ဝုလ်ကိုရှုံးပြီး ၄၈ နာရီမပြည့်ခင် ‌‌ရှက်ဖီးနဲ့ ထပ်မံရင်ဆိုင်ရမှာပါ။

၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ပေမယ့် ၃ ဂိုးထိ ပြန်ပေးရကာ ပွဲအပြီးမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ လက်ရှိချန်ပီယံ ဘွဲ့ကို ကာကွယ်ဖို့ ပိုမိုဝေးကွာနေခဲ့ရပြီ ဖစ်ပါတယ်။

ခရစ္စမတ်ပွဲတော် ကာလမှာ ရေးဆွဲထားတဲ့ ပွဲစဉ်ဇယားက အသင်းတွေအတွက် အန္တရာယ်ရှိစေတယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ဝုလ်ကို ၃-၂ ဂိုးနဲ့ ရှုံးခဲ့တဲ့ ပွဲအပြီးမှာ ဝေဖန်ခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



မန်စီးတီးအနေနဲ့ ဝုလ်ကို ၃-၂ နဲ့ အရေးနိမ့်ပြီး ၄၈ နာရီ မပြည့်ခင်မှာပဲ ရှက်ဖီး ယူနိူက်တက်ကို အိမ်ကွင်း ဧည့်ခံ ကစားရဖို့ ရှိနေတာပါ။

“ကျွန်တော်တို့နဲ့ ကိုက်ညီမယ့် ဇယားကို အတည်ပြုသင့်ပေမယ့်လည်း ဒီလို တစ်ခုခု ဆုံးဖြတ်လိုက်တိုင်းမှာ မန်နေဂျာ အားလုံးနဲ့ကျန်တဲ့သူတွေ အကုန်ုလုံးက အလွယ်တကူ လက်ခံခဲ့ကြပါတယ်။”လို့ဂွါဒီယိုလာက ဆိုပါ တယ်။

အလားတူပဲ ဝုလ်နည်းပြ နူနိုကလည်း မန်စီးတီးနဲ့ကစားအပြီးမှာပဲ နောက်ထပ် လီဗာပူးနဲ့ ဆက်တိုက် ရင်ဆိုင်ရမယ့် အပေါ်မှာ အခုလိုပဲ ဝေဖန်ခဲ့ပါသေးတယ်။

“ အခု ကိစ္စက နည်းပြတွေနဲ့ ကစားသမားတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။အခုကိစ္စမှာ ကျွန်တော်တို့က ပွဲ တွေကို ဘယ်လို ထိန်းကစားသွားမလဲဆိုတာနဲ့ တစ်ပွဲနဲ့ တစ်ပွဲကြားမှာ ဘယ်လို ကြံ့ခိုင်မှု ပြန်ပြည့်အောင် လုပ် နိုင်မလဲဆိုတာကိုပဲ တွေးနိုင်ပါတော့တယ်။”လို့ နူနိုကဆိုပါတယ်။

ဝုလ်ကို ၂ ဂိုးပြတ်ဦးဆောင်ထားပြီးမှ ၃ ဂိုးပြန်ပေးရကာ အရေးနိမ့်ခဲ့ရအပြီးမှာတော့ နောက်ထပ် ရှက်ဖီးလည်း အလားတူ အသင်းမျိုးဖြစ်လို့ ဘယ်လို အခြေအနေဖြစ်လာအုံးမလဲဆိုတာကို အတိအကျ မပြောနိုင်သေးဘူးလို့ ဂွါဒီယိုလာက ဆိုပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က