In partnership with  logo
အွန်လိုင်းအင်တာဗျူးကို ကြောက်စရာမလိုပါဘူး

ကိုဗစ်ကပ်ရောဂါအကြပ်အတည်းကာလအတွင်း အလုပ်အင်တာဗျူးခေါ်ဆိုမှုတွေဟာ အွန်လိုင်းကနေ သွားကြတာများပါတယ်။ တချို့က အွန်လိုင်းအင်တာဗျူးကို ဒီအတိုင်း Video Chat တစ်ခုလို့ အလွယ်တွေးကြသလို နည်းပညာအားနည်းတဲ့သူတွေကတော့ ကြောက်ကြပါတယ်။



အွန်လိုင်းအင်တာဗျူးကို ပေါ့ပေါ့တန်တန်မတွေးသင့်သလို ကြောက်စရာလည်း မလိုပါဘူး။ ဒီအချက် (၅) ချက်ကိုသာ ပြင်ဆင်ထားလိုက်ပါ။

၁။ သပ်သပ်ရပ်ရပ်ဝတ်စားပါ

အွန်လိုင်းအင်တာဗျူးပဲဆိုပြီး ဖြစ်သလို ဝတ်စားလိုက်လို့တော့ မရပါဘူး။ လူချင်းတွေ့ဆုံသည်ဖြစ်စေ၊ အွန်လိုင်းပေါ်က တွေ့ဆုံသည်ဖြစ်စေ အလုပ်အင်တာဗျူးကို အလေးထားကြောင်း ပြသဖို့အတွက် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်စားထားဖို့ လိုအပ်ပါတယ်။ လူချင်းတွေ့ဆုံအင်တာဗျူးလိုမျိုး ဒါက ကိုယ့်ကို အလုပ်ခန့်ထားမယ့်သူတွေက ပထမဆုံးအကြိမ် လူတွေ့ အကဲခတ်မှာဖြစ်လို့ သူတို့ အမှတ်ပေးချင်စရာ ကောင်းမွန်တဲ့ ဝတ်စားဆင်ယင်မှု ဖြစ်ဖို့လိုပါတယ်။

၂။ အင်တာနက်လိုင်းကောင်းမကောင်းနဲ့ နည်းပညာပိုင်းတွေ စစ်ဆေးပါ

အွန်လိုင်းကနေ အင်တာဗျူးမှာ ဖြစ်တဲ့အတွက် အဆင်ပြေချောမွေ့လွယ်ကူစေဖို့ ကိုယ့်ရဲ့ အင်တာနက်လိုင်း ကောင်းရဲ့လား၊ ဖုန်းဒေတာ နဲ့ အသုံးပြုသူဆိုရင်လည်း ဖုန်းဘေလ် နဲ့ အင်တာနက်ဒေတာ ဘယ်လောက်ရှိနေတာလဲ စိစစ်ထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက အင်တာဗျူးအတွက် အသုံးပြုမယ့် Platform က Skype လား Goggle Meet လား စသဖြင့် သေချာဖို့လိုပါတယ်။ အင်တာဗျူးသူ တွေ့ဆုံလိုတဲ့ Platform ကိုယ့်မှာ အဆင်သင့်ဖြစ်ပြီးသားလား၊ အကောင့်ဖွင့်ပြီးသားလား ကိုယ့်ဆီမှာ အသုံးပြုရ အဆင်ပြေရဲ့လားဆိုတာတွေကို အင်တာဗျူးမပြုလုပ်မီ တစ်ရက်အလိုကတည်းက သေချာစိစစ်ပါ။

အွန်လိုင်းကနေ အင်တာဗျူးမှာ ဖြစ်တဲ့အတွက် အဆင်ပြေချောမွေ့လွယ်ကူစေဖို့ ကိုယ့်ရဲ့ အင်တာနက်ကွန်နက်ရှင် အဆင်ပြေရဲ့လား ၊ ဖုန်းဒေတာ နဲ့ အသုံးပြုသူဆိုရင်လည်း ဖုန်းဘေလ် နဲ့ အင်တာနက်ဒေတာ ဘယ်လောက်ရှိနေတာလဲ စိစစ်ထားဖို့ လိုအပ်ပါတယ်။

၃။ ကွန်ပျူတာကိုသာ အသုံးပြုပါ

ဘယ်လောက်ပဲ ဖုန်းနဲ့ Video Call ပြောတာ အလေ့အကျင့်ဖြစ်နေပါစေ၊ အလုပ်အင်တာဗျူးအတွက် ဖုန်းကို အသုံးမပြုဘဲ ကွန်ပျူတာ(လက်ပ်တော့) ကိုသာ အသုံးပြုစေချင်ပါတယ်။ အလုပ်အင်တာဗျူးဖြေဆိုရာမှာ ကွန်ပျူတာရှေ့ သေသေချာချာ ထိုင်ပြီး စမတ်ကျကျ ဖြေဆိုတာ အကောင်းဆုံးပါပဲ။ ကိုယ့်မှာ ကွန်ပျူတာမရှိဘူးဆိုရင် ရင်းနှီးသူတစ်ယောက်ယောက်ဆီက ငှားရမ်းအသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။

၄။ကိုယ်အသုံးပြုမယ့် နေရာကို သေချာရွေးချယ်ပါ

အွန်လိုင်းအင်တာဗျူးဖြေဆိုဖို့အတွက် ရွေးချယ်ထားတဲ့ ကိုယ် အသုံးပြုမယ့်နေရာကို သတိပြုဖို့ လိုပါတယ်။ ကားသံ၊ ဆူညံသံ၊ ကလေးသံတွေ မဝင်ရောက်နိုင်မယ့် တိတ်ဆိတ်မယ့်နေရာ ၊ အင်တာနက်လိုင်း ကောင်းမယ့်နေရာ နဲ့ ရှင်းလင်းသေသပ်တဲ့နေရာဖြစ်ဖို့ လိုပါတယ်။ ဒီလို စနစ်တကျပြင်ဆင်ထားခြင်းအားဖြင့် အလုပ်အင်တာဗျူးမယ့်သူကလည်း ကိုယ့်ကိုစနစ်တကျရှိသူအဖြစ် သဘောကျနှစ်ခြိုက်သွားမှာပါ။ ဒါကြောင့် ရှင်းလင်းသေသပ်တိတ်ဆိတ်ပြီး လိုင်းကောင်းမယ့်နေရာကို ရွေးချယ်ပါ။

၅။ ကြိုတင်လေ့ကျင့်ကြည့်ပါ

အထက်ကပြောထားတဲ့ (၄)ချက်ကို သေချာပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ကိုယ့်သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးနဲ့ အရင်ဆုံး အစမ်းပြောဆိုကြည့်တာတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ အဲဒါမှ ကိုယ့်ရဲ့ကွန်ပျူတာက အသံချို့ယွင်းချက်ရှိလား၊ လိုင်းတစ်ခုခု အဆင်မပြေမှု ဖြစ်နေသလား စသဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။ အင်တာဗျူးဖြေတဲ့အခါမှာ နည်းပညာပြဿနာတစ်ခုခုကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသွားတာမျိုးဖြစ်နိုင်လို့ ဒီအချက်ကို မဖြစ်မနေလုပ်ဖို့ မှာချင်ပါတယ်။

ဒီအချက် (၅) ချက်ကို သေချာ ပြင်ဆင်ထားမယ်ဆိုရင်တော့ သင့်ရဲ့ အလုပ်အင်တာဗျူးဟာ ကသောင်းကနင်းဖြစ်တာမျိုးမရှိတော့ဘဲ စနစ်တကျနဲ့ အဆင်ပြေသွားမှာဖြစ်သလို အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့အတွက် အင်တာဗျူးသူကလည်း ကိုယ့်ကို သဘောကျသွားမှာသေချာပါတယ်။

အင်တာဗျူးဖြေဆိုချိန်မှာလည်း လုပ်သင့်တာ၊ မလုပ်သင့်တာလေးတွေ ရှိတာမို့ အင်တာဗျူးဖြေဆိုတဲ့အခါ လုံးဝမလုပ်သင့်တဲ့အချက်တွေကိုလည်း လေ့လာထားပါဦးနော်။

လုပ်ငန်းခွင်ဝင်မယ့်သူတိုင်းအတွက် လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုး ဆိုတဲ့ ဆောင်းပါးကလည်း အများကြီး အထောက်အကူပေးနိုင်မှာပါ။

လက်ရှိမှာ အလုပ်လျှောက်ထားဖို့ လိုအပ်နေတဲ့သူဆိုရင်တော့ https://bit.ly/331m1pW မှာ တိုက်ရိုက်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။


Share

Loading Next Article...
က္က