စိုင်းစိုင်းက အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်သူ့ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ရင်တွေ ခုန်နေပြီလို့ ဆိုပါတယ်။ အရင်တုန်းက ဖျော်ဖြေပွဲတွေလို မဟုတ်ပဲ ထူးခြားမယ်ဆိုတဲ့ အကြောင်းအရာတွေကိုလည်း သူကိုယ်တိုင် ပြောပြခဲ့ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာရောက်အားပေးကြမယ့် ပရိသတ် တွေအတွက် စိုင်းစိုင်းတစ်ယောက် အမှာတော်ပါး လိုက်ပါပြီ။ ဒီပွဲကတော့ အရင်တုန်းက လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေနဲ့ မတူတဲ့ထူးခြားမှုတွေရှိတဲ့အကြောင်းကိုလည်း စိုင်းစိုင်းကိုယ်တိုင် ပြောပြခဲ့ပါတယ်။
'' Sai Sai Show ကြည့်မယ့်သူများခင်ဗျား။ ကျနော့်ပွဲတွေထုံးစံအတိုင်း အတူ သီချင်းလိုက်ဆိုကြမယ်။ အတူတူမတ်တပ်ရပ်တဲ့အခါ ရပ်ကြမယ်။
အတူတူ အော်တဲ့အခါအော်ကြမယ် (ဒီတစ်ပွဲတော့ ထခုန်စရာမလိုပါ - ဒေါက်ဖိနပ်စီးလာလို့ရမယ့် တစ်ခုတည်းသောစိုင်းစိုင်းပွဲဖြစ်ပါတယ် )
အတူတူလက်တွေမြှောက်မယ် ကျနော်တွေးပြီးရင်ခုန်ပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် မှာ ရေးသားခဲ့ပါတယ်။
မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ ရှိုးပွဲကို အောက်တိုဘာလ အတွင်းမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။သူ့ရဲ့ရှိုးပွဲကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကို နောက်ထက် ၁ လပဲ လိုတော့တာဖြစ်လို့ သူ့ရဲ့ ပရိသတ်တွေ သိအောင် စိုင်းစိုင်း ကိုယ်တိုင်ကြေညာခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် ပေ့ချ်ကနေရော၊ ဖေ့စ် ဘွတ် အကောင့်က နေပါ ကြေညာခဲ့တာဖြစ်ပါတယ်။
စိုင်းစိုင်းရဲ့ တစ်ကိုယ်တော် ရှိုးပွဲအတွက် လက်မှတ်တွေကိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး Junction City မှာ ရောင်းချ သွားမယ် လို့လည်း စိုင်းစိုင်းက ကြေညာခဲ့ပါတယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Sai Sai is Sai Sai အခွေအသစ်ကိုတော့ ၂၀၁၈ ခုနှစ် မတ်လအတွင်းက ထွက်ရှိခဲ့ တာဖြစ်ပါတယ်။ ဒီအခွေကလည်း အရင်အခွေတွေထက် အောင်မြင်မှုတွေအများကြီး ပိုင်ဆိုင်ခဲ့ပါတယ်။