ဆန္ဒတစ်ခု ပြည့်ဝခဲ့ပြီတဲ့။

မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ဟာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီ သို့ ဆေးဖိုး သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေး အခြေအနေ အရမ်းကို စိုးရိမ်နေရတဲ့ ဒေါ်စံပယ်ဟာ မြောက်ဥက္ကလာမြို့နယ်မှာ ရှိတဲ့ ဆေးတက္ကသိုလ်(၂)အတွင်းရှိ တော်ဝင်ဆောင်မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။



 

မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ဟာ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ရုပ်ရှင်နဲ့ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ဆီသို့ ဆေးဖိုး သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေး အခြေအနေ အရမ်းကို စိုးရိမ်နေရတဲ့ ဒေါ်စံပယ်ဟာ  မြောက်ဥက္ကလာမြို့နယ်မှာ ရှိတဲ့ ဆေးတက္ကသိုလ်(၂)အတွင်းရှိ တော်ဝင်ဆောင်မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

 နှလုံးရောဂါ ခံစားနေရတဲ့ ဒေါ်စံပယ်ဟာ လက်ရှိမှာ ကျောက်ကပ်ပါ ဖြစ်နေတဲ့အတွက် ခြေတွေလက်တွေ ဖောရောင်တာ ဖြစ်ပြီ ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတဲ့ အခြေအနေ ဖြစ်နေတယ်လို့ စက်တင်ဘာ(၁၀)ရက်နေ့ကDuwun Media က သွားရောက်သတင်းမေးမြန်းရာမှာ သားဖြစ်သူက မိခင်ရဲ့ အခြေအနေကို ပြောပြခဲ့ တာလည်း ဖြစ်ပါတယ်။

ဒီလို ရောဂါဝေဒနာ ခံစားနေရတဲ့ ဒေါ်စံပယ်အတွက် မော်ဒယ်သရုပ်ဆောင် တိုင်ရွန်က ဒီနေ့(စက်တင်ဘာ ၁၁ရက်)မှာ အလှူငွေ (၆)သိန်း သွားရောက်လှူဒါန်းခဲ့ပါတယ်။

"ဆန္ဒတစ်ခု ပြည့်ဝခဲ့ပါပြီ ။ရုပ်ရှင်သရုပ်ဆောင် ဒေါ်စံပယ်ကို အလှုုငွေ (၆သိန်း) လှုုဒါန်း နိုင်ခဲ့ပါတယ် ကျွန်တော် မအားလို့ မကစ်တုန်းက လိုတော့ အလှူငွေ မကောက်ခံဖြစ်တာကိုတော့ နားလည်ပေးစေလိုပါတယ်။ မနေ့ညက ချက်ချင်း အလှုုလေးလှုုချင်တယ်ဆိုလို့ အလှုုငွေ သုံးသိန်း Hope for Ladies Foundation Myanmar, ဥက္ကဌ ဒါ်ဇင်လဲ့လဲ့ခိုင် နှင့် ကျွန်တော့် သူငယ်ချင်း မီးငယ်( ၁ သိန်း) တို့ကို အထူးကျေးဇူး တင်ပါတယ်ဗျာ ကျွန်တော်ကတော့ နိုင်သလောက် (၂သိန်း) လှုုဒါန်း ခဲ့ပါတယ်" ဆိုပြီးသူ့ရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

 

တိုင်ရွန်ရဲ့ အလှူကိုလည်း ပရိသတ်တွေနဲ့ သူငယ်ချင်းတွေက သာဓုခေါ်နေကြတာလည်း တွေ့ရပါတယ်။သရုပ်ဆောင် ကစ်ကစ်တုန်းကလို အလှူငွေ မကောက်ခံဖြစ်တာကိုတော့ နားလည်ပေးစေလိုတယ်လို့လည်း သူ့ရဲ့ မိတ်ဆွေများကို တောင်းပန်ထားပါသေးတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်ဒေါ်စံပယ်ဆီသို့ အန်တီဝါဝါအောင်၊ ဂွမ်းပုံကြီးတို့အပြင် သရုပ်ဆောင် စည်ဖြိုးလည်း သွားရောက် ကူညီခဲ့တယ် လို့ ဆိုပါတယ်။ လက်ရှိမှာ ခံစားနေရတဲ့ ဝေဒနာနဲ့ ပတ်သက်ပြီးတော့ ဒေါ်စံပယ်က ယခုလို ပြောပြခဲ့ပါသေးတယ်။

 

"လက်ရှိကျန်းမာရေးက မောတယ်။ နှလုံးက အရမ်းမောတယ်။ အခုမှ သွေးတွေလုံးဝမရှိတော့ဘူး။ သွေးကြောတွေ အကုန်ပိတ်ကုန်တယ်။ မအိပ်ရဘူး အော်နေရတယ်။ လှဲအိပ်လို့မရဘူး။ ပိုက်ဆံလည်း မရှိဘူး။ အိမ်မှာဆို သေလောက်မယ်။ သက်သာတယ်လောက်ပဲ ရှိတာ။ သွေးတွေလည်း သွင်းနေရတာ။ " လို့ ဒေါ်စံပယ်က ခံစားနေရတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ဒေါ်စံပယ်အနေနဲ့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေ လုပ်ချင်နေသေးတယ်လို့ သားဖြစ်သူက ပြောပြခဲ့ပါသေးတယ်။

 

"အမေ့ကို ချစ်တဲ့ ပရိသတ်တွေအားလုံး အမေ့အတွက် ဝိုင်းပြီး ဆုတောင်းပေးကြပါလို့ ပြောချင်ပါတယ်။အမေ့ရဲ့ နောက်ဆုံးထွက်သက်ထိ ရုပ်ရှင်ပြန် ရိုက်ချင်သေးတယ်။ ပရိသတ်တွေအားလုံးကို ချစ်တဲ့စိတ်နဲ့ ရုပ်ရှင်ရိုက်ချင်သေးတယ်။ ရုပ်ရှင်လောကထဲ ပြန်ဝင်ချင်သေးတယ်။ အမေ့ကို အမြန်ဆုံး ကျန်းမာအောင် ဆုတောင်းပေးပါလို့ သားတစ်ယောက်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"ဆိုပြီး သားဖြစ်သူက ဆက်လက်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ ကျန်းမာရေး အခြေအနေဟာ တော်တော့်ကို ဆိုးရွားနေတာကြောင့် အလှူရှင်များနဲ့ အနုပညာ လောက သားများရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

 

ပရဟိတစိတ်ဓာတ်ပြင်းပြတဲ့ တိုင်ရွန်ဟာ ဆီးချိုရောဂါကြောင့် မျက်စိကွယ်တော့မလိုဖြစ်နေတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကို ဇွန်လ ၇ ရက်နေ့ကစပြီး နေအိမ်မှာ ငွေကြေးသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ အဲ့ဒီနောက် ရန်ကုန်ဆေးရုံကြီးကိုပါ တစ်ခါတည်း ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ ဆေးဖိုးဝါးခ တွေကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။ တိုင်ရွန့်ကို ပရိသတ်တွေက မော်ဒယ်တစ်ယောက် အနေနဲ့ စတင်သိခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အနုပညာအလုပ်တွေ ပိုလုပ်လာရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က