မကြာခင် ပရိသတ်တွေရှေ့ ပြန်လာခဲ့ပါ့မယ်တဲ့။

Myanmar Idol Season 3 ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတဲ့ ငွေဇင်လှိုင်းက သူမရဲ့ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊တမူးမြို့သို့ ပြန်သွားခဲ့ပါပြီ။ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပေမယ့်လည်း သီချင်းသစ်တွေနဲ့ သူမရဲ့ ပရိသတ်တွေရှေ့ကို ပြန်လာခဲ့ပါ့မယ်လို့ ကတိပေးသွားခဲ့ပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

Myanmar Idol Season 3 ပြိုင်ပွဲဝင် ငွေဇင်လှိုင်းကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါပြီ။ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပေမယ့်လည်း သူမရဲ့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေနဲ့ ပြန်လာခဲ့ပါမယ်လို့ သူမက ပြောပါတယ်။

ဂီတနဲ့ ပတ်သက်လို့ ပြင်ဆင်မှုတွေ မစခင်မှာ သူမရဲ့ ခန္ဓာကိုယ်အတွက် အရင်ဆုံး ဝတ်ချဖို့ ပြင်ဆင်ရဦးမယ်လို့ ဆိုပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

"ငွေဇင်အနေနဲ့ သီချင်းအပြင် ဘာလုပ်ရမလဲဆိုတော့ အရင်ဆုံး ဝိတ်ချရပါ့မယ်။ ငွေဇင်ယောဂသင်တန်းတွေ ပြန်ပြီးတော့ ပုံမှန် ပြန်လုပ် ရမယ်။ ဒီကြားထဲမှာ လစ်လပ်သွားခဲ့တဲ့ အချိန်တွေအတွက် နောက်ထပ်လိုအပ်တဲ့ သင်တန်းတွေကို တက်မယ်။ Class တွေလည်း ပုံမှန်ပြန် သင်မယ်။ အားတဲ့ အချိန်တွေမှာ ယောဂနဲ့ သီချင်းတွေကို တွဲလုပ်ဖို့ ပြင်ဆင်နေပါတယ်" လို့ ဇူလိုင်(၂၇) ရက်နေ့ ကျင်းပပြု လုပ်ခဲ့တဲ့ Myanmar Idol Season 3 (Top-4+1) Result Show Live ပွဲမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ငွေဇင်လှိုင်း FB

ငွေဇင်လှိုင်း နဲ့ တူတဲ့အချက်လေးတွေကို ပြောပြလာတဲ့ မိုင်မိုင်ဆိုင်း 

သူမအနေနဲ့ လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းသစ်တွေ ဖန်တီးထားတာရှိတယ်လို့ ဆိုပါတယ်။အဆိုတော် ပိုးမီနဲ့အတူ သီချင်းတွေ လုပ်ဖို့ ရှိသလို သူမရဲ့ Single Song လေးတွေလည်း ထွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

"ငွေဇင်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေလုပ်ဖို့ရှိတယ်။ ပြီးတော့ ငွေဇင် Single လေးတွေလည်း ထွက်ဖို့ရှိတယ်။Featuring လေးတွေ လည်း ဆိုမယ်။အခုလောလောဆယ် အဆင်သင့်ဖြစ်နေတဲ့ သီချင်း လေးတွေလည်း ရှိတယ်။ ချက်ချင်းချပြဖို့ရတဲ့ အနေအထားမဟုတ်သေး တော့ အကုန်လုံးကို အကောင်းဆုံးပြင်ဆင်ပြီးရင်တော့ ငွေဇင်ပြန် လာခဲ့ ပါ့မယ်။ငွေဇင်မှာကအစကတည်းက သီချင်းတွေ ရှိခဲ့ပေမယ့် ပရိသတ်မရှိခဲ့ဘူး ချပြဖို့အခွင့်အရေးမရခဲ့ဘူး ။ဒါပေမယ့် အခု Myanmar Idol ဝင်လိုက်တဲအချိန်မှာ ပရိသတ်တွေလည်း ရသွားပြီးတော့ ငွေဇင့်အတွက် အားရှိသွားပြီ။ " သူမက ဆက်လက်ဖြေဆိုပေးခဲ့ပါတယ်။

Photo : ငွေဇင်လှိုင်း FB

 

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တစ်ဆင့်ချင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့်လည်း Myanmar Idol Season 3 (Top-4+1) Result Show မှာ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ရပါတယ်။

အခုတော့ သူမရဲ့ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးသို့ ပြန်သွားပြီလို့ သိရပါတယ်။ မကြာခင်မှာ ပရိသတ်တွေရှေ့ကို အနုပညာ လှုပ်ရှားမှုတွေနဲ့ ပြန်လည်ရောက်ရှိလာဦးမယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က