American Vision ကြော်ငြာရိုက်ခဲ့တာပါ။

စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည်တို့ကတော့ ကြော်ငြာရိုက်ကွင်းတစ်ခုမှာ အတူတူဆုံနေကြတာတွေ့ရပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေ ချစ်မဝဖြစ်လို့နေပါတယ်။

 

Photo : RBV



အနုပညာလောမှာ အောင်မြင်မှုတွေ ကိုယ်စီ ရရှိထားကြတဲ့ သူတို့နှစ်ဦးကတော့ American Vision မျက်မှန်ဆိုင် ကြော်ငြာကို အတူတူ ပြန်လည် ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဒီကြော်ငြာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူတို့နှစ်ယောက်ပဲ အတူတူပုံဖော်ရိုက်ကူးခဲ့ကြတဲ့ ကြော်ငြာတစ်ခုဖြစ်ပြီး အခုချိန်မှာ ပြန်လည်ဆန်းသစ်ရိုက်ကူးနေတာ တွေ့ရပါတယ်။

“မနေ့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက American Vision မျက်မှန်ဆိုင်ကြော်ငြာကို ပြန်လည်ဆန်းသစ်ရိုက်ကူးပါတယ်” ဆိုပြီး ဇွန်လ(၂၆) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : RBV

သူတို့နှစ်ယောက် ပြန်လည်ရိုက်ကူးထားတဲ့ ကြော်ငြာအသစ်လေးကိုလည်း ပရိသတ်တွေ စိတ်ဝင်စားလို့နေကြပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလောကမှာ အောင်မြင်မှု ကိုယ်စီ ရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းဟာ အသက်(၁၈)နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Photo : RBV

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

 

Photo : RBV

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

 ဝတ်မှုန်ရွှေရည် (Wutt Mhone Shwe Yi) ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်"ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီးအဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိအောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

 

Share

က္က