သရုပ်ဆောင် ဆုပန်ထွာရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဒီနေ့မနက်ပိုင်းက အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။ဆုပန်ထွာရဲ့ အကောင့် ဟက်ခံလိုက်ရတဲ့အကြောင်းကို ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေကို အသိပေးထားပါတယ်။
သရုပ်ဆောင် ဆုပန်ထွာရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဒီနေ့မနက်ပိုင်းက အဟက်ခံလိုက်ရတယ်လို့ သိရပါတယ်။ဆုပန်ထွာရဲ့ အကောင့် ဟက်ခံလိုက်ရတဲ့အကြောင်းကို ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မိတ်ဆွေ၊သူငယ်ချင်းအပေါင်းအသင်းတွေကို ဒီနေ့(စက်တင်ဘာ၂၈) ရက်နေ့ ညနေပိုင်းလောက်ကအသိပေးခဲ့ပါတယ်။
Photo : ဥက္ကာကျော် FB
ဆုပန်ထွာရဲ့ အကောင့်သုံးပြီး အလှူငွေ ခံခြင်း ငွေချေးခြင်းမှာ ဖြစ်ပေါ်လာရင်လည်း လုံးဝလုံးဝတာဝန်မယူတဲ့အကြောင်းကို ပြောထားပါ သေးတယ်။
"ကျွန်တော့အမျိုးသမီး Supan Htwar ပန်ပန့်ရဲ့ Facebook Account ကိုဒီမနက် Hack လုပ်ခြင်းခံရပါသည်။ ပန်ပန့် Facebook Account အားသုံး၍ ငွေတောင်းခြင်း၊ Phone Bill ထည့်ခိုင်းခြင်း၊ ငွေချေးခြင်းနှင့် တခြားအရှုပ်အရှင်းများအတွက် လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ပါ။" ဆိုပြီး ကိုဥက္ကာကျော်ရဲ့ ေ့ဖစ်ဘွတ်မှာ ရေးသားထားတာပါ။
Photo : ဥက္ကာကျော် FB
မွေးခန်းထဲကပုံလေးတွေကြောင့် စိတ်လှုပ်ရှားခဲ့ရတဲ့ ဆုပန်ထွာ
အခုလက်ရှိမှာ အနုပညာရှင်တွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ၊ ဖေ့စ်ဘွတ်ပေ့ချ်တွေ တော်တော်များများအဟက်ခံနေရတာတွေ့ရပါတယ်။ အကောင့်ဟက်ပြီး ငွေတောင်းတာတွေ အလှူငွေခံသလိုပုံစံမျိုးတွေလည်း ရှိလို့နေပါတယ်။ ဆုပန်ထွာဟာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။
Photo : ဥက္ကာကျော် FB
သူ့အနေနဲ့ အိမ်ထောင်သည်တစ်ယောက်ဆိုပေမယ့် အိမ်ရှင်မ အလုပ်တွေကိုလည်း သီးသန့် လုပ်စရာ မလိုဘူးလို့ ဆက်လက်ပြောပြ လာပါတယ်။
'' အခုချိန်ထိလည်း မမက အိမ်ထောင်သည်တစ်ယောက်လိုမျိုး၊ သူ့ကိုလည်း ယောကျ်ားတစ်ယောက်လိုမျိုး ပြုစုရတာတို့ ထမင်း ခူးခပ်ကျွေးရ တာ တို့ ၊ ရေချိုးရင် သဘက်ကလေးနဲ့စောင့်ရတာမျိုးတို့ မမ အဲ့ဒီလို တစ်ခါမှ မလုပ်ပေးဖူးဘူး။ အပျိုလိုပဲ နေတာပဲ အမှန်တော့ မိန်းကလေး ဆိုတာ သူချစ်ကို ယူတာ အကောင်းဆုုံးပဲ'' လု့ိ သူကဆိုပါတယ်။
ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။