တကယ့်ကို ပွင့်လင်းလွန်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသလို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး အမြဲတမ်း ပျော်ပျော်ေ နတတ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခံယူချက်လေးတွေက ရိုးရှင်းပြီး အတုယူစရာ အရမ်းကောင်း လှပါတယ်။ ခိုင်သင်းကြည်ရဲ့ ခံယူချက်လေးတွေက ဘာတွေဖြစ်မလဲ။


 

သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသလို ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပြီး အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ သရုပ်ဆောင် ခိုင်သင်းကြည်ရဲ့ ခံယူချက်လေးတွေက ရိုးရှင်းပြီး အတုယူစရာ အရမ်းကောင်းလှပါတယ်။ အပြိုင်အဆိုင်တွေနဲ့ ရှုပ်ယှက် ခက်နေတဲ့ အနုပညာလောကကြီးမှာ ပရိသတ်တွေ လေးစားအားကျရတဲ့ အနုပညာရှင်တွေဟာ အရမ်းကို ရှားပါးနေတာ တွေ့ရပါတယ်။

အဲ့လိုအနုပညာရှင်တွေကြားထဲမှာ သူမကတော့ အခုထိ အောင်မြင်မှုကို ရေရှည်စွာ ထိန်းသိမ်းနိုင်သူ တစ်ဦးဆိုလည်းမမှားပါဘူး။ ဒီလို အရှုပ်တွေကြားထဲမှာ မခိုင်လေးတစ်ယောက် ဘယ်လိုနေထိုင်လဲဆိုတာကိုလည်း ယခုလို ပြောပြထားတာတွေ့ရပါတယ်။

 

"မခိုင်က စိတ်ရှင်းရှင်းပဲ ထားတယ်။ မခိုင် ပြိုင်လည်း မပြိုင်ချင်ဘူး။ သူ့လောက်မှ မလှလို့ဆိုပြီး ဝမ်းနည်းတာတွေဘာတွေလည်း မဖြစ်ဘူး။ သူလောက်မှ မချမ်းသားလည်း ငါမချမ်းသာရခြင်းဆိုပြီး စိတ်မဆင်းရဲဘူး။ သူတို့တွေ ဝတ်နိုင်တယ်။ စားနိုင်တယ်။ လှနိုင်တယ်ဆိုရင် ကိုယ်ပျော် ပေးတတ်တယ်။ မခိုင်ကတော့ အဲ့လိုစိတ်လေးထားတယ်။" လို့ စက်တင်ဘာ(၉)ရက်နေ့က ပြုလုပ်တဲ့ "၁၂ပွဲဈေးသည်" ရုပ်ရှင် ဇာတ် ကား ကန်တော့ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

လှလို့ မင်းသမီး ဖြစ်လာတာမဟုတ်ပါဘူးဆိုတဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်ဟာ အနုပညာလောကထဲ ဝင်ခါစမှာ လူမှုဆက်ဆံရေးနဲ့ ပတ်သက်ပြီး သိပ်မကောင်းဘူးလို့ သိရပါတယ်။ အခုမှ လူမှုဆက်ဆံ ရေးပိုင်းမှာ ကောင်းလာတာဆိုပြီး မီဒီယာတွေကို ဆက်လက်ပြောပြထားတာတွေ့ရပါတယ်။

"အခုမှပဲ မခိုင်လေးက လူမှုရေးလေး ကောင်းလာတာ။ စဝင်ခါစတုန်းက မခိုင်က မခိုင်က ငယ်ငယ်တုန်းကဆိုရင် မိန်းကလေး ကျောင်းတွေပဲ တက်တယ်။ အဖေကလည်း ဘယ်မှ မလွှတ်တော့ ယောကျ်ား လေး အပေါင်းအသင်းမရှိတော့ စဝင်ခါစတုန်းကဆိုရင် မင်းသားတွေကို စကားမပြောတတ်ဘူးတချို့မင်းသားတွေဆို အမြင်ကပ်တယ်။ မရိုက်ချင်ကြဘူး။ အခုကျတော့ အရင်တုန်းကနဲ့ တခြားဆီပဲ အခုတော့ ကိုယ့်အသံကြီးပဲ။" ဆိုပြီး ပြောပြခဲ့ပါသေးတယ်။

 

လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုုက်ဆိုသလို ရိုက်ကူးနေတဲ့ ခိုင်သင်းကြည်ဟာ အောက်တိုဘာလထဲတွင်လည်း နေခြည်ဦးတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ ရှိသလို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးမယ့်  "၁၂ပွဲဈေးသည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးမှာလည်း ပါဝင်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

ဒရာမာဇာတ်ကားရော၊ ဟာသဇာတ်ကားရော၊ အချစ်ဇာတ်ကား၊ အကြမ်း ဇာတ်ကားတွေ ရိုက်ကူးရတဲ့အခါ ကာရိုက်တာတိုင်းအတွက် ပီပီ ပြင်ပြင် သရုပ်ဆောင်တတ်တဲ့ ခိုင်သင်းကြည်ကိုလည်း ဒီဇာတ်ကားထဲမှာ သနပ်ခါးသည်မလေး ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

'' မခိုင်ရဲ့ ကာရိုက်တာလေးကတော့ မြင်နေကြအတိုင်းပဲပေါ့နော်။ သွက်သွက်လက်လက်လေးနဲ့ ဈေးရောင်းရမယ်။ ဈေးသည် ကာရိုက် တာ လေးပါ သနပ်ခါးရောင်းရမယ်။ ကိုယ်တိုင်လည်း သနပ်ခါးလိမ်းရမယ်၊ ပွဲဈေးတိုင်းမှာလည်း ဈေးလိုက်ရောင်းရမယ်ပေါ့နော်၊ ဟိုဘက်က ကိုလူမင်းတို့ ရွှေမှုံရတီတို့လည်း အဲ့ဒီလိုပါပဲ'' လို့ သူကပြောပါတယ်။

 

၁၂ ပွဲဈေးသည် ရုပ်ရှင်ဇာတ်ကားကြီးဟာ တော်ဝင်မင်းသား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မယ့် ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ နဲ့ ဝါဝါအောင်တို့က အဓိကပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က