ဘာအလှူတွေ လုပ်ခဲ့တဲ့ ဖတ်ကြည့်လိုက်နော်။

Photo: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်ရွှေပိုးအိမ်တစ်ယောက် ဇွန်လ ၂၉ ရက်နေ့ ဒီနေ့မနက်မှာပဲ သူချစ်ရတဲ့ We Love Shwe Poe Eain  အဖွဲ့သားတွေနဲ့ အတူ ကျိုက္ကစံဘုရားမှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။ မကြာခဏဆိုသလို We Love လေးတွေနဲ့ အလှူလုပ်လေ့ရှိတဲ့ ရွှေပိုးအိမ်ရဲ့ ရင်ထဲက ပီတိစကားသံကိုလည်း Duwun Media ကနေ တဆင့်ပြောပြခဲ့ပါတယ်။

'' ဒီနေ့ Fan တွေနဲ့ ကျိုက္ကစံ ဘုရားသွားတယ်၊ လမ်းသွားရင်းနဲ့ ရေသန့်ဘူးလေးတွေလှူဖြစ်တယ်၊ လမ်းလုုပ်သားတွေကိုလည်း ရေသန့် ဘူးလေးတွေ လှူဖြစ်ပါတယ်။ We Love တွေနဲ့ ဒီလိုသွားပြီး အလှူအတန်းလေးတွေလုပ်ရတာ ပျော်တယ်။ ကိုယ်တိုင်အလှူဆိုပေမယ့် ငွေကြေးအများကြီး အကုန်အကျခံတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ရှိတဲ့ မုန့်ဖိုးလေးတွေနဲ့ We Love တွေလည်း အလှူထည့်တယ် သူတို့ မုန့် ဖိုးလေးတွေနဲ့ အကုန်ပေါင်းပြီးတော့ ရေသန့်ဗူးလေးတွေ လိုက်လှူဖြစ်တာပါ'' လို့ သူကဆိုပါတယ်။

Photo: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

 

ဒီနေ့မနက်အလှူလေးကိုတော့ ပရိသတ်တွေဆီက တက်နိုင်သလောက် အလှူငွေလေးတွေနဲ့ အတူ ရွှေပိုးအိမ်တို့ လှူဖြစ်ခဲ့တဲ့ အကြောင်း ကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ရွှေပိုးတို့ ဒီနေ့ မနက်မှာတော့ တစ်ယောက်ကို တစ်သောင်းစီနဲ့ ၅ ယောက်ဆိုတော့ ငါးသောင်းပေါ့ အဲ့ဒီလိုမျိုးလေးတွေ စုပြီးတော့ ဒီနေ့ ဘုရားသွားကြမယ်၊ အလှူလုပ်မယ်ပေါ့၊ နောက်တစ်ပတ်ကျရင် ဘုရားမှာ သန့်ရှင်းရေးလေးတွေ သွားလုပ်မယ် လုပ်အားဒါနလေးတွေပေါ့။ သူတို့နဲ့ ရွှေပိုးလည်း Close ဖြစ်တယ်။ Fan တွေက နယ်မှာ နေတဲ့လူလည်းများတယ်။ ရန်ကုန်မှာ နေတဲ့လူတွေလည်း များတယ်ဆိုတော့ လူငယ် တွေကလည်းများတယ်။ သူတို့လည်း တက်နိုင်သလောက်လေးတွေ လှူကြသလို ရွှေပိုးတို့လည်း တက်နိုင်သလောက်လေးတွေ လှူဖြစ်ကြတာပါ'' ဆိုပြီးတော့ Duwun media ရဲ့ သီးသန့် ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

မုဒိမ်းမှုအန္တရာယ်မဖြစ်အောင် အကြံပြုစကားဆိုလိုက်တဲ့ ရွှေပိုးအိမ် 

ရွှေပိုးအိမ်နဲ့ သူ့ရဲ့ We Love Shwe Poe Eain ပရိသတ်တွေပူးပေါင်းပြီး အသံမစဲ ပဋ္ဌာန်းတရားပွဲတွေမှာလည်း ရေသန့်ဘူး အလှူလေးတွေ လုပ်ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မေတ္တာမွန် မိဘမဲ့ ပရဟိတကျောင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ ခိုလှုံရာ ဘိုးဘွားစောင့်ရှောက်ရေး တွေမှာလည်း We Love တွေနဲ့ အတူ စုဆောင်းထားတဲ့ အလှူငွေထဲကနေ တက်နိုင်သလောက်လေးတွေ  လှူဒါန်း ဖြစ်တယ်လို့ သိရပါတယ်။

Photo: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

 

ရွှေပိုးအိမ်ရဲ့ ပရိသတ်တွေကတော့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပရိသတ်တွေသာမကပဲ ပြည်ပကိုရောက်နေကြတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

'' နယ်မှာရှိတဲ့ ပရိသတ်တွေရော နိုင်ငံခြားမှာရောက်နေလို့ လှမ်းပြီးတော့ အလှူငွေတွေထည့်ကြတဲ့သူတွေရော၊ ရန်ကုန်က ပရိသတ်တွေရော ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့တွေနဲ့ အတူတူ အလှူလုပ်ခွင့်ရတယ်၊ သူတို့ကိုယ်စား အလှူလုပ်ခွင့်ရတဲ့အတွက်လည်းအရမ်းကို ပီတိဖြစ်ရပါတယ်။ တကယ်လို့ သူတို့တွေထဲက တစ်ယောက်ယောက် လှူချင်တာ၊ အလှူငွေထည့်ချင်တာတွေရှိရင် သူတို့ကိုယ်စား ရွှေပိုးက သွားလှူပေးမှာပါ'' လို့ သူကဆိုပါတယ်။

Photo: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

 

ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေစတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာက အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီးနဲ့ ကြုံခဲ့ရတဲ့ သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေရိုက်ကူးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က