တိုုင်ရွန်ဟာ စပွန်ဆာယူတယ်၊ ချူစားတယ်၊ ဂေးတစ်ယောက်ဖြစ်တယ် ဆိုပြီးတော့ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတဲ့ အပေါ် စိတ်မ ကောင်း ဖြစ်လို့ နေပါတယ်။ သူ ဝါသနာပါတဲ့ ဒီအနုပညာအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
သရုပ်ဆောင် တိုင်ရွန်ဟာ အခုလက်ရှိ အောင်မြင်နေကြတဲ့အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ မကြာခင် က စပွန်ဆာထားတယ်၊ ချူစားတယ် ဆိုတဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေကလည်း သူ့ရဲ့ မိဘတွေ နားထဲ ပြန်ရောက်သွားတာကြောင့် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့တာဖြစ်ပါတယ်။
'' ကိုယ်က အနုပညာအလုပ်ကို ချစ်လို့လုပ်တာလေ၊ ကိုယ်တိုင် ခေါင်းမာပြီးတော့ ရွေးချယ်ခဲ့တဲ့ လမ်းတစ်ခုမှာ ကိုယ့်မိဘကလည်း ကောင်း ကောင်း မွန်မွန်ထားနိုင်ရဲ့သားနဲ့ နောက်ကွယ်မှာ စပွန်ဆာယူတဲ့ ကိစ္စတွေ၊ ဂေးတစ်ယောက်လို့ ပြောနေကြတဲ့ ကိစ္စတွေ သူများဆီက ချူစား တယ် ဆိုတဲ့ ကိစ္စတွေကို သူတို့လည်း ပြန်ကြားတယ် ဆိုတော့ ကျွန်တော်က စိတ်မကောင်းဘူး'' လို့ သူကဆိုပါတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
တိုင်ရွန်ဟာ အနုပညာအလုပ်အပေါ် ရူးသွပ်တဲ့အတွက် အောင်မြင်မှုတစ်ခုရအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အလုပ် လုပ်နေရတဲ့အတွက် ဒီအလုပ်နဲ့ပဲ သူ့ရဲ့ မိဘတွေကို ဂုဏ်ယူစေချင်ခဲ့တယ်ဆိုတာကို သြဂုတ်လ ၃၀ ရက်နေ့က Oppo F9 Launch Event ပွဲကို တက်ရောက်လာရင်း ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။
''သူတို့ကို တီဗီပေါ်မှာ မြင်လို့ရတဲ့ မင်းသားတစ်ယောက်၊ အနုပညာရှင်တစ်ယောက်လို့ ဂုဏ်ယူစေ ချင်ခဲ့တာလေ။ သူတို့ ကိုယ်တိုင်လည်း ပြန်ကြားနေရတယ် ဆိုတဲ့ အခါကျတော့ ကျွန်တော် ကိုယ်တိုင်လည်း အနေအထိုင်မတတ်တာလည်း ပါ ပါလိမ့်မယ်။ ဒီကိစ္စကို မဖြေရှင်းတော့ ပါဘူး။ ဖြေရှင်းလေ ပိုရှုပ်လေပဲ ဖြစ်တော့မယ် ဆိုတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့် နောက်ကွယ်မှာပဲ ပြောပါစေ'' လို့ ဆိုပါတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
အက်ရှင်ကားတွေရိုက်ဖို့ ကိုယ်ခံပညာသင်ယူနေတဲ့ တိုင်ရွန်
တိုင်ရွန်ဟာ မကြာခဏဝေဖန်တိုက်ခိုက် ခံရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ တချို့ အကြောင်းအရာတွေ မှာ ဆိုရင် ပြန်လည်ဖြေရှင်းခဲ့တာမျိုးတွေ ရှိတဲ့အတွက် မရင့်ကျက်ခဲ့မိဘူးလို့ ဆိုပါတယ်။
'' အနေအထိုင်မတတ်ဘူးဆိုတာကလည်း ကျွန်တော်ကိုယ်တိုင် မရင့်ကျက်တာပေါ့၊ တချို့ကိစ္စတွေကို ပြန်ရှင်းပြမိတယ်၊ တချို့ကိစ္စတွေမှာ လည်း ရိုင်းရိုင်းစိုင်းစိုင်းလေး ပြန်ပြောမိတာမျိုးရှိတယ်။ ဒါက အနေအထိုင်မတတ်တာလို့လည်း ပြောလို့ရတယ်။ သွားပြီးတော့ အဖတ်လုပ်မိ နေတာက ကျွန်တော်အနေအထိုင်မတတ်တာပါ'' လို့ သူကဆိုပါတယ်။
Photo: တိုင်ရွန်ဖေ့စ်ဘွတ်
တိုင်ရွန်က သူ့ကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တာကြောင့် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။