ဆိုင်အတွက် တကယ့်ကို ကြိုးစားနေတာပါ။

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ မကြာခင်ဖွင့်တော့မယ့် ပိုးထည်တိုက်အတွက် လိုအပ်တဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနေတာ တွေ့ရပါ တယ်။ "မင်းသမီး" လို့နာမည်ပေးထားတဲ့ စိုးညီမတွေ ဖွင့်မယ့် ပိုးထည်တိုက်အတွက် တကယ့်ကို ကြိုးစားနေတာပါ။

Photo : စိုးပြည့်သဇင် FB

 

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ မကြာခင်ဖွင့်တော့မယ့် ပိုးထည်တိုက်အတွက် လိုအပ်တဲ့ ပညာရပ်တွေကို လေ့လာဆည်းပူးနေတာ တွေ့ရပါ တယ်။ "မင်းသမီး" လို့နာမည်ပေးထားတဲ့ စိုးညီမတွေ ဖွင့်မယ့် ပိုးထည်တိုက်အတွက် တကယ့်ကို ကြိုးစားနေတာပါ။ စိုးပြည့်သဇင်တို့ ညီမ တစ်စုဟာ စက်တင်ဘာ(၃) ရက်နေ့ကလည်းမန္တလေးမြို့မှာရှိတဲ့ ယက္ကန်းစင်တွေ ဆီ သွားပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလထဲမှာ ဖွင့်လှစ်မယ့် ပိုးထည်တိုက်အတွက် လိုအပ်တာတွေကို လေ့လာဖြစ်နေသလို ဆိုင်အတွက်ကိုလည်း အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

 

မင်းသမီး ပိုးထည်ဆိုင် ဖွင့်ဖို့ အတွက် ပြင်ဆင်နေပြီဆိုတာကို သြဂုတ်လ ၂၄ ရက်နေ့က အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်ကနေ ကြေညာ ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြတယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။

'' ဒီရက်ပိုင်း ညီအမလေးယောက်အောက်တိုဘာမှာဖွင့်မယ့် ပိုးထည်တိုက်အတွက် တော်တော်အလုပ်ရူပ်နေကြတယ် ဆယ်လပိုင်းမှာတော့ အားလုံး အတွက်အဆင်အဆန်းအမြင်အဆန်းတွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ် ပင်ပန်းပေမဲ့ပျော်တယ်လို့ဖီလင် စိုး အိတ်စိုက်တက်ပဲ'' ဆိုပြီးတော့ ပြောပြခဲ့ဖူးပါတယ်။

Photo : စိုးပြည့်သဇင် FB

စိုးမြတ်သူဇာတို့ညီအစ်မတစ်စုရဲ့ ဝါဆိုသင်္ကန်းအလှူ 

မင်းသမီး ပိုးထည်ဆိုင် ဖွင့်ဖို့ အတွက် ပြင်ဆင်နေပြီဆိုတာကို သြဂုတ်လ ၂၄ ရက်နေ့က အဆိုတော် စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်ကနေ ကြေညာ ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြတယ် ဆိုတာကိုလည်း ဆက်လက်ပြောပြထားတာ တွေ့ရပါတယ်။

မင်းသမီး ပိုးထည်ဆိုင်အတွက် နာမည်ကိုတော့ အကယ်ဒမီ စိုးမြတ်သူဇာက နာမည်ပေးခဲ့တာလို့ သိရပါတယ်။ သရုပ်ဆောင်လောကမှာရော၊ ဂီတလောကမှာပါ အောင်မြင်လျှက်ရှိနေတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ညီ အစ်မ ၄ ယောက်ပေါင်းပြီး ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း စန္ဒီမြင့်လွင်က Duwun  Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆိုခဲ့ ဖူးပါ တယ်။

Photo : စိုးပြည့်သဇင် FB

 

'' ဒီးဒီကလည်း ကတုံးနဲ့ဆိုတော့ ကာရိုက်တာ တစ်ခုရမယ်ဆိုတော့ တကယ်လည်းရိုက်ချင်တယ်။ ရုပ်ရှင်ပြန်ရိုက်ချင်တဲ့ စိတ်ရှိပါတယ်။ ညီအစ်မတွေချည်းပဲ ရိုက်ရမှာဆိုတော့ ပျော်ဖို့ကောင်းမှာပေါ့နော်။ ရူတင်မှာဆိုလည်း ကိုယ်တွေအမျိုးတွေချည်းပဲဖြစ်နေမှာပေါ့'' လို့ ဆိုပါတယ်။အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် FB

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ် ပါတယ်။ သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။

Share

Loading Next Article...
က္က