In partnership with  logo
File Sharing app တွေ ရှိထားရင် အလုပ်ခွင်မှာ ပိုမို တွင်ကျယ်မှာပါ

စမတ်ကျတဲ့ Workplace တစ်ခုမှာ Memory Stick မသုံးဘဲ File Sharing လုပ်နေကြပါပြီ။

ပုံမှန်အားဖြင့် သူငယ်ချင်း အချင်းချင်း ဗွီဒီယိုတိုလေးတွေ ၊ File Size သိပ်မကြီးတဲ့ စာဖိုင်တွေဆိုရင် လူမှုကွန်ရက်တွေပေါ်ကနေ ပို့ပေးလို့ ရပါတယ်။ ရုံးလုပ်ငန်းခွင်တွေမှာလို ဖိုင်အကြီးတွေ ပို့မယ်ဆိုရင်တော့ Google Drive လို File Sharing ဝန်ဆောင်မှု သုံးကြရပါတယ်။




Google Drive ကို ဒေတာ Backup သိမ်းဖို့နဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြား ဖိုင်အကြီးတွေ မျှဝေဖို့ သုံးပါတယ်။ OCI အက္ခရာဖတ်နည်းပညာထည့်ထားလို့ သိမ်းထားတဲ့ ဖိုင်တွေကို ပြန်ရှာရ လွယ်ကူပါတယ်။ .သုံးရလွယ်ကူသလို အခမဲ့ Free to Use ပေးထားတာဖြစ်လို့ Google အကောင့်ရှိသူတိုင်း သုံးနိုင်ပါတယ်။ 

ပုံမှန်အားဖြင့် Google Drive ပေါ်မှာ ဒေတာတွေမျှဝေဖို့ အခမဲ့ storage အနေနဲ့ 15GB ပေးထားပါတယ်။ paid service plan အနေနဲ့ 100GB ကို တစ်လ ၁.၉၉ ဒေါ်လာနဲ့ တစ်နှစ်စာ ၁၉.၉၉ ဒေါ်လာ ကောက်ခံပါတယ်။ 200GB storage ဝယ်မယ်ဆိုရင် တစ်လ ၂.၉၉ ဒေါ်လာ နဲ့ တစ်နှစ်စာ ၁၉.၉၉ ‌ဒေါ်လာကျသင့်ပါတယ်။


လုပ်ငန်းခွင်မှာ သုံးနေကြတဲ့ ဖိုင်ဆိုဒ်အကြီးတွေ ပို့မယ်ဆိုရင် Google Drive အပြင် အသုံးတည့်မယ့် တခြား File Sharing apps တစ်ချို့လည်း ရှိပါသေးတယ်။

ကိုယ်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတာပဲ ဖြစ်ဖြစ် အပြင်မှာ အလွတ်တန်း Freelancer တစ်ယောက်အနေနဲ့ပဲ ရပ်တည်ရပ်တည် နောက်ဆုံး သူငယ်ချင်းတွေနဲ့ Funny Video လေးတွေ Share တာအထိ File Sharing လုပ်မယ်ဆိုရင် ဒီ app လေးတွေ ထည့်ထားသင့်ပါတယ်။

Photo: itechguides

(၁) DropBox


File Sharing ဝန်ဆောင်မှုတွေထဲမှာ Google Drive လိုပဲ နာမည်ကြီးတာက Dropbox ဖြစ်ပါတယ်။ Free သုံးလို့ရပြီး Dropbox အကောင့်တစ်ခုမှာ storage space အနေနဲ့ 2GB ရပါတယ်။ သုံးတဲ့သူများပြီး အသုံးပြုဖို့ လွယ်ပေမယ့် Google Drive လောက် storage space ပေးမထားတာလေးကတော့ သူ့ရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။


(၂) Microsoft OneDrive


Google Drive နဲ့ ယှဉ်ပြိုင်နိုင်မယ့် cloud storage service တစ်ခုပါ။ OneDrive ကတော့ storage ကို 5GB အထိ free ပေးသုံးပါတယ်။ 4GB အရွယ်အစား folder တစ်ခုလုံးကို ZIP file အဖြစ် ချုံ့ပြီး ဒေါင်းလုပ်ဆွဲလို့ ရမှာပါ။ Microsoft Office 365 subscriber တွေအတွက်ကတော့ storage ကို 1TB အထိ ပေးသုံးထားပါတယ်။ 

(၃) WeTransfer


File-sharing ပလက်ဖောင်းတွေထဲမှာ နာမည်ကြီးတဲ့ WeTransfer ဟာ Free သုံးနိုင်ပြီး registration လုပ်စရာလည်း မလိုတဲ့ ဝန်ဆောင်မှုပါ။ File တွေ ပေးပို့ရတာ လွယ်ပါတယ်။ ကိုယ်ပို့မယ့် ဖိုင်တွေ ရွေးပြီး ကိုယ်ပေးပို့ချင်သူရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။ WeTransfer ရဲ့ အားနည်းချက်က files တွေကို 2GB အထိပဲ Free ပို့လို့ ရတာ ဖြစ်ပါတယ်။


(၄) Box


DropBox နဲ့ နာမည်ချင်း ဆင်တဲ့ File Sharing Services ပါ။ Box ကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ IT ကဏ္ဍတွေမှာ Cloud ပေါ်ကနေ ဖိုင်တွေ Share/Edit လုပ်နိုင်ဖို့ အထူးဒီဇိုင်းထုတ်ထားတာပါ။ ကွန်ပျူတာထဲကနေ Box cloud ပေါ်ကို Data တွေ ချောချောမွေ့မွေ့ Transfer လုပ်နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ 

ကိုယ့်ဖိုင်တွေကို ဘယ်သူတွေပဲ ကြည့်လို့ရမယ် ၊ Share/Edit နဲ့ file upload နိုင်မယ်ဆိုပြီးလည်း ထိန်းချုပ်လို့ရပါတယ်။ security နဲ့ privacy ကောင်းပြီး Free Account ကနေ storage 10GB အထိ မျှဝေနိုင်အောင် လုပ်ထားပါတယ်။ ဖိုင်ဆိုဒ်အနေနဲ့တော့ 250MB အထိပဲ ကန့်သတ်ထားတဲ့ အားနည်းချက်တော့ ရှိပါတယ်။

အလုပ်လျှောက်ထားလိုသူတွေအနေနဲ့လည်း https://bit.ly/36dK86C ဒီမှာတိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က