နှစ်ယောက်သား စိတ်ကောက်နေကြတာလား မသိဘူး။

ရွှေမှုံရတီရဲ့ အချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ကာယကံရှင် တွေ ကိုယ်တိုင် ဝန်ခံထားပြီလည်း ဖြစ်တာကြောင့် သူအနေနဲ့ ဘာမှပြောစရာမလိုတော့ပါဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ ရွှေမှုံရတီနဲ့လည်း အဆက်အ သွယ်မရှိသေးဘူးပါဘူးတဲ့။



 

ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့ရဲ့ ဆက်ဆံရေးဟာ အသက်အရွယ်ကွာခြားပေမယ့် မောင်နှမ အရင်းတစ်ယောက်လို ချစ်ချစ်ခင်ခင် ရှိလှတဲ့ အနုပညာရှင်နှစ်ဦးဖြစ်ပါတယ်။ ဇေရဲထက်က ရွှေမှုံရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ ဘာမှပြောစရာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ကာယကံရှင် တွေ ကိုယ်တိုင် ဝန်ခံထားပြီလည်း ဖြစ်တာကြောင့် သူအနေနဲ့ ဘာမှပြောစရာမလိုတော့ပါဘူးတဲ့။ လက်ရှိမှာ ရွှေမှုံရတီနဲ့လည်း အဆက်အ သွယ်မရှိသေးဘူးလို့ သိရပါတယ်။

"သူတို့လည်း ဝန်ခံထားပြီးပြီဆိုတော့ ကိုယ်လည်း ပြောစရာမရှိတော့ဘူးပေ့ါ အဓိကက သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အေးအေးချမ်းချမ်းရှိပြီး နားလည်မှုရှိပါစေလို့ ဆုတောင်းရမှာပါ။ ရွှေမှုံက ကံကောင်းမှာပါ။ ကျွန်တော်စိတ်ကောက်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်ချင်တော့ ကျွန်တော်ဖုန်းနံပါတ်အသစ်လဲထားတယ်။ အဲ့နံပါတ်ကို ဘယ်သူမှလည်း မသိဘူးဆိုတော့အဆက်အသွယ်လည်း မရှိဘူးဖြစ် နေတာပေ့ါ။ရွှေမှုံက စိတ်ထားကောာင်းပါတယ်။ ပြီးတော့ သူရွေးချယ်တဲ့လမ်းက မမှားဘူးဆိုတာလည်း ကျွန်တော်ပြော ချင်ပါတယ်။ သူအရမ်း တော်ပါတယ်။ " ဆိုပြီး စက်တင်ဘာ(၉)ရက်နေ့က ပြုလုပ်တဲ့ "၁၂ပွဲဈေးသည်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဇေရဲထက်ဟာ "၁၂ပွဲဈေးသည်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။ ပေးလာတဲ့ ကာရိုက်တာ တိုင်းအပေါ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဇေရဲထက်က ၁၂ ပွဲဈေးသည် ဇာတ်ကားထဲမှာ ဇာတ်ရူး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာကလည်း သူ့အတွက် ပထမဆုံး သရုပ်ဆောင် ဖူးတဲ့ ကာရိုက်တာ ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။

'' ဒီဇာတ်ကားထဲမှာ ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဇာတ်ရူးသမားပေါ့။ ပြီးတော့လည်း ဟိုစပ်စပ်၊ ဒီစပ်စပ် နဲ့ အခြောက်လို ကောင် ပေါ့နော်။ ဒါ ပထမဆုံး ဇာတ်ရူးကာရိုက်တာကို ပထမဦးဆုံးလုပ်ဖူးတာပေါ့။ အဲ့ဒီမှာ ဇာတ်သဘင်ကို အရမ်းကြိုက်တဲ့ ကောင်လေးတစ်ယောက် နေရာကပေါ့'' ဆိုပြီးတော့ စက်တင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ၁၂ ပွဲဈေးသည် ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ဒီရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်နေတာကြောင့် ရဟန်းဝတ်ဖို့ စီစဉ်ထားတာကိုလည်း နောက်ရွှေ့လိုက်ရတယ်လို့ သိရပါတယ်။ ယခုရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအပါအဝင် နောက်ထပ် ဗီဒီယိုကာ ငါးကား ရိုက်ပြီးသွားရင် သင်္ကန်းစီးဖို့အတွက် ပြန်ပြီး အချိန်ပေးဖြစ်မယ် လို့ အင်တာဗျူးမှာ ဆက်လက်ဖြေဆိုပေးခဲ့တာ တွေ့ရပါတယ်။

ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ဇေရဲထက်က ၁၂ ပွဲဈေးသည် ဇာတ်ကားထဲမှာ ဇာတ်ရူး တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာကလည်း သူ့အတွက် ပထမဆုံး သရုပ်ဆောင် ဖူးတဲ့ ကာရိုက်တာ ဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။

 

ဇေရဲထက်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ စလုပ် ကတည်းက ပရိသတ်အားပေးမှုအရှိန်ကောင်းခဲ့တာပါ။ အဲ့ဒီနောက် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာရင်းနဲ့ ဝေဖန်တိုက် ခိုက်မှု၊ ချစ်ခင်အားပေးမှုတွေကြားကနေ အခုဆိုရင် အောင်မြင်တဲ့ အနေအထားတစ်ခုကို ပိုင်ဆိုင်နေတာပဲ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က