သက်မွန်မြင့်တစ်ယောက် အလုပ်ကိစ္စမဟုတ်ပဲ သူငယ်ချင်းတွေနဲ့အတူတူ ခရီးထွက်ခွင့်ရတဲ့အတွက် ကလေးတစ်ယောက်လို ပျော် ရွှင်နေတယ် လို့ ဆိုပါတယ်။ သူ့ရဲ့ သမီးလေးနဲ့ အလွမ်းတွေ သယ်နေတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။
Photo: Thet Mon Myint Page
သရုပ်ဆောင် သက်မွန်မြင့်တစ်ယောက် သူချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ပါးပါး ခရီးထွက်ရလို့ ပျော်ရွှင်နေပါတယ်။ အလုပ်ကိစ္စ နဲ့ မဟုတ်ဘဲ အပျော်သက်သက် သွားတာဖြစ်တဲ့ အတွက် ပိုပြီးတော့ ပျော်ရွှင်ရတဲ့အပြင် ကလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ် လို့လည်း ရေးသားထားပါသေးတယ်။
'' တစ်ယောက်ထဲ ဘယ်မှ မသွားရသော ကျွန်မအလုပ်မပါ။ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာ ဒါနဲ့မှ ၂ ကြိမ်'' ဆိုပြီးတော့ အပြုံး စတစ်ကာ လေးနဲ့ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ''ဒီသူငယ်ချင်းတွေနဲ့ ခရီးမသွားရတာ ဘယ်နှစ်နှစ်မှန်းတောင် မသိတော့ဘူး။ ကလေးပြန်ဖြစ်သွားတယ်'' လို့လည်း ဆက်လက်ရေးသားထားတာတွေ့ရပါတယ်။
Photo: Thet Mon Myint Page
သက်မွန်မြင့်ဟာ သူငယ်ချင်းတွေနဲ့ အတူ ခရီးထွက်နေတာဖြစ်တဲ့အတွက် အိမ်မှာ ကျန်ခဲ့တဲ့ သမီးလေး လဝန်းကို Video Call ခေါ်ပြီး အလွမ်း တောင် သယ်နေပါတယ်တဲ့။ သားသား အားချစ်လေးကတော့ ကျောင်းသွားလို့ အလွမ်းသယ်တဲ့ Video Call မှာ မပါဝင်ခဲ့ပါဘူး။
'' နောက်ရက်ဆို မြင်တာနဲ့ ငိုတော့မှာ ခုတော့ မေမေ ဘယ်ရောက်လဲပေါ့။ ချစ်ရလွန်းသော အသဲအနှစ် ကိုကိုကကျောင်းသွား'' ဆိုပြီးတော့ လည်း စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၁၁ နာရီကပဲ သမီးလေးနဲ့ Video Call တဲ့ ဓာတ်ပုံလေးရဲ့ အောက်မှာ မေမေ သက်မွန်မြင့် တစ် ယောက် အလွမ်းသယ်နေတဲ့ အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Thet Mon Myint Page
သက်မွန်မြင့်ရဲ့ အားသာချက်တွေကို ပြောလာတဲ့ နေတိုး
သက်မွန်မြင့်အနေနဲ့ သားသမီးတွေကိုငဲ့ပြီး လက်လွှတ်ခဲ့လိုက်ရတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ရင်သွေးလေး နှစ်ယောက် နဲ့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ဟာ ကလေးတွေအတွက် မိခင်ကောင်းတစ် ယောက်ဆို လည်း မမှားပါဘူး။
Photo: Thet Mon Myint Page
သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။