အဲရစ်တန်ဟက်ခ်နဲ့ ယူနိုက်တက်သတင်းတွေအပေါ် ဗန်ဒါဗတ်က သုံးသပ်ပြောကြားလာတာပါ။

နယ်သာလန်ကစားသမားဟောင်း ဗန်ဒါဗတ်က အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်ကို ယူနိုက်တက်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောကြားလာပါတယ်။ ယူနိုက်တက်ဟာ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်ပြီးနောက် ရာသီကုန်အထိ ကိုင်တွယ်မယ့် ယာယီနည်းပြကို ရှာဖွေနေပေမယ့် အဆင်ပြေရင်တော့ တခါတည်း အမြဲတမ်းနည်းပြကို ခန့်အပ်သွားမှာပါ။



ဒီအတွက် PSG ကို ကိုင်တွယ်နေတဲ့ နည်းပြပိုချက်တီနို၊ အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်၊ ရီးရဲယ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းတို့က သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့်လည်း အခု နောက်ဆုံးရရှိတဲ့သတင်းအရ ပိုချက်တီနိုအတွက် ဆွေးနွေးဖို့ PSG ဘက်က ဆန္ဒမရှိပါဘူး။

ဇီဒန်းဘက်ကလည်း ယူနိုက်တက်ကို ငြင်းဆန်ထားပြီး လက်ရှိအချိန်မှာ တခုတည်းသော အကောင်းဆုံးရွေးချယ်စရာအဖြစ် အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်ခ်သာရှိတယ်လို့ဆိုရမှာပါ။ အဲရစ်တန်ဟက်ခ်ကတော့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုခံရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာ ဗန်ဒါဗတ်ကလည်း ယူနိုက်တက်ရဲ့ နည်းပြရှာဖွေရေးကိစ္စတွေအပေါ်မှာ သုံးသပ်ပြောကြားလာခဲ့ပါတယ်။

ဗန်ဒါဗတ်က “ခင်ဗျားတို့ ယူနိုက်တက်သာ ကမ်းလှမ်းလာရင် မသွားနိုင်ဘူးလို့ မပြောနိုင်ဘူး မဟုတ်လား? ယူနိုက်တက်က ခင်ဗျားကို လိုချင်တယ်ဆိုရင်တော့ ခင်ဗျားသွားရမှာပဲ။ အဲ့ဒီအတွက်တော့ ခင်ဗျား ကိုယ်လိုချင်တဲ့ အချက်တခုကို ကိုယ်တိုင်သတ်မှတ်ရမှာပေါ့”

“အဲရစ်တန်ဟက်ခ် အင်္ဂလန်မြေမှာ သူ့ကိုယ်သူ သက်သေပြနိုင်မလား ကျနော် သေချာတော့ မပြောတတ်ပါဘူး။ ကျနော်ထင်ပါတယ်။ သူ့ကိုယ်သူ ပြည့်ဝအောင် ဖြည့်ဆည်းစရာတွေ လိုအပ်နေဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ကာရစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး မနေ့က ချန်ပီယံလိဂ်အဝေးကွင်းပွဲအဖြစ်ကစားခဲ့တဲ့ ဗီလာရီးရဲယ်နဲ့ပွဲမှာတော့ ယူနိုက်တက်တို့ ရော်နယ်ဒို၊ ဆန်ချိုတို့ရဲ့ ဂိုးတွေနဲ့အတူ (၂) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က