ချင်းပြည်နယ်ကို ရောက်ရှိနေပါတယ်။

ဘုဏ်းသိုက်တစ်ယောက် ချင်းပြည်နယ်ကို ရိုက်ကူးရေးအတွက် ရောက်ရှိနေတာဖြစ်ပြီး ကန်ပက်လက် မြို့မှာရဲ့ ရင်သွေးများ ခိုလှုံရာ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာလည်း အလှူအတန်းတွေ လုပ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အနုပညာအလုပ် တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

Photo: Hpone Thike Facebook

 

သရုပ်ဆောင်၊ ဒါရိုက်တာ ဘုဏ်းသိုက်ဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာရှိတဲ့ ရင်သွေးများခိုလှုံရာလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ ရှိတဲ့ ကလေးငယ်တွေ အတွက်  သြဂုတ်လ ၃ ရက်နေ့က အာဟာရဒါန လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူ့အနေ နဲ့ ချင်းပြည်နယ်ကို ရိုက်ကူး ရေးအတွက် ရောက်ရှိနေတာလို့ သိရပါတယ်။

'' ချင်းပြည်သွားတယ်။ ရိုက်ကူးရေး မလုပ်ခင် ကလေးတွေရဲ့ ဂေဟာမှာ နေ့လည် စာကျွေးတယ်။ ကိုယ်လည်း ဝင်စားတယ်။ ရိန်းဂျား ဆိုတဲ့ ခွေးပုလေးနဲ့ ခင်တယ်။ ပျော်စရာ ဆိုတာ ရှိပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် မှာရေးသားခဲ့တာဖြစ်ပါတယ်။

တစ်ယောက်တည်းနေရတာလည်း အဆင်ပြေပါတယ်ဆိုတဲ့ ဘုဏ်းသိုက် 

Photo: Hpone Thike Facebook

 

သရုပ်ဆောင်၊ ဒါရိုက်တာ ဘုဏ်းသိုက်ဟာ လက်ရှိမှာတော့ မိသားစုနဲ့ မဟုတ်ပဲ သူတစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ဒီ အတွက် သူဝါသနာပါတဲ့ အနုပညာအလုပ်တွေအတွက် အချိန်ပိုပေးနိုင်တာကြောင့် ပရိသတ်တွေအတွက်လည်း အကောင်းဆုံး ဖန်တီးမှုတွေ လုပ်နိုင်တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ဖူးပါတယ်။

Photo: Hpone Thike Facebook

 

ဘုဏ်းသိုက်က နယ် ရိုက်ကွင်းတွေ မထွက်ရတဲ့အခါ တစ်ပတ်မှာ ၅ ရက်လောက်တော့ သူ့ရဲ့သမီးလေး မြမိုးင်္ဂ္ဂါကို ကျောင်းပို့ ကျောင်းကြို ဝေရာဝစ္စတွေ လုပ်ပေးဖြစ်တယ်လို့ သူကဆိုပါတယ်။ မကြာခင်ထုတ်လွှင့်ပြသတော့မယ့် နေရယ်၊ လရယ်၊ အမှန်တရားရယ် Season 2 ရုပ်သံ ဇာတ်လမ်းတွဲမှာ ဥပဒေအကျိုးတော်ဆောင် နေမင်းထက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: Hpone Thike Facebook

 

ဘုဏ်းသိုက်ဟာ လက်ရှိမှာတော့ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပုံဖော်နေသလို၊ သရုပ်ဆောင်တစ်ယောက် အဖြစ်နဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ အိမ်ထောင်ရေးပျက်ပြားသွားပြီးတဲ့ အချိန်မှာတော့ အနုပညာအလုပ် တွေကို တစိုက်မတ်မတ်ဆောင်ရွက်ဖြစ်တယ်လု့ိ သိရပါတယ်။

Share

Loading Next Article...
က္က