ချောမှ၊ လှမှ မင်းသား၊ မင်းသမီးဖြစ်တာမဟုတ်ပါဘူး။

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မယ့် သရုပ်ဆောင်အသစ်တွေအတွက်  ဇာဏ်ခီက သူ့ရဲ့အကြံပြုစကားတွေ နဲ့ အတွေ့အကြုံတွေကို အခုလို မျှဝေခဲ့ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးသွားမယ်လို့ သိရပါတယ်။



Photo: Zenn Kyi Facebook

 

သရုပ်ဆောင် ဇဏ်ခီပါဝင်ရိုက်ကူးမယ့် နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးအတွက် Central Base Productions ရဲ့ Facebook Page ကနေ တစ်ဆင့် သရုပ်ဆောင်အသစ်တွေ ခေါ်နေပြီလို့ သိရပါတယ်။ ဒီဇာတ်ကား အတွက် ပါဝင် ယှဉ်ပြိုင်ကြမယ့် သရုပ်ဆောင်လေးတွေအတွက်ကိုလည်း ဇဏ်ခီက အကြံပြုစကားပြောလာပါတယ်။

'' လျှောက်ဖို့ပြင်ဆင်နေတဲ့သူတွေကိုတစ်ခုဝေမျှချင်တာက Casting ဆိုတာ သရုပ်ဆောင်ရွေးပွဲပါ။ သရုပ်ဆောင် ပြိုင်ပွဲမဟုတ်ပါဘူး။ တကယ် လို့ အရွေးမခံရရင် စိတ်ဓါတ်မကျပါနဲ့။ ရွေးတဲ့သူတွေက ဇာတ်လမ်းထဲက ကာရိုက်တာနဲ့ လိုက်မလိုက်ကိုအဓိကကြည့်ကြတာပါ။ ကိုယ်ညံ့လို့ ကိုယ့်ကိုမကြိုက်လို့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကြည်ကြည်လင်လင် နဲ့ လေးလေးစားစား ပြုမူပြောဆိုပါ ဒါပေမယ့် ကိုယ်ပိုင် ဟန်မပျောက်ပါစေနဲ့'' လို့ ဆိုပါတယ်။

Photo: Zenn Kyi Facebook

 

ဇဏ်ခီဟာ Now & Ever ရုပ်ရှင်ဇာတ်ကားကြီး အတွက် သရုပ်ဆောင်အသစ် ရွေးချယ် မှုမှာ ရွေးချယ်မယ့် အကဲဖြတ်ဒိုင် တစ်ဦးအဖြစ် ပါဝင် သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအတွက် အားပေးစကားကိုလည်း စက်တင်ဘာလ ၈ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက် နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

''ကိုယ်ပိုင်ဟန်ရှိတဲ့သူတွေကို Casting ရွေးတဲ့သူတွေက ပိုပြီးတော့စိတ်ဝင်စားတယ် သတိလဲထားမိတယ်။ အခုချက်ချင်းမဟုတ်တောင် နောက် နောင်project တွေမှာ ပါဖို့အခွင့်အရေးတွေရနိုင်တယ်။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ ကျနော်တို့ဆီမှာက လှမှ ချောမှ သရုပ်ဆောင် ဖြစ်နိုင်မယ်လို့ထင်နေကြတယ်။ အဲ့ဒီ့ အယူအဆကို  မြောင်းထဲ လွှင့်ပစ်လိုက်ပါ''လို့ သူကဆိုပါတယ်။

Photo: Zenn Kyi Facebook

 

Now & Ever ရုပ်ရှင်ဇာတ်ကားကြီးကို Central Base Productions က ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးမှာ ဖြစ်ပါ တယ်။ အဲ့ဒီနောက် သရုပ်ဆောင်အဖြစ် ဇဏ်ခီနဲ့ အတူ တခြား နာမည်ကျော်သရုပ်ဆောင်များ၊ ရွေးချယ်ခံရတဲ့ သရုပ်ဆောင် သစ်တွေကလည်း ပါဝင်ကြမှာဖြစ်ပါတယ်။

ဇဏ်ခီ့ကို တိုက်ခိုက်ခဲ့သူတွေအကြောင်း ပြောလာတဲ့ ခရစ္စတီးနားခီ 

Photo: Zenn Kyi Facebook

 

ဇဏ်ခီဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ် အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က