In partnership with  logo
ဒီလိုအချိန်မှာ ပိုသိထားသင့်ပါတယ်။

ဝန်ထမ်းတစ်ယောက်မှာလည်း သူ့ရဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေ ရှိပါတယ်၊ ဒီလိုကပ်ရောဂါအကြပ်အတည်းကာလအချိန်မှာတော့ ဝန်ထမ်းတစ်ယောက်ဟာ ဘယ်လို ရပိုင်ခွင့် ၊ ဘယ်လို အခွင့်အလမ်းတွေ ရှိသလဲဆိုတာကို ပိုပြီးတော့ သိသင့်ပါတယ်။



ထိုက်သင့်တဲ့ အလုပ်ချိန်

ဝန်ထမ်းတစ်ယောက်မှာ ထိုက်သင့်တဲ့ အလုပ်ချိန်ဆိုတာ ရှိပါတယ်၊ ဝန်ထမ်းတစ်ယောက်ကို သူ့ရဲ့ အလုပ်ချိန်ထက် ပိုကျော်လွန်ပြီး ခိုင်းစေတာမျိုး လုပ်ခွင့်မရှိပါဘူး၊ အလုပ်သမားတစ်ယောက်ဟာ တစ်နေ့ကို (၈) နာရီသာ အလုပ်လုပ်ရမှာဖြစ်ပြီးတော့ ရက်သတ္တပတ်ကိုတော့ (၄၈) နာရီ အလုပ်လုပ်ရမှာဖြစ်ပါတယ်၊ ညဉ့်သန်းခေါင် (၁၂) နာရီထက် ကျော်လွန် လုပ်စေတာမျိုး မပြုလုပ်ရပါဘူး။ (ဒီနေရာမှာတော့ လုပ်ငန်းအမျိုးအစားအလိုက် ကွဲပြားမှုရှိပါတယ်)

ထိုက်သင့်တဲ့ လုပ်အားခ

ဝန်ထမ်းတစ်ယောက်မှာ ထိုက်သင့်တဲ့ အလုပ်ချိန်နဲ့အတူ ထိုက်သင့်တဲ့ လုပ်အားခလည်း ရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခွန်အား ၊ ဉာဏ ၊ အချိန်တွေ ပေးထားရတာတွေနဲ့ ထိုက်တန်တဲ့ လစာကို ရရှိခြင်း၊ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လုပ်ခလစာတိုးတာတွေကလည်း ဝန်ထမ်းတစ်ယောက် ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်ပါပဲ။

ဝန်ထမ်းတစ်ယောက်မှာ ထိုက်သင့်တဲ့ အလုပ်ချိန်နဲ့အတူ ထိုက်သင့်တဲ့ လုပ်အားခလည်း ရှိဖို့လိုအပ်ပါတယ်

ခွင့်ရက် နဲ့ ပိတ်ရက်တွေ

အလုပ်သမားတွေအတွက် ခွင့်ရက် နဲ့ ပိတ်ရက်တွေဟာလည်း တကယ်တော့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေပါပဲ။ အလုပ်သမားတစ်ယောက်အနေနဲ့ ကိုယ့်အတွက် တစ်နှစ်တာမှာ ဘယ်လောက် ခွင့်ယူလို့ရနိုင်တယ်၊ ဘယ်လို ခွင့်အမျိုးအစားတွေ ရှိတယ်ဆိုတာ သိကို သိထားသင့်ပါတယ်။

အချိန်ပိုဆင်းရတာတွေနဲ့ အချိန်ပိုကြေးတွေ

လုပ်ငန်းခွင်အတွင်းမှာတော့ အိုဗာတိုင်ချိန် နဲ့ အိုတီကြေးရယ်လို့ ခေါ်တတ်ကြပါတယ်။ အချိန်ပိုကို တစ်ပတ်မှာ (၁၂) နာရီထက် ပိုပြီး ခိုင်းစေလို့ မရသလို ဝန်ထမ်းဘက်က အချိန်ပို မဆင်းချင်ရင်လည်း ငြင်းဆန်ပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှု

ဝန်ထမ်းတစ်ယောက်အတွက် လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးကလည်း ရပိုင်ခွင့်ထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့်ပဲ ခုလို ကိုဗစ်ကာလမှာ လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေ ရောဂါကူးစက်မှု မရှိစေဖို့အတွက် အိမ်ကနေ အလုပ်လုပ်စေတာ၊ လုပ်ငန်းခွင်တွင်း လိုက်နာရမယ့် ကိုဗစ်စည်းကမ်းတွေကို လိုက်နာစေတာတွေ ပြုလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ကိုဗစ်ဟာ ကာလရှည်ကြာ ဖြစ်ပွားလာနိုင်တဲ့အတွက် ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ဆိုတာထက် အလုပ်ရှင် ၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။

ဒါတွေကတော့ ဝန်ထမ်းတိုင်း သိထားသင့်တဲ့ အခြေခံရပိုင်ခွင့်တွေပါပဲ။ ဝန်ထမ်းတွေအနေနဲ့လည်း ကုမ္ပဏီနဲ့ စာချုပ် မချုပ်ဆိုခင်မှာ စာချုပ်ပါအချက်အလက်တွေကို သေချာဖတ်ရှူပြီး မေးမြန်းသင့်တာ မေးမြန်းပြီးမှသာ လက်မှတ်ထိုးသင့်ပါတယ်။

ဒီလို ကိုယ့်ရဲ့ အခြေခံရပိုင်ခွင့်တွေကို သိရှိပြီးသွားပြီဆိုရင်တော့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို ဆုံးရှုံးရတာမျိုးတွေ မရှိနိုင်တော့ပါဘူး။ ဒါတွေတင်သာမက ဒီလို အချိန်မှာ သင်ဟာဝန်ထမ်းတစ်ဦးဆိုရင်

ကိုဗစ်ကာလမှာ သင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှု ၄ ခု ကိုလည်း လေ့လာထားသင့်ပါတယ်။ မဖြစ်မနေ အလုပ်တစ်ခု လိုချင်နေသူဆိုရင်တော့ ကပ်ရောဂါ အကြပ်အတည်းကာလမှာ လျှောက်နိုင်တဲ့ အလုပ်အကိုင် (၆) နေရာကို ကြည့်ရှုလိုက်ပါနော်။ လတ်တလောခေါ်ယူနေတဲ့ အလုပ်အကိုင်တွေကိုပါ ဖော်ပြပေးထားတာမို့ တစ်ခါတည်း အလုပ်လျှောက်ထားလို့ ရနိုင်ပါတယ်။ အလုပ်လျှောက်ချင်တဲ့သူတွေအနေနဲ့လည်း ကိုယ်နဲ့ ကိုက်ညီမယ့်၊ ကိုယ်လျှောက်ချင်တဲ့ အလုပ်အကိုင်တွေကို https://www.myjobs.com.mm/ကနေတဆင့် ရှာဖွေလျှောက်ထားလိုက်ပါနော်။



Share

Loading Next Article...
က္က