ဖွေးဖွေးက တစ်ယောက်နဲ့ တစ်ယောက် ပိန်လာတယ်၊ ဝလာတယ် ပြောဆိုကြတဲ့အပေါ် မနှစ်သက်တဲ့ အကြောင်း သူ့ရင်ထဲက ခံစားချက်တွေ ကို ဖွင့်ဟထားပါတယ်။ ဖွေးဖွေးကို ချစ်တဲံ့ ပရိသတ်တွေကလည်း အားပေးခဲ့ကြပါတယ်။
Photo: Shwe Yi Ko Oo Facebook
သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး ဖွေးဖွေးက ပိန်တာ ဝတာကို အကြောင်းပြုပြီး သူ့စိတ်ကူးထဲက ခံစားချက်ကို အခုလို ပြော ပြထား ပါတယ်။ ဝတာ ပိန်တာ ဆိုတဲ့ စကားအသုံးအနှုန်းတွေဟာ တကယ်တော့ နှုတ်ဆက် စကားမဟုတ်ဘူးဆိုတာကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။
"ဝလာတယ် ပိန်သွားတယ် တို့ ဆိုတာ နူတ်ဆက်တာမဟုတ်ပါဘူး။ အဲ့ဒါရိုင်းပါတယ် နော။ ဘိုလိုပဲ ပြန်ပြောကြည့်ပါ။ Hey you look fat , you look thin ။ စိတ်ကြည်လား မကြည်လားမသိ နေကောင်းလား မကောင်းလား မသိ shhhhhh.... #Show More Love #နေကောင်း လား #အဆင်ပြေရဲ့လား #ဘာတွေလုပ်နေလဲ#StopJudging'' ဆိုပြီးတော့ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။
Photo: Shwe Yi Ko Oo Facebook
မွေးနေ့မှာ အရမ်းပျော်ရွှင် ကြည်နူးခဲ့ရတယ်ဆိုတဲ့ ဖွေးဖွေး
ဖွေးဖွေးရေးထားတဲ့ ဒီ စာသားလေးနဲ့ ပတ်သက်ပြီး အားပေးထောက်ခံ ခဲ့ကြတဲ့ ပရိသတ်တွေ၊ အနုပညာရှင် မောင်နှမတွေကလည်း အများကြီးပါ။ သူဟာ မကြာခင်က ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ "သူစိမ်းအိမ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါ တယ်။ အဲ့ဒီဇာတ်ကားမှာ ဖွေးဖွေးအပြင် ထွန်းအိန္ဒြာဗိုနဲ့ အခြားသော အနုပညာရှင်တွေလည်း များစွာ ပါဝင်ထားကြပါသေးတယ်။
Photo: Shwe Yi Ko Oo Facebook
ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကို ရရှိခဲ့ပါတယ်။၂၀၁၅ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ပိုင်ဆိုင် ထာားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photo: Shwe Yi Ko Oo Facebook
ဖွေးဖွေးကိုတော့ ခပ်မိုက်မိုက်စတိုင်လ်တွေနဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရာကနေ ပရိသတ်တွေ စတင် သိရှိလာတာ ဖြစ်ပါ တယ်။ အဲ့ဒီနောက် ကြော်ငြာတွေ၊ Music MTV တွေ ကနေ တဆင့် ပရိသတ် ပို သတိထားမိလာစေပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်း က လည်း ဆယ်စုနှစ်တစ်ခုကို ကျော်လာခဲ့ပါပြီ။