လူစားလဲမှုတွေက အငြင်းပွားစရာရှိခဲ့တာပါ။

လီဗာပူးပရိသတ်တွေဟာ မနေ့ညက အတ္တလန်တာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်က ကလော့ပ်ရဲ့ လူစားလဲမှုတွေနဲ့ ပတ်သက်လို့ ဒေါသထွက်နေကြကြောင်း သိရှိရပါတယ်။ အတ္တလန်တာကွင်းမှာ လီဗာပူးတို့ ဆာလာရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ဒါပေမယ့် ပထမအကျော့ အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ လီဗာပူးတို့ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒုတိယအကျော့မှာ လီဗာပူးတို့ Comeback ပြန်လာနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ပွဲကစားချိန် (၇) မိနစ်မှာတင် ဆာလာက လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့တာကြောင့် မျှော်လင့်ချက်တွေ ပိုမိုရှင်သန်လာခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးတဲ့အထိ တစ်ဂိုးမှ ထပ်မသွင်းနိုင်တော့ဘဲ ဒုတိယပိုင်းမစခင် လူစားလဲမှုတွေက လီဗာပူးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

ကလော့ပ်ဟာ ပထမပိုင်းအပြီးမှာ ဆာလာ၊ လူးဝစ်ဒီယက်ဇ်တို့အစား ဂျိုတာနဲ့ ဒါဝင်နူးညက်ဇ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။​ဒါပေမယ့် ခြေစွမ်းပိုင်းဆိုးရွားနေတဲ့ ကာတစ်ဂျုံးစ်ကိုတော့ ပွဲပြီးတဲ့အချိန်အထိ ကွင်းထဲမှာ ထားကစားခဲ့ပြီး ဒီလုပ်ရပ်အပေါ် လီဗာပူးပရိသတ်တွေက စိတ်ပျက်ဒေါသထွက်နေကြတာပါ။

လီဗာပူးပရိသတ်တွေက “ကာတစ်ဂျုံးစ်ကို ပွဲချိန်ပြည့်သုံးသွားတာက တကယ့် ရာဇဝတ်မှုလိုပါပဲ”​ “ကာတစ်ဂျုံးစ်က ကွင်းထဲမှာ ဘာလို့ အဲ့ဒီလောက်ရှိနေခဲ့ရတာလဲ။ တကယ်ကို ရယ်စရာပါပဲ”​လို့ အမျိုးမျိုး ဝေဖန်မှတ်ချက်ပြုနေကြပါတယ်။ ဒါ့အပြင် ကလော့ပ်ဟာ ဒုတိယပိုင်းမှာလည်း အာနိုးလ်အစား ဂျိုးဂိုးမက်ဇ်ကို ထည့်သွင်း အသုံးပြုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က