တခြားအသင်းတွေနဲ့ ပြောင်းပြန်လု်ရပ်လုပ်ခဲ့တာပါ။

အခြားသောကလပ်အသီးသီးဟာ အသင်းဝန်ထမ်းတွေကို လစာအပြည့်ပေးချေဖို့ ကစားသမားတွေရဲ့လုပ်ခလစာကို လျှော့ချနေချိန်မှာ မိုက်အက်ရှ်လေက ဆန့်ကျင်ဖက်လုပ်ရပ်ကို လုပ်ခဲ့တာလည်းဖြစ်ပါတယ်။


နယူးကာဆယ်ယူနိုက်တက်အသင်းပိုင်ရှင်မိုက်အက်ရှ်လေကတော့ အများနဲ့မတူ တမူထူးခြားတာတွေကို ထပ်မံလုပ်ဆောင်လိုက်ပြန်ပြီဖြစ်ပါတယ်။ အသင်းပရိသတ်တွေရဲ့ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မိုက်အက်ရှ်လေဟာ အသင်းဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ပြီး ကစားသမားတွေကိုတော့ လစာဆက်လက်ပေးချေသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။



အခြားသောကလပ်အသီးသီးဟာ အသင်းဝန်ထမ်းတွေကို လစာအပြည့်ပေးချေဖို့ ကစားသမားတွေရဲ့လုပ်ခလစာကို လျှော့ချနေချိန်မှာ မိုက်အက်ရှ်လေက ဆန့်ကျင်ဖက်လုပ်ရပ်ကို လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ အထွေထွေဝန်ထမ်းတွေဟာ အလုပ်တွေဆက်မလုပ်ဘဲ ရပ်တန့်ထားဖို့ ညွှန်ကြားခံခဲ့ရပြီး ကစားသမားတွေနဲ့ နည်းပြတွေကိုတော့ နောက်လအနည်းငယ်အထိ လစာပေးသွားမယ်လို့ သိရပါတယ်။ 

မိုက်အက်ရှ်လေက အသင်းဝန်ထမ်းတွေကို ယာယီခွင့်ပေးတဲ့ အနေအထားမျိုးဖြစ်အောင် ဖန်တီးလုပ်ယူခဲ့ပြီး လစာငွေဖြတ်တောက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ အသင်းဝန်ထမ်းတွေကို လစာဖြတ်တောက်တဲ့ ပထမဆုံးအသင်းပိုင်ရှင်လည်းဖြစ်လာခဲ့ပြီး လစာဖြတ်တောက်ခံရတဲ့ဝန်ထမ်းတွေထဲမှာ အကယ်ဒမီကဝန်ထမ်းတွေ၊ ကင်းထောက်၊ မီဒီယာ နဲ့ စီမံခန့်ခွဲမှုဝန်ထမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ 

အသင်းကို ထပ်မံရင်းနှီးမြုပ်နှံမှုမပြုလုပ်ဘဲ ရောင်းချဖို့ကိုသာ မိုက်အက်ရှ်လေက အာရုံစိုက်နေခဲ့လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆော်ဒီမင်းသားက နယူးကာဆယ်ကို ဝယ်ယူဖို့ချဉ်းကပ်နေပြီး နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှုတွေရရှိဖို့ အနီးစပ်ဆုံးအခြေအနေဖြစ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က