In partnership with  logo
အလုပ်အင်တာဗျူးတိုင်းလိုလိုမှာ မေးလေ့ရှိတဲ့ မေးခွန်း (၇) ခုရှိပါတယ်။

အလုပ်အင်တာဗျူးတိုင်းလိုလိုမှာ မေးလေ့မေးထရှိပြီး အလုပ်ရဖို့အတွက်လည်း အထောက်အကူဖြစ်စေနိုင်တဲ့ မေးခွန်း (၇) ခုရှိပါတယ်။ ဒီမေးခွန်းတွေကိုသာ ပိုင်ပိုင်နိုင်နိုင် ဖြေဆိုထားနိုင်မယ်ဆိုရင် အလုပ်ရဖို့ ကျိန်းသေပြီလို့တောင် ပြောလို့ရပါတယ်။

 အလုပ်အင်တာဗျူးတိုင်းမှာ မေးလေ့ရှိတဲ့ မေးခွန်း (၇) ခုကို ဘယ်လို အကောင်းဆုံး ဖြေဆိုရမလဲဆိုတာက သိပ်ကို အရေးကြီးပါတယ်။



အင်တာဗျူးတွေမှာ မေးလေ့ရှိတဲ့ မေးခွန်း (၇) ခုကတော့

၁။ ကိုယ့်ရဲ့ အားသာချက် နဲ့ ကိုယ့်ရဲ့ အားနည်းချက်

အင်တာဗျူးတွေမှာ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ လို့ မေးတတ်ကြပါတယ်။ ဒီမေးခွန်းအတွက် ကြိုတင်သာ မပြင်ဆင်ထားဘူးဆိုရင် ကိုယ့်ရဲ့ Personal အားသာချက်တွေကို သွားဖြေနေမိပါလိမ့်မယ် ၊ တကယ်တော့ အင်တာဗျူးသူလိုချင်တာက ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အားသာချက်ကို ကြားချင်ကြတာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အားသာချက်ကို ကိုယ်လျှောက်ထားတဲ့ Position အလိုက် ပြင်ဆင်ပြီး သေချာယုံကြည်ချက်ရှိရှိနဲ့ ဖြေဆိုတတ်ဖို့ အရေးကြီးပါတယ်။

အားသာချက်တွေကို မေးတတ်သလိုပဲ အားနည်းချက်တွေကိုလည်း မေးတတ်ကြပါတယ်။ အားနည်းချက်ကို မေးတဲ့အခါမှာလည်း ကိုယ့်အားနည်းချက်တွေကို တစ်ဖက်လူ စိတ်ပျက်သွားလောက်အောင် ဖြေနေစရာမလိုပါဘူး။ လုပ်ငန်းအတွက် လိုအပ်မယ်ဆိုရင် တိုးတက်အောင် ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့၊ ကိုယ့်ရဲ့ အားသာချက်တွေ ဖြစ်နိုင်တဲ့ အချက်တွေကိုပဲ အားနည်းချက်အဖြစ် ဖြေဆိုရမှာပါ။

၂။ဘာလို့ အလုပ်ခန့်သင့်တာလဲ

ဒီမေးခွန်းကတော့ ကိုယ့်ရဲ့ အခွင့်အရေးပါပဲ။ ဒီမေးခွန်းကို ကိုယ်ဟာ ဒီအလုပ်နဲ့ ဘယ်လောက်တောင် ကိုက်ညီနေတဲ့ အကြောင်း ဖြေဆိုပေးရမှာပါ။ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေ၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေနဲ့ ကိုယ်လျှောက်တဲ့ အလုပ်ဟာ ဘယ်လောက်ကိုက်ညီပြီး ကိုယ့်ကို မဖြစ်မနေ ခန့်ထားဖို့ လိုအပ်တဲ့ အကြောင်း ဖြေကြရမှာ ဖြစ်ပါတယ်။

၃။ဘယ်တော့ အလုပ်စဆင်းနိုင်မလဲ

ဒီမေးခွန်းကိုလည်း အင်တာဗျူးတွေမှာ မေးတတ်ကြပါတယ်။ ကိုယ်က တစ်ဖက်မှာ အလုပ်ရှိနေရဲ့သားနဲ့ အားရဝမ်းသာ ဘယ်နေ့ဆင်းခိုင်းခိုင်းဖြစ်ပါတယ် ဆိုတာမျိုး ပြောလိုက်တာမျိုးက အင်တာဗျူးသူကို ကိုယ်ဟာ အလုပ်ကို တာဝန်မယူတတ်ဘူး၊ ဖြစ်ကတတ်ဆန်းထားပစ်တတ်သူလို့ မြင်သွားစေနိုင်ပါတယ်။ လက်ရှိအလုပ်ရှိနေတဲ့သူ မဟုတ်တဲ့သူမျိုးအနေနဲ့ ဘယ်နေ့အလုပ်ဆင်းခိုင်းခိုင်း အဆင်ပြေပါတယ်ဆိုတာက ပြဿနာမရှိပေမယ့် လက်ရှိအလုပ်ရှိနေတဲ့ သူအတွက်တော့ ကိုယ် အလုပ်ထွက်ဖို့အချိန်၊ အလုပ်တွေ Handover လွှဲရမယ့်အချိန်တွေကို စဉ်းစားပြီးမှသာ ချင့်ချိန်ဖြေဆိုသင့်ပါတယ်။

၄။နောက် ငါးနှစ်မှာ မင်းကိုဘယ်လိုပုံစံမြင်တွေ့ရမလဲ

ဒီမေးခွန်းမေးရခြင်းရဲ့ အကြောင်းရင်းကတော့ ကိုယ့်ကို ဘယ်လိုရည်မှန်းချက်တွေ ၊ ဘယ်လို ကြိုးစားအားထုတ်မှုတွေ ပြုလုပ်မယ့်သူလဲဆိုတာ သိချင်တဲ့အတွက်မေးတဲ့ မေးခွန်းပါ။ ဒီအလုပ်မှာ သက်တမ်းရှည်ကြာ လုပ်နိုင်မယ့်သူလားဆိုတာကို တစ်ဖက်လှည့်နဲ့ မေးတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကို ဖြေဆိုရာမှာ တရားလွန် စိတ်ကူးယဉ်ဆန်တဲ့အတွေးတွေ လျှောက်ပြောနေတာမျိုး ရှောင်ကြဉ်ရမှာဖြစ်သလို ဘာမှမဖြစ်လာလောက်ဘူးဆိုတာမျိုးလည်း ဖြေဆိုဖို့ အဆင်မပြေနိုင်ပါဘူး။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ၊ ကြိုးစားအားထုတ်မှုတွေနဲ့ဘယ်လိုအခြေအနေမှာ ရှိနေနိုင်မလဲဆိုတာကို လက်တွေ့ကျကျ ဖြေဆိုရမှာ ဖြစ်ပါတယ်။

၅။ကိုယ့်အကြောင်းကိုယ်ပြောပါ

ဒီမေးခွန်းကိုတော့ အင်တာဗျူးစတင်ချိန်မှာ မေးတတ်တဲ့ မေးခွန်းမျိုးပါ။ ကိုယ့်အကြောင်းကိုယ် ပြောပါဆိုရင် ကိုယ့်မိသားစု၊ ကိုယ်ဘယ်မှာနေတာ ၊ ကိုယ့်အသက်က ဘယ်လောက်စသဖြင့် ရွှန်းရွှန်းဝေအောင် ပြောနေဖို့ မလိုပါဘူး။ ဒါက အင်တာဗျူးမေးသူက ကိုယ့်အကြောင်းကို CV ဖောင်မှာ ဖတ်ရှူပြီးသွားပြီဖြစ်တဲ့အတွက် သိသင့်သလောက်တော့ သိနေပါပြီ။ သူသိချင်တဲ့ အကြောင်းအရာကတော့ ကိုယ်က ဘယ်နေရာတွေ ဘယ်လိုရာထူးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အတွေ့အကြုံတွေ ဘယ်လောက်ထိ ရှိသလဲဆိုတာတွေကို သိချင်လို့ မေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် အလုပ်နဲ့ မသက်ဆိုင်တဲ့ တခြားအရာတွေကို အများကြီးဖောင်ဖွဲ့ပြီး ပြောနေစရာမလိုပါဘူး။

ဘာ့ကြောင့် ဒီကုမ္ပဏီ ဒီအဖွဲ့အစည်းမှာ ဘာ့ကြောင့် အလုပ်လုပ်ချင်တာလဲ၊ ဘာ့ကြောင့် အလုပ်လိုချင်တာလဲဆိုတာကို အကောင်းမွန်ဆုံးဖြစ်အောင် ဖြေပေးဖို့တော့ လိုပါလိမ့်မယ်။

၆။ဘာ့ကြောင့် ဒီမှာ အလုပ်လုပ်ချင်တာလဲ

ဒီမေးခွန်းကလည်း အမေးအများဆုံးမေးခွန်းဖြစ်သလို အရေးကြီးတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ကိုယ်က ဘာ့ကြောင့် ဒီကုမ္ပဏီ ဒီအဖွဲ့အစည်းမှာ ဘာ့ကြောင့် အလုပ်လုပ်ချင်တာလဲ၊ ဘာ့ကြောင့် အလုပ်လိုချင်တာလဲဆိုတာကို အကောင်းမွန်ဆုံးဖြစ်အောင် ဖြေပေးဖို့တော့ လိုပါလိမ့်မယ်။ ကိုယ်ကလည်း ကိုယ်အလုပ်လျှောက်ထားတဲ့ကုမ္ပဏီနဲ့ပတ်သက်ပြီး ဘယ်လောက်ထိသိထားသလဲ၊ ဘယ်လောက်ထိ စုံစမ်းထားသလဲဆိုတာကို ပြောပြရမှာဖြစ်ပါတယ်။

၇။ အရင်အလုပ်အကြောင်း

ဒီမေးခွန်းကတော့ တာအသွားဆုံး မေးခွန်းပါပဲ။ ဒီမေးခွန်းမေးလိုက်တာနဲ့ အရင်အလုပ်ရဲ့ မကောင်းကြောင်းတွေ တသီကြီး ပြောနေစရာမလိုပါဘူး။ အင်တာဗျူးသူကလည်း အရင်အလုပ်မကောင်းကြောင်းပြောဆိုနေတာကို လုံးဝကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ ပြောသင့်တာကတော့ အရင်အလုပ်တွေမှာ ကိုယ်ဟာ ဘယ်လောက်တာဝန်ယူဆောင်ရွက်ခဲ့တယ်၊ ဘယ်လိုအတွေ့အကြုံရှိခဲ့တယ် ဆိုတာနဲ့ ကိုယ့်ရဲ့ တိုးတက်မှုလမ်းကြောင်းအတွက် အလုပ်ပြောင်းချင်တဲ့ အကြောင်းကို ရိုးရိုးရှင်းရှင်းလေး ပြောပြပေးရုံပါပဲ။

ဒီမေးခွန်း (၇) ခုကတော့ အလုပ်အင်တာဗျူးတိုင်းမှာ မေးလေ့မေးထရှိပြီးတော့ ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့မယ်ဆိုရင် ကိုယ့်အတွက် အလုပ်ရရှိဖို့ အထောက်အပံ့ကောင်းပေးနိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အင်တာဗျူးမှာ ဘယ်လိုမေးခွန်းတွေ မေးတတ်တယ်ဆိုတာ သိပြီဆိုရင်တော့ ကိုယ်အလုပ်လျှောက်မယ့် ကုမ္ပဏီရဲ့ အကြောင်း ဘာတွေသိထားဖို့လိုသလဲ ဆိုတဲ့ အကြောင်းအရာနဲ့အတူ အွန်လိုင်းကနေ အလုပ်အင်တာဗျူးဖြေရမယ့်သူတွေ မဖြစ်မနေ ပြင်ဆင်ရမယ့် အချက် (၅) ချက် ကို သိသွားပြီဆိုရင်တော့ အလုပ်ရဖို့က ကျိန်းသေနေပါပြီ။ 

လစာများများရနိုင်မယ့် အလုပ်တွေကို လျှောက်ထားချင်တယ်ဆိုရင်တော့ https://bit.ly/34tDQNR ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


 

Share

Loading Next Article...
က္က