အားကိုးပါ လို့ နာမည်ပေးထားပါတယ်တဲ့။

ဇွဲပြည့်ကတော့ တတိယမြောက်တစ်ကိုယ်တော်အခွေကို မကြာခင် ပရိသတ်တွေ အရှေ့ အရောက်ပို့ဆောင်နိုင်ဖို့ ကြိုးစား ပြင်ဆင်နေတယ် လို့ သိရပါတယ်။ ထူးခြားတဲ့ ဂီတအမျိုးအစားတွေ ပါဝင်တာကြောင့်လည်း အရင်အခွေတွေထက် ပိုပြီးတော့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Photo: Zwe Pyae Facebook

 

အဆိုတော် ဇွဲပြည့်က သူ့ရဲ့ တတိယမြောက် တစ်ကိုယ်တော်အခွေ ကို သိပ်မကြာခင် ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အခွေ နာမည်ကိုတော့ '' အားကိုးပါ'' လို့ နာမည်ပေးထားပါတယ်။ ဒီအခွေ ထဲမှာတော့ အရင်ကနဲ့ မတူတဲ့ ဂီတအမျိုးအစားတွေကိုလည်း အများကြီး ထည့်ထားတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အစ်ကို့ ရဲ့ ၃ ခွေမြောက် Album လေး ကြိုးစားနေတယ်၊ တီးတာတွေတော့ ပြီးပြီ အဆိုလေး နည်းနည်းကျန်တာကိုလုပ်တယ်။ ဒီအခွေ ထဲမှာ ကိုယ်ပိုင်သီချင်းတွေ ပါတာ များတယ်။ အခွေ နာမည်လေးကိုတော့ လတ်တလောမှာ ' အားကိုးပါ' လို့တော့ နာမည်ပေးထားတယ်။ ဒီတစ်ခါ တော့ အလွမ်းအဆွေးတွေထဲက ကွဲထွက်ပြီးတော့ အမြူးလေးတွေ ဘက် သွားမယ်'' လို့ ဆိုပါတယ်။

 

အားကိုးပါ တစ်ကိုယ်တော် အခွေထဲမှာလည်း ဇွဲပြည့်ရဲ့ ပရိသတ်တွေက ဇွဲပြည့်ကို ချစ်စနိုးနဲ့ နာမည်ပေးထားတဲ့ Nickiname လေးကိုလည်း သီချင်းတစ်ပုဒ်အဖြစ် အပျော်သဘောလေး ရေးဖွဲ့ သီဆိုထားတယ် ဆိုတာကို  သြဂုတ်လ ၂၂ ရက် နေ့ညက ဖိုးပြည့်ရဲ့ မင်းသားကြီး အခွေ မိတ်ဆက်ပွဲမှာ Duwun Media ကို သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ထူးထူးခြားခြား ပုံစံလေးတွေကိုတော့ ကျွန်တော့်ရဲ့ တတိယအခွေသစ်ထဲမှာ ပရိသတ်တွေ မြင်ရမှာပါ။ ကျွန်တော့်ကို ချစ်ကြတဲ့ ဘော်ဒါတွေ က အမြတ်တနိုး နာမည်လေးတစ်ခုပေးထားတယ် ' ဖိုးပြုံးချို' ဆိုပြီးတော့ အဲ့ဒီ ဟာလေးကိုလည်း မေလသံစဉ်က ရေးပေးထားတာပါ။ သီချင်း ကိုလည်း အွန်လိုင်းမှာ တင်ထားတယ်။ ပရိသတ်တွေလည်း တော်တော် ကြိုက်ကြပါတယ်'' လို့ ပြောပါတယ်။

အဆိုပိုင်းကို အဓိကထားလုပ်မယ့် ဇွဲပြည့် 

ဇွဲပြည့်ဟာ ၂၀၁၆ ခုနှစ်က အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာ ခိုလှုံရာ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု များစွာ ရရှိခဲ့ပါတယ်။ ဒီလိုပဲ တတိယမြောက် တစ်ကိုယ်တော်အခွေအတွက်လည်း မျှော်လင့်ချက်တွေ အများကြီးထားတယ်လို့ လည်း ဆက်လက် ပြောပြလာပါတယ်။

'' ဒီတစ်ခေါက် အခွေကို မျှော်လင့်ချက်တွေ တော့ ထား ထားတယ်။ ဘော်ဒါတွေ ကြိုက်မယ့် ပုံစံလေးတွေ များတယ်၊ လူငယ်တွေ အကြိုက် ပို များတယ်ပေါ့။ ထွက်ပြီးခဲ့တဲ့ အရှေ့ ၂ ခွေကလည်း နည်းနည်း အသက်ကြီးတဲ့ ခံစားချက်မျိုး ဆိုတော့ ကိုယ့်ပုံစံလေးနဲ့ လိုက်ဖက် မယ့် သီချင်း ပုံစံကိုတော့ ဒီအခွေမှာ ပိုပြီးတော့ လုပ်ဖြစ်တယ်'' လို့ သူကဆိုပါတယ်။

Photo: Zwe Pyae Facebook

 

ဇွဲပြည့်ဟာ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ လို့ အမည်ပေးထားတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေမှာတင် ပရိသတ် အားပေးမှု အများကြီးရခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ကိုယ်တော်တေးစီးရီးတွေလည်း ထွက်ရှိထားပါသေးတယ်။ အဲ့ဒီနောက် သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးထားတာ အများကြီးရှိပါတယ်။

Share

Loading Next Article...
က္က