သူကတော့ သမီးဘက်က ဆက်ပြီးရပ်တည်သွားမယ်တဲ့။

လင်းလင်းက နေပြည်တော်မှာ ဖြစ်တဲ့ သမီးလေး ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သမီးလေးဘက်က အပြည့်အဝ ရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အမှုက ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေတယ်လို့ သူကဆိုပါတယ်။

 

Photo : လင်းလင်း



လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံဟာ သမီးလေး ဗစ်တိုးရီးယားရဲ့ သက်ငယ်မုဒိမ်းမှုကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ဖို့အတွက် ကိုယ်ရောစိတ်ရော ရေဆုံးမြေဆုံးထိ ဝင်ပါမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၁)နီးပါးလောက်က နေပြည်တော်မှာ ဖြစ်သွားခဲ့တဲ့ သမီးလေးရဲ့ သက်ငယ်မုဒိမ်းမှု ကိစ္စဟာမြင်ရကြားရသလောက် တော်တော်ရှုပ်မယ့်ပုံပဲ ဆိုပြီး ပြောထားတာတွေ့ရပါတယ်။

“လိုတိုရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ဒီသမီးလေးရဲ့ အမှုကိစ္စကို ကျွန်တော်တို့လင်မယားနှစ်ယောက်က ကိုယ့်သဘောနဲ့ကိုယ် သမီးလေးအတွက် ရပ်တည်တယ်။ သမီးလေးရဲ့ အဖေအမေ အတွက်လည်းမဟုတ်ဘူး၊ သမီးလေးရဲ့ကျောင်းအတွက်လည်းမဟုတ်ဘူး၊ ဘယ်ပုဂ္ဂိုလ်, ဘယ်အဖွဲ့အစည်း အတွက်မှ မဟုတ်ဘူး။ သမီးလေးတစ်ယောက်ထဲအတွက် သမီးလေးဘက်ကရပ်တည်တယ်။ ဒီလိုရပ်တည်မှုကို မမျှတဘူးထင်တဲ့လူရှိရင်ပြောချင်တယ်။ နားထောင်။ ကျွန်တော့်ရဲ့အသိမိတ်ဆွေ၊ ဆွေမျိုး ဘယ်သူနဲ့မှ မချိတ်ဆက်နဲ့။ ကြိုက်တဲ့နေရာ, ကြိုက်တဲ့အချိန်မှာ ကြိုက်သလိုကျွန်တော်နဲ့ ဆွေးနွေးလို့ရတယ်။ မျက်နှာချင်းဆိုင်ကျွန်တော့်ရှေ့ကိုလာခဲ့။ ကျွန်တော်ကတော့ ကာယကံရှင်သမီးလေးရဲ့ မိသားစုကလွဲရင် ဘယ်လိုလူကိုမှ လိုက်တွေ့စရာအကြောင်းမရှိဘူး။ ကျွန်တော်ဟာ အစိုးရ ရထူးတစ်ခုကို ထမ်းဆောင်နေတဲ့လူမဟုတ်ဘူး။ C I D မဟုတ်ဘူး။ တစ်ခြား ရဲ လည်းမဟုတ်ဘူး။

ထိုးသွင်းအရာနဲ့ သုတ်ပိုးတွေ့ရှိတယ်လို့သိရတဲ့ ဒီသက်ငယ်မုဒိန်းကိစ္စမှာ တာဝန်ရှိပြီးတာဝန်ပေါ့တဲ့လူတွေ၊ အမှန်ကိုသိပြီး ဝင်မပါရဲတဲ့လူတွေ , ခင်ဗျားတို့သားသမီးများဖြစ်ခဲ့ရင်၊ သားသမီးမရှိရင်လဲ ခင်များတို့မိဘ ၂ နှစ် ၁၁ လအရွယ်မှာများ ဒီလိုကြုံခဲ့ရင်ဆိုတဲ့အတွေးနဲ့ အိပ်ပျော်နိုင်ကြပါစေ။” ဆိုပြီး ဇွန်လ(၂၈) ရက်နေ့က လင်းလင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : Alinn yaung

လင်းလင်းအနေနဲ့ အစပိုင်းမှာ ဝန်းရံရုံသက်သက် ဝန်းရံခဲ့ပေမယ့် အခုချိန်မှာတော့ လိုအပ်သလို ကိုယ်ရောစိတ်ရော ရေဆုံးမြေဆုံးဝင်ပါပါမယ်ဆိုပြီး ပြောထားပါတယ်။

“အစကတော့ကျွန်တော်တို့က ဝန်းရံရုံသက်သက်ပါ။အခုတော့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ထုတ်ပြန်လာမယ့် အမှုအခြေအနေ နဲ့ သတင်းကိုနားစွင့်ပါမယ်။ လိုအပ်သလို ကိုယ်ရောစိတ်ရော ရေဆုံးမြေဆုံး ဝင်ပါပါမယ်။ ဒီအမှုကို ဝင်ပါတာဟာ လက်ခုတ်သံတောင်းတာ မဟုတ်ဘူး။ လက်ခုတ်သံလိုချင်ရင် လူစည်စည်တွေမှာ ကျွန်တော်တို့လင်မယား လမ်းလိုက်လျှောက်ပြီး တွေ့သမျှလူ လိုက်ပြုံးပြလိုက်ရုံဘဲ။ ဒီခေတ်မှာ လက်ခုတ်သံလိုချင်ရင်လွယ်လွယ်လေး” ဆိုပြီး ဆက်လက်ပြောထားပါတယ်။

ဒီနေ့(ဇွန်လ၂၈ရက်)ဟာ သမီးလေးရဲ့ မွေးနေ့ဖြစ်တာကြောင့် သမီးလေးအတွက် မွေးနေ့လက်ဆောင်လေး ပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ဒီနေ့သမီးလေးမွေးနေ့မွေးနေ့လက်ဆောင်လေး ကျွန်တော်တို့စီစဉ်ထားတယ်။မွေးနေ့မှာ ပျော်ပါစေလို့တော့ ဆုမတောင်းပေးတော့ဘူး။

 " သမီးလေး ဘဝအတွက် ဒီအရိပ်ဆိုးဟာ စစ်မှန်တဲ့ အားအင်တွေဖြစ်ပါစေ သမီးရေ "” ဆိုပြီး ပြောထားပါတယ်။ သမီးငယ်လေးရဲ့ အမှုဟာ ပြည်သူတွေအားလုံးစိတ်ဝင်စားခြင်း ခံရတဲ့ အမှုဖြစ်ပြီး အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေဖို့အတွက်လည်း ဝိုင်းဝန်းဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်းဆိုတာကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်ကိုလည်း ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က