ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။

ပရိသတ်အချစ်တော် အိစိကွေးက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အသက် (၁၈) နှစ်ပြည့်ပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ‘’တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတာဖြစ်ပါတယ်။

Photo: Eisi kway Fb (အိစိကွေး ရဲ့ မိခင်ဖြစ်ပါတယ်)



သရုပ်ဆောင်အိစိကွေးက ဇန်နဝါရီလ ၂၁ ရက်နေ့မှာ အသက် (၁၈)နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ မတိုင်ခင် ဇန်နဝါရီလ ၂၀ ရက်နေ့က ‘’တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကွင်းပေါ်မှာ မွေးနေ့ ပွဲလေး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

‘’ မွေးနေ့က ၂၁ မှပါ။ ကြိုလုပ်တာ’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီး တင်ခဲ့တာဖြစ်ပါတယ်။ ဒီမွေးနေ့ ပွဲလေးမှာတော့ သရုပ်ဆောင် ခိုင်နှင်းဝေ၊ သရုပ်ဆောင် စိုးမိုးကြည်၊ သရုပ်ဆောင် ပိုးအိအိခန့် နဲ့ အတူ ရိုက်ကွင်းပေါ်မှာရှိတဲ့ အဖွဲ့သားတွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။


Photo: Ei Si Kway ( မိခင်ဆီက အနမ်းလက်ဆောင် ရလိုက်တဲ့ အိစိကွေး)


ကလေးသရုပ်ဆောင်အရွယ်ကတည်းကနေ အနုပညာအလုပ်တွေ လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

Photo: Eisi Kway

 အိစိကွေးဟာ အနုပညာအလုပ်တွေ လုပ်နေတဲ့ကြားက ပရဟိတလုပ်ဖို့လည်း လက်မနှေးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။သူ ဒီလိုအလှူအတန်းတွေ လုပ်ဖြစ်တာကလည်း မိခင်ရဲ့ သင်ပြ၊ ပြောပြမှုတွေကြောင့်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

"အလှူအတန်းဆိုတာက ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အရာပေါ့။ အမေက ငယ်ငယ်လေးကတည်းက ဘုန်းဘုန်းတွေ တွေ့ရင်ပဲ ဖြစ်ဖြစ်၊ အမေအိုကြီးတွေ တွေ့ရင်ပဲ ဖြစ်ဖြစ် အမြဲတမ်းလှူခိုင်းတာလေ။ အဲ့ဒီကနေမှ တဆင့် အကျင့်ဖြစ်သွားပြီးတော့ အခုဆို တွေးလိုက်ရင် မလှူရရင် မနေနိုင်ဘူး ကျော်သွားလို့လည်း မဖြစ်နိုင်ဘူးဆိုတော့ လှူဖြစ်နေတာပါ'' လို့ အိစိကွေးက ပြောပါတယ်။

Photo: Eisi Kway

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ငယ်စဉ်ကတည်း အရမ်းချစ်ရတဲ့ အနုပညာအလုပ်ကို လုပ်ခွင့်ရသလို ငယ်ငယ်တည်းက အိမ်မက်မက်ခဲ့ရတဲ့ အဓိက သရုပ်ဆောင်ဖြစ်လာရတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်လို့ ပြောပြခဲ့ဖူးပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က