In partnership with  logo
Perfect CV တစ်စောင်ဖြစ်စေဖို့အတွက်ဆိုရင် အချက် ၅ ချက်လိုပါတယ်။

အလုပ်လျှောက်တော့မယ့် အလုပ်လိုချင်တဲ့ Fresher လေးတွေအတွက် အလုပ်ခန့်မယ့်သူက ကိုယ့်ကို လုပ်ငန်းအတွေ့အကြုံမရှိတာတောင် သဘောကျပြီး အလုပ်ခန့်ချင်စိတ် ရှိသွားစေမယ့် Perfect CV တစ်စောင် ဘယ်လို ရေးသားရမလဲဆိုတာကို ပြောပြချင်ပါတယ်။

ဒီလို Perfect CV တစ်စောင်ဖြစ်စေဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ အချက် ၅ ချက် ပါအောင် ထည့်ပေးပါ။



၁။ပညာရေး နဲ့ ရရှိထားတဲ့ ဆုတွေ

ကိုယ်က လုပ်ငန်းအတွေ့အကြုံနဲ့ မဟုတ်ဘဲ ပညာနဲ့ အလုပ်ရှာဖွေရမယ့်သူတစ်ယောက်ဖြစ်တဲ့အတွက် အရေးကြီးဆုံးအချက်ကတော့ ပညာရေးအပိုင်းပါ။ ကိုယ်က ဘယ်ကျောင်းမှာ၊ဘယ်မေဂျာနဲ့ ကျောင်းပြီးထားတယ်။ ဘာကျောင်းတွေ တက်ခဲ့တယ်ဆိုတာကို တိတိကျကျရေးပေးဖို့ လိုပါလိမ့်မယ်။ ကျောင်းမှာ ရရှိဖူးတဲ့ ဆုတွေ၊ Achievement တွေကိုလည်း မဖြစ်မနေ ထည့်ရေးပေးဖို့ လိုအပ်ပါတယ်။

၂။Certificates

သင်က လုပ်ငန်းအတွေ့အကြုံမရှိပေမယ့်လည်း ဘယ်အရာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလဲ၊ ဘာတွေတတ်ထားသလဲဆိုတာ ပြောပြဖို့ လိုပါတယ်။ဒါကြောင့် ကိုယ်တက်ထားတဲ့ သင်တန်းတွေ၊ Online Class တွေရှိခဲ့မယ်ဆိုရင်လည်း အဲဒီက ရရှိထားတဲ့ Certificate တွေကို ကိုယ့်ရဲ့ CV Form မှာ စုံစုံလင်လင် ထည့်သွင်းပေးပါ။

 ၃။အဖွဲ့ဝင်ထားတဲ့ အဖွဲ့အစည်း

အခုနောက်ပိုင်း လူငယ်တွေက အဖွဲ့အစည်းတွေ တည်ထောင်ထားတာ ၊ အဖွဲ့ဝင်အဖြစ် လုပ်ကိုင်ဆောင်ရွက်ထားတာတွေ ရှိသလို International အဖွဲ့အစည်းတွေမှာတောင် အဖွဲ့ဝင်အနေနဲ့ ဝင်ရောက်ထားတဲ့ သူတွေရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ CV Form မှာ ကိုယ်ဝင်ရောက်ဖူးတဲ့၊ ဝင်ရောက်ထားတဲ့ အဖွဲ့အစည်းတွေအကြောင်းကို မမေ့မလျော့ ထည့်ပေးဖို့ လိုပါလိမ့်မယ်။

ကိုယ်က လုပ်ငန်းအတွေ့အကြုံရှိသူမဟုတ်တဲ့အတွက် ကိုယ်သင်ယူတတ်မြောက်ထားတဲ့ အရာတွေကို ပြည့်ပြည့်စုံစုံ ထည့်ဖို့ လိုပါတယ်။

၄။လုပ်နိုင်စွမ်းရည်

ဒါကတော့ အရမ်းအရေးကြီးပါတယ်။ အလုပ်အကိုင်အတွေ့အကြုံ မရှိသေးတဲ့သူအနေနဲ့ ရရှိထားတဲ့ ပညာရေး နဲ့ လုပ်နိုင်စွမ်းရည်တို့ကို အားကိုးပြီး လုပ်ရမယ့်သူ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လုပ်နိုင်စွမ်းရည်တွေ၊ လုပ်တတ်တဲ့ Skills တွေကို ပြည့်ပြည့်စုံစုံ CV Form ထဲမှာ ထည့်ရေးပေးဖို့ လိုကိုလိုပါတယ်။ ဥပမာ - သင်တန်းမတက်ထားပေမယ့် ကိုယ်တတ်ကျွမ်းနေတဲ့ အရာတွေရှိရင် ထည့်ပေးရမှာပါ။


၅။အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖူးတာတွေ

လုပ်ငန်းအတွေ့အကြုံမရှိပေမယ့် ကျောင်းက အလုပ်သင်အဖြစ် ဝင်ရောက်ဖို့ လိုအပ်တဲ့အတွက် ဝင်ရောက်ထားတဲ့ ကုမ္ပဏီတွေ ၊ လုပ်ငန်းတွေ ရှိခဲ့မယ်ဆိုရင်လည်း ဒီလိုအရာတွေကို CV Form မှာ ထည့်ရေးပေးဖို့ လိုအပ်ပါတယ်။ အလုပ်သင်အဖြစ်ဝင်ရောက်ချိန်မှာလည်း ကိုယ့်ကို Recommend ပေးနိုင်မယ့် သက်ဆိုင်ရာလူကြီးကို Reference အနေနဲ့ CV Form မှာ ထည့်သွင်းရေးသားခွင့်ပြုဖို့ တစ်ခါတည်း တောင်းဆိုထားဖို့ လိုအပ်ပါတယ်။

ဒီအချက် ငါးချက်ကို သာ CV Form ထဲမှာ ထည့်သွင်းရေးသားလိုက်မယ်ဆိုရင် အလုပ်အတွေ့အကြုံမရှိပေမယ့်လည်း အလုပ်ခန့်မယ့်သူတွေအတွက် မျက်စိကျစရာဖြစ်နေမှာ ကျိန်းသေပါတယ်။ အလုပ်လျှောက်လွှာကို ကောင်းကောင်းပြင်ဆင်တတ်ပြီဆိုရင်တော့ သင်လိုချင်တဲ့ အလုပ်တွေကိုလည်း လျှောက်ထားနိုင်ပြီပေါ့။ ချက်ချင်းလျှောက်ထားချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေ အလုပ်လျှောက်နိုင်မယ့်https://www.myjobs.com.mm/မှာ သင်လိုချင်တဲ့ အလုပ်တွေကို ရှာဖွေလျှောက်ထားကြည့်လိုက်နော်။


Share

Loading Next Article...
က္က