တိုင်ရွန်က အောင်လေး၊ ထူးအောင်၊ လင်းအောင်ခေတ်၊ မင်းဘုန်းမြတ်၊ အောင်မင်းခန့်၊ ထက်အောင်ရှိုင်း တို့နဲ့ အတူတွဲပြီး ဇာတ်ကားတစ်ကား ရိုက်ချင်တဲ့ အကြောင်း ပြောပြလာပါတယ်။ သူ ရိုက်ချင်တဲ့ ဇာတ်ကားပုံစံတွေကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
တိုင်ရွန်ကတော့ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အောင်လေး၊ ထူးအောင်၊ လင်းအောင်ခေတ်၊ မင်းဘုန်းမြတ်၊ အောင်မင်းခန့်၊ ထက်အောင်ရှိုင်း တို့နဲ့ အတူတွဲပြီး ဟာသဇာတ်ကားဖြစ်ဖြစ်၊ သရဲကား ဖြစ်ဖြစ်၊ ကိုရီးယားဇာတ်ကားတွေထဲက လူမိုက်ပုံစံမျိုး ဇာတ်ကားတွေ ရိုက်ချင်တဲ့ အကြောင်း အခုလို ဖွင့်ဟ ပြောပြထားပါတယ်။
'' ကျွန်တော်တို့ သူငယ်ချင်းတွေ အုပ်လိုက် ဟာသကားလိုပုံစံမျိုး ထိုင်းကားတွေထဲကလို လူငယ်အုပ်လိုက် ခရီးထွက်တဲ့ကား မျိုးတွေ သရဲ ကားတွေ လူငယ် တယောက်ချင်းစီအသားပေး ဇာတ်တွေလည်းရိုက်ချင်တယ် ကိုးရီးယား ကားတွေ ထဲက လူမိုက်အထာတွေ'' စတဲ့ ဇာတ်ကား မျိုးတွေ ရိုက်ချင်တဲ့ အကြောင်း ရေးသားခဲ့ပါတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
အဲ့ဒီနောက် တိုင်ရွန်နဲ့ သူရဲ့ သူငယ်ချင်းတွေ ပေါင်းပြီး ခပ်မိုက်မိုက် အက်ရှင်ဇာတ်ကား တစ်ကားလည်း ရိုက်ကူးချင်သေးတယ်လို့ ဆက်လက် ပြောပြထားပါသေးတယ်။
''အက်ရှင် ဇာတ်တွေက ဂျွတ်တာ သန့်သန့်လေးနဲ့ တကယ်ဖြုတ်တာ မျက်နာကသွေးအေးရက်စက်တာအဲ့ဒီ လိုကား တွေရိုက်ချင်တယ်။ ခက် တာ က ဘယ်သူမှ ခေါ်မရိုက်ဘူး'' ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ ည က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ တိုင်ရွန်ကလည်း လက်ရှိမှာ အက်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရသူဖြစ်ပါတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
အနုပညာကြေးမရရင်တောင် ဒီMTV ကိုရိုက်မှာပါဆိုတဲ့ တိုင်ရွန်
တိုင်ရွန်ဟာ မော်ဒယ်လ်လောကမှာလည်း အောင်မြင်မှုပိုင်ဆိုင်ထားသလို သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစား နေသူတစ်ဦးပါ။ ယောကျ်ားလေး ပရိသတ်ရော မိန်းကလေးပရိသတ်ရော အခိုင်အမာရရှိထားတဲ့သူဟာ ပရိသတ်တွေ စိတ်ပျက် အောင် မလုပ်ပါဘူးလို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။
တိုင်ရွန်က သူ့ကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တာကြောင့် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။