ပရိသတ်တွေနဲ့အတူ ကုသိုလ် ပြုခဲ့တာပါ။

သရုပ်ဆောင် ဟိန်းဝေယံဟာ ဇန်နဝါရီ (၂၇) ရက်နေ့က နှစ်ဦးအလှူတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူကိုယ်တိုင် ဦးဆောင်တဲ့ "ငွေကြယ်ပွင့်" ပရဟိတအဖွဲ့နဲ့အတူ အလှူပြုခဲ့တာပါ။



Photo : ဟိန်းဝေယံ FB

သရုပ်ဆောင် ဟိန်းဝေယံက ဇန်နဝါရီ (၂၇) ရက်နေ့က သူ့ရဲ့ ပရိသတ်တွေနဲ့အတူ နှစ်ဦးအလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူကိုယ်တိုင် ဦးဆောင်ထားတဲ့ ငွေကြယ်ပွင့်ပရဟိတအဖွဲ့နဲ့အတူ သန်လျင်မြို့မှာရှိတဲ့ သဘာဝတရားရိပ်သာကျောင်းမှာ အလှူဒါနပြုခဲ့တာ ဖြစ်ပါတယ်။ သူပြုလုပ်တဲ့ အလှူဒါနများကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ဝေမျှထားတာ တွေ့ရပါတယ်။

“ေငွကြယ်ပွင့် ဟိန်းဝေယံပရဟိတအဖွဲ့ နှစ်ဦးအလှူ...( ဗလအားမာန် ငါးတန် ) လူငယ်ဖွံ့ဖြိုးရေးကျောင်းနှင့် သန်လျင်မြို့ သဘာဝတရားရိပ်သာ တို့တွင် အလှူဒါန ပြုခဲ့ကြပါတယ်..အားလုံးလည်း ကျွန်တော်တို့နှင့်ထပ်တူ ကြည်နူး သာဓုခေါ်ဆိုနိုင်ရန် ရည်ရွယ်၍..” ဆိုပြီး ဇန်နဝါရီ(၂၇) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ဟိန်းဝေယံ FB

ိန်းဝေယံဟာ သဘာဝတရားရိပ်သာကျောင်းမှာ အလှူဒါနပြုခဲ့သလို အဲ့ဒီမှာရှိတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသေးတယ်။ ဟိန်းဝေယံက အချိန်ရရင် ရသလို အလှူအတန်းတွေ ပြုလုပ်တတ်သူပါ။ သူက လက်ရှိမှာ ဒါရိုက်တာ သားညီရိုက်ကူးတဲ့ “ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲကို သရုပ်ဆောင် အေးဝတ်ရည်သောင်း၊ သွန်းဆက်တိုု့နဲ့အတူရိုက်ကူးနေတယ်လို့ သိရပါတယ်။ 

Photo : ဟိန်းဝေယံ FB

မကြာခင်မှာလည်း သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဟိန်းဝေယံကိုယ်တိုင် ရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ကြိုးကြိုးစားစားရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

‘’ အဲ့ဒီလို ဇာတ်လမ်းမျိုး ကျွန်တော် တစ်ခါမှ မရိုက်ဖူးခဲ့ဘူး။ ဒီဇာတ်လမ်းက ကျွန်တော့်အတွက် ထူးထူးခြားခြားလေးတော့ ဖြစ်တယ်။ အနုပညာသက်တမ်း တစ်လျှောက်မှာလည်း မရိုက်ခဲ့ဖူးဘူး။ သူနဲ့ ကျွန်တော်နဲ့ လုပ်ရတဲ့ ကာရိုက်တာချင်းကလည်း မတူတော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်’’ လို့ Duwun Media သို့ ပြောပြဖူူးပါတယ်။

Photo : ဟိန်းဝေယံ FB

ထို ရုပ်ရှင်ဇာတ်ကားကြီးကို မာန်ထက်ချီ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာအဖြစ် ဟိန်းဝေယံက စီစဉ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ဟိန်းဝေယံ ဇေရဲထက် မေသန်းနု ရတနာဗိုလ်နဲ့ ဆုထက်ကုဋေတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က