ကျွန်မကို တခြားလူတွေနဲ့ ဆက်ဆံတဲ့ အခါ အယုံမလွယ်ဖို့ ကျွန်မအပေါ် အနိုင်ကျင့်စော်ကားတာမျိုး မဖြစ်စေရအောင် ဖခင်မေတ္တာနဲ့ ဆုံးမပေးမယ့် အဖေမျိုး လိုချင်တာပေါ့ ကျွန်မနားကိုရောက်လာမယ့် အန္တရယ်တွေကို ငါ့သမီးထိ ဓားကြည့်ဆိုပြီး အသင့်ရှိနေတတ်တဲ့အဖေမျိုး လိုချင်တာပေါ့” လို့ ဆိုပါတယ်။

Photo : ခိုင်နှင်းဝေ

တစ်ခါတလေ သူ့ကို လူတွေအနိုင်ကျင့်ရင် ၊ တန်ဖိုးမထားကြရင်၊ သူ့မှာ အဖေမရှိလို့များ ဒီလို လုပ်တာလားဆိုပြီး ဆက်မေးထားပါသေးတယ်။

သူမအနေနဲ့လည်း မိန်းမသားတစ်ဦးဖြစ်တာကြောင့် သူမရဲ့ ရှေ့မှာ ကာကွယ်ပေးမယ့်လူ ၊ မားမားမတ်မတ်ရပ်တည်ပေးမယ့် လူမျိုး လိုချင်လာမိတယ်လို့ ခိုင်နှင်းဝေက ဆက်ပြောထားပါသေးတယ်။

“ကျွန်မဘဝကို အားငယ်ခြင်းတွေ သိမ်ငယ်ခြင်းတွေ စိတ်ဓာတ်ကျခြင်းတွေ ဆိုတာ မရှိအောင် ကျွန်မ နေခဲ့ပေမယ့် အမေနဲ့ဆွေမျိုးတွေမသိအောင်အမြဲတိတ်တိတ်လေးအားငယ်မိတယ် ကျွန်မ လူတွေကိုယုံကြည်တယ် မေတ္တာလေးနည်းနည်းပေးရင် သူတို့ ဘာပြောပြော လုပ်တယ်ဆိုတာ ကျွန်မ မေတ္တာငတ်ခဲ့လို့ပါ ကျွန်မ သိပ်အဖော်မင်လို့ပါ ကျွန်မ မိသားစုက မရတဲ့ မေတ္တာတွေ အချစ်တွေ တောင့်တမိလို့ပါ ကျွန်မ မျက်နှာ မာတယ်ဆိုတာ ကျွန်မရဲ့ အားငယ်မှုတွေကို Cover လုပ်ထားတာပါ .ကျွန်မဘဝထဲကို မေတ္တာစစ်မပေးနိုင်ပဲ ထပ်မဝင်လာကြပါနဲ့တော့ လုပ်ချင်သလိုလုပ် ပြောချင်သလိုပြော ဪ ငါပြောလိုက်ရင်ပြီးတာပဲ သူက ကလေးလိုပဲ ငါပြီးရင်ပြီးတယ် ငါ့ကိုယုံတယ် ငါ့ကိုသူလိုအပ်တာပဲ ဆိုတဲ့အချိုးတွေ ကျွန်မ ကြောက်နေပါပြီ အစစ်အမှန်မဟုတ်တဲ့ မေတ္တာစေတနာတွေကို ကျွန်မ အမှန်တကယ် မေတ္တာငတ်မွတ်သူမို့ ထပ်လာမပေးကြပါနဲ့တော့” လို့ ဆိုပါတယ်။

Photo : ခိုင်နှင်းဝေ

ဘဝဆက်တိုင်းဆက်တိုင်းလည်း မိသားစုမေတ္တာ ငတ်မွတ်မှုကို မခံစားရပါစေနဲ့လို အမြဲဆုတောင်းတယ်ဆိုပြီး ပြောထားပါသေးတယ်။

“သားသမီးတွေကို ဂရုစိုက်တဲ့အဖေတွေ တွေ့ရင် ကျွန်မ ငေးပြီး အားကျနေရသူမို့ အဖေမေတ္တာရကြတဲ့ အဖေရှိနေသေးတဲ့ လူသားတိုင်း အဖေမေတ္တာ အမေ မေတ္တာကို ရနေတုန်း တန်ဖိုးထားတတ်ကြဖို့ ကျွန်မ မေတ္တာရပ်ခံ ပါတယ်ရှင် “ ဆိုပြီး သူ့ရဲ့ ခံစားချက်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်ထားပါတယ်။ သူ့ရဲ့ ခံစားချက်ကို ဖတ်ပြီး ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။

ခိုင်နှင်းဝေ( Khine Hnin Wai )ဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က