ကော်နီက တင်ဇာမော်၊ ချောစုခင်၊ မီမီဝင်းဖေ တို့နဲ့ ဆုံပြီဆိုရင် ပတ်ဝန်းကျင်ကို မမြင်မိပဲ အပျော်တွေလွန်ကုန်တယ်လို့ ဆို ပါတယ်။ ကိုယ့် အလုပ် ကိုယ်လုပ်နေကြတဲ့ အခြေအနေတွေကြောင့် ဒီသူငယ်ချင်းတွေ ဆုံဖို့ကလည်း ခက်တယ်လို့ ဆိုပါတယ်။
ဒီနေ့ အချိန်ထိ အောင်မြင်လျှက်ရှိတဲ့ အဆိုတော် ကော်နီတစ်ယောက် တင်ဇာမော်၊ ချောစုခင်၊ မီမီဝင်းဖေ တို့နဲ့ ဆုံပြီဆိုရင် ပျော်လို့မဆုံးဘူး လို့ ဆိုပါတယ်။ သူ့အနေနဲ့ ၉ တန်းအရွယ်ကတည်းက ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာသူဖြစ်ပြီး ဂီတအလုပ်တွေ ပဲ တစိုက်မတ်မတ် ဆောင်ရွက်နေချိန်မှာ ဒီသူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်ပျော်ဖို့ အချိန်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
'' ပေါက်ကျော်မတွေလို ဖြစ်သွားတာပေါ့။ အန်တီကော် တု့ိ အနေနဲ့ဆိုရင် အသက် ၅၁ ထဲရောက်နေပြီ။ငယ်ငယ်တုန်းကဆို ကိုယ့်ရဲ့ ကလေး ဘဝ၊ ပျော်ရွှင်မှု တွေကို မဖြတ်သန်းခဲ့ရဘူး။ အများအားဖြင့် အန်တီကော်တို့ အပျို ကြီးဖြစ်တာကလည်း ကိုယ်တွေကို ထိန်းချုပ်တဲ့ အမေက Over Control ပေါ့။ ဒီ သူငယ်ချင်းတွေနဲ့ ဆုံတဲ့ အချိန်မှာတော့ အရမ်းကဲတယ်လို့ ပြောကြတယ်'' လို့ ကော်နီက ပြောပါတယ်။
ကော်နီ၊ တင်ဇာမော်၊ မီမီဝင်းဖေ နဲ့ ချောစုခင် တို့ဟာ ဒီနေ့ အချိန်မှာလည်း ကိုယ့်လမ်းကြောင်းပေါ် ကိုယ်ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့လေးယောက်စုံလို့ လူငယ်တွေလို လွတ်လွတ်လပ်လပ် ပျော်ပါးကြတာကို တွေ့ရတဲ့ ပရိသတ်တွေအနေနဲ့ ကြိုက်တဲ့ ပရိသတ်ရှိသလို မကြိုက်တဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ ဆက်လက်ပြောပြလာပါတယ်။
'' ဒီအုပ်စုဆုံပြီဆိုရင် သူများတွေ ပျော်တာထက် ပိုပျော်ကြတယ်။ ကိုယ်တွေ စုံပြီဆိုရင် ဘေးပတ်ဝန်းကျင်ကို မမြင်ဘူး။ တချို့ အကောင်း မြင်တဲ့ သူတွေကတော့ အပျော်လေးတွေ ကူးစက်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကိုယ်တွေလည်း အပူဆိုတာ ရှိတာပေါ့။ ဒါပေမယ့် ၇ ရက်သားသမီးတွေကို ပျော်ရွှင်အောင် ထားနိုင်မယ့် စိတ်ဓာတ်လေးကို ပိုင်ဆိုင်ထားတယ်'' လို့သူကဆိုပါတယ်။
ဇူလိုင်(၁၁)အတွက် ရင်ထဲမှာ နာကျင်နေတဲ့ ကော်နီ
ကော်နီဟာ ဆယ်စုနှစ်များစွာ ဂီတလောကထဲမှာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိခင်ရဲ့ ကျန်းမာရေးအတွက်ကိုလည်း ပြုစု စောင့်ရှောက်ပေးနေရတာကြောင့် ဂီတအလုပ်တွေ သိပ်မလုပ်ဖြစ်သေးပါဘူးတဲ့။
အနုပညာအလုပ်တွေ လုပ်နေသလို သူငယ်ချင်းမိတ်ဆွေတွေနဲ့လည်း ကုသိုလ်ကောင်းမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ မိခင်နဲ့အတူတရားစခန်းဝင်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းလောက် အဆိုတော် မီမီဝင်းဖေတို့နဲ့အတူ အောင်ဆန်း ဆရာတော်ကျောင်းမှာ တရားနာကုသိုလ်ယူ ခဲ့တာလည်း တွေ့ရပါတယ်။