ဒါရိုက်တာ ခရစ္စတီးနားခီဟာ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်သစ် ရွေးချယ်မှုမှာ အကဲဖြတ်သူ တစ် ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သရုပ်ဆောင် တစ်ယောက်ရဲ့ စိတ်နေ စိတ်ထားအပေါ် အခုလို ပြောပြထားတာ တွေ့ရပါ တယ်။
Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
ဒါရိုက်တာခရစ္စတီးနားခီ ဟာ အောင်မြင်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပေမယ့် သရုပ်ဆောင် တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အနုပညာ အရည်အသွေးတွေ အပေါ် သူ့ရင်ထဲကအတိုင်း ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း Now & Ever ရုပ်ရှင်ဇာတ်ကားကြီး အတွက် Central Base Productions ရဲ့ Facebook Page ကနေ တစ်ဆင့် သရုပ်ဆောင်အသစ်တွေ ခေါ်နေတယ်လို့ ဆိုပါတယ်။
'' သရုပ်ဆောင်ခြင်းသည် သရုပ်ဆောင်နေခြင်းမဟုတ် ဘဝတခုပုံဖော်နေခြင်းသာဖြစ်သည်။ ဘဝတခုတွင် မည်သို့မည်ပုံ နေထိုင်ကြမည် တွေးထားပါသော်လည်း တကယ့်လက်တွေ့တွင် သူများဘဝတွေ နှင့် လိုက်ရောညီထွေစွာနေထိုင်ကြရ သည်။ သူနဲ့တွေ့လျှင်ဘယ်လို လေး ပြောလိုက်မည်။ ဘယ်လိုလေးနေလိုက်မည် ဟု တွေးထား၍မရနိုင်ပေ။ ထို့အပြင် တယောက်မျက်လုံးတယောက်ကြည့်မှသာလျှင် သူစိတ်နေ စိတ်ထားသူ့ခံစားချက် ကိုမြင်နိုင်ပြီး ကိုယ်ဘယ်လိုတုံ့ပြန်ရမည်ကိုလည်းသိမြင်နိုင်မည်'' ဆိုပြီးတော့ အောက်တိုဘာလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
Now & Ever ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ သရုပ်ဆောင် ဇဏ်ခီကလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီ ကလည်း ပါဝင်သရုပ်ဆောင်ချင်တဲ့ အနုပညာရှင်အသစ်လေးတွေ အနေနဲ့ သူ့ရဲ့ Parsonal message box ကနေ လာ ရောက်မမေးမြန်းကြဖို့ မေတ္တာရပ်ခံထားပါသေးတယ်။
ရုပ်ရှင်ကားကြီးရိုက်ဖို့ သရုပ်ဆောင်အသစ်ခေါ်နေတဲ့ ခရစ္စတီးနားခီ
Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
Now & Ever ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးတဲ့ အချိန်မှာလည်း အချိန်ပေးရမယ့် အပိုင်းတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဒီလို ဆောင်ရွက်ပေးနိုင်တဲ့ သူမှသာ အဆင်ပြေပြေနဲ့ ဇာတ်ကားတစ်ကားကို ပုံဖော်ရိုက်ကူးဖို့ အဆင်ပြေမယ် ဆိုတာကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
'' ဒီဇာတ်ကားကို ရိုက်ဖို့ အချိန် ၄လ၊ ၅လ၊ ၆လ လောက်တော့ ပေးရမယ်ထင်တယ်။ သရုပ်ဆောင်တွေကိုတော့ မရွေးရသေးပါဘူး။ အစ်မရိုက် ပြီးခဲ့တဲ့ ဇာတ်ကားတွေ တုန်းကဆိုရင် ပါတဲ့ သူတွေဆိုရင် အချိန် ၂ လခွဲ ၃ လလောက်ပေးရတယ်။ အသံပြန်သွင်းတာတို့ ဘာတို့ပေါ့။ ပြီးရင် သင်တန်းတွေလည်း တက်ရသေးတာဆိုတော့ လုပ်တဲ့ သူတွေကတော့ လုပ်မှာပဲ''လို့ ဆိုပါတယ်။
Photo: ခရစ္စတီးနားခီ ဖေ့စ်ဘွတ်
ခရစ္စတီးနားခီဟာ အခုဆိုရင် အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ ရပ်တည်လျှက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ဇဏ်ခီကလည်း အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြန် ပါတယ်။