ယုန်လေးဟာ နောက်ထပ် ဇာတ်ကားတစ်ကား ဖန်တီးဖို့အတွက် ဇာတ်ညွှန်းရေးဆရာအမြန်ဆုံး ရှာဖွေနေတယ်လို့ သိရပါတယ်။ ဇာတ်ကား ကောင်းတွေကို အမြဲ ဖန်တီးချပြလေ့ရှိတဲ့ ယုန်လေးကတော့ မကြာခင်က ရုံတင်ပြသခဲ့တဲ့ Special 9 ရုပ်ရှင် ဇာတ် ကား ကလည်း အောင်မြင် မှု တွေအများကြီးရရှိခဲ့ပါသေးတယ်။
Photo: ယုန်လေးဖေ့စ်ဘွတ်
ယုန်လေးတစ်ယောက် စိတ်တူကိုယ်တူ ဇာတ်လမ်း၊ ဇာတ်ညွှန်းသမား အသစ်တစ်ယောက် လိုနေတယ်လို့ ဆိုပါတယ်။ ဇာတ်ကားကောင်းတွေ ကို အများကြီး ဖန်တီးတတ်တဲ့ သူ့အနေနဲ့ ဇာတ်ကားတစ်ကားလုံးရဲ့ အစအဆုံးကို သူနဲ့အတူ အိုင်ဒီယာကောင်းကောင်း လုပ်ပေးနိုင်တဲ့ လူငယ် တစ်ယောက်ဖြစ်ရမယ်လို့လည်း သူကဆိုပါတယ်။
'' မရိုက်မချင်း ဒီတစ်ဇာတ်ထဲခေါင်းထဲထည့်ပြီး စဉ်းစားမယ့် ကျွန်တော့်ကိုဝိုင်းကူမယ့် အမြဲတွေးနေမယ့် ဇာတ်လမ်း ဇာတ်ညွန်းသမား အသစ် တစ်ဦး အလိုရှိပါသည်ခင်များ ။ ပိုက်ဆံ နဲ့တွက်လျင် အဆင်ပြေမည်မဟုတ်ပါ ။ တစ်ကားထဲကို အချိန်အများကြီးပေးရမည့် အတွက်။ အနု ပညာ အလုပ်လုပ်ဖို့ တွက်ကြွနေမည့် လူငယ်များကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပါသည်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: ယုန်လေးဖေ့စ်ဘွတ်
မကြာခင်က သူကိုယ်တိုင်ရိုက်ကူးထားတဲ့ Special 9 ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ
မြင့်မြတ်၊ ယုန်လေး၊ နိုင်းဝမ်း၊ ထူးအယ်လင်း၊ ထက်ယံ၊ သားသား၊ Ice Cold၊ Okka၊ ဆူဇီ၊ ခိုင်မြတ်သဇင်၊ စိုးနန္ဒာကျော်၊ ပန်းနုတို့အပြင် အခြားသော အနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။
အာဇာနည်ကို ကျေးဇူးတင်ကြောင်း ရင်ဖွင့်လာတဲ့ ယုန်လေး
Special 9 ရုပ်ရှင်ဇာတ်ကားဟာ အက်ရှင်ကား စစ်စစ် ဖြစ်တယ်လို့ ယုန်လေးက ဆိုပါတယ်။ဒီဇာတ်ကားကို ယုန်လေးကိုယ်တိုင် ဇာတ်ညွှန်း နဲ့ ဒါရိုက်တာ ပထမဆုံး ဆောင်ရွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးဟာ တရုတ်ပြည်မှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ယုန်လေးက Duwun Media ရဲ့ အင်တာဗျူးမှာ ပြောပြထားပါသေးတယ်။
Photo: ယုန်လေးဖေ့စ်ဘွတ်
ယုန်လေးက သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။