In partnership with  logo
ဒီလိုကြပ်တည်းတဲ့ ကိုဗစ်ကာလမှာမှ အလုပ်ရှာနေတယ်ဆိုရင်တော့ ဒီအချက်တွေ သိထားသင့်ပါတယ်။

ကိုဗစ်ကာလမှာ အလုပ်ထွက်လိုက်ရတဲ့သူတွေ၊ အလုပ်ထုတ်ခံလိုက်ရတဲ့သူတွေအနေနဲ့ ဒီအချိန်မှာတော့ အပူတပြင်းအလုပ်ရှာနေကြမှာ ကျိန်းသေပါတယ်။ ဒီလိုကာလမှာ အလုပ်ရှာမယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် နဲ့ ကိုယ်လိုချင်တဲ့ အလုပ်ကို ရရှိနိုင်ဖို့အတွက် အချက် (၅) ချက်ကို သိထားသင့်ပါတယ်။ 

၁-အလုပ်ခေါ်နေတဲ့နေရာတွေကို လေ့လာပါ

ဘယ်လိုနေရာတွေက လက်ရှိမှာ အလုပ်တွေခေါ်ယူနေတာလဲဆိုတာကို သိထားပါမှ အလုပ်ရှာဖွေရတာ လွယ်ကူပါလိမ့်မယ်။ အလုပ်အကိုင်အေဂျင်စီတွေ၊ အလုပ်ခေါ်စာတွေ အဆက်မပြတ်တင်ပေးနေတဲ့ အလုပ်တိုက်ရိုက်လျှောက်လို့ ရနိုင်မယ့် My Jobs လို နေရာတွေကို အဆက်မပြတ် ကြည့်ရှူနေဖို့ လိုပါတယ်။ 



 ၂-အလုပ်လျှောက်ရာမှာလိုအပ်တဲ့ စာရွက်စာတမ်းတွေကို Soft Copy အဖြစ်ပြင်ဆင်ထားပါ

ဒီလို Stay Home ကာလမှာ အပြင်ထွက် အလုပ်ရှာဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ အွန်လိုင်းကနေသာ အလုပ်ရှာဖွေရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ်လျှောက်လွှာတွကိုလည်း အွန်လိုင်းကနေ အလွယ်တကူလျှောက်ထားလို့ရအောင် Soft Copy ပြင်ဆင်ထားဖို့ လိုအပ်သလိုပဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေကိုလည်း Document အနေနဲ့ ကိုယ့်ဖုန်းထဲ ကိုယ့်လပ်တော့ထဲမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ 

၃-ဆိုရှယ်မီဒီယာပိုင်း ကျွမ်းကျင်စွာ အသုံးပြုတတ်အောင် သင်ယူပါ

အထက်ကပြောသလိုပါပဲ။ အလုပ်ကို အွန်လိုင်းကနေ လျှောက်ရတာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ အရင်က ဆိုရှယ်မီဒီယာပိုင်းနဲ့ ကျွမ်းဝင်မှုမရှိခဲ့ဘူးဆိုရင်တောင် ခုချိန်မှာ မဖြစ်မနေ လေ့လာရတော့မယ့်အချိန်ဖြစ်နေပါပြီ။ ဆိုရှယ်မီဒီယာပိုင်းပေါ်က အလုပ်အကိုင်အခွင့်အလမ်းတွေရှာဖွေရတာ လွယ်ကူစေဖို့ ဆိုရင်တော့ ဆိုရှယ်မီဒီယာကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတအောင်လေ့လာသင့်ပါတယ်။ Linkedin Profile ဖွင့်ထားမယ်ဆိုရင်လည်း အလုပ်ရှာဖွေတဲ့ နေရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။ 

မဖြစ်မနေ လေ့လာထားရမှာကတော့ Digital Platform အသုံးပြုမှုအပိုင်းဖြစ်ပါတယ်။

၄-Digital Platform တွေကိုလည်း လေ့လာထားပါ

ဆိုရှယ်မီဒီယာက အလုပ်ရရှိဖို့ အတွက် အထောက်အကူဖြစ်တာကြောင့် လေ့လာထားသင့်သလိုပဲ နောက်ထပ် မဖြစ်မနေ လေ့လာထားရမှာကတော့ Digital Platform အသုံးပြုမှုအပိုင်းဖြစ်ပါတယ်။ ခုလို ကိုဗစ်ကာလမှာ အွန်လိုင်းကနေ အလုပ်လျှောက်ရသလိုပဲ အွန်လိုင်းကနေပဲ အင်တာဗျူးဖြေဆိုရတာတွေ ရှိလာပါတယ်၊ ကိုယ့်ရဲ့ အလုပ်အင်တာဗျူးကို ကောင်းကောင်းဖြေဆိုနိုင်ဖို့အတွက်ဆိုရင်တော့ Digital Platform ကို မဖြစ်မနေအသုံးပြုရတော့မှာပါ။ ဒါ့ကြောင့် အလုပ်ရှာနေစဉ်အတွင်းမှာ ကြိုတင်လေ့လာအသုံးချကြည့်တာက အကောင်းဆုံးပါပဲ။ 

၅-ခေတ်ရေစီးကြောင်းကို အမီလိုက်ပါ

အရင်က ဘယ်လောက်ပဲ စာအုပ်ကြီးသမားဖြစ်ခဲ့ပါစေ၊ ဒီလို ကပ်ရောဂါအကြပ်အတည်းကာလမှာတော့ သမရိုးကျ လုပ်တတ်တာတွေကနေ ဖောက်ထွက်တွေးခေါ် လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဒီလိုအချိန်မှာ ကိုယ်လိုချင်တဲ့ အလုပ်ကို မြန်မြန်ဆန်ဆန် ရရှိနိုင်မှာပါ။ အထက်က (၅) ချက်ကိုသာ သေသေချာချာသိပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ဒီကာလမှာလည်း အလုပ်အကိုင်ရရှိဖို့က သေချာပါတယ်။ 

ဒီအချက်တွေကို သိထားပြီဆိုရင်တော့ အွန်လိုင်းကနေ အလုပ်လျှောက်မယ်ဆိုရင် သတိထားရမယ့် အရေးကြီးဆုံး အချက် (၆) ချက် နဲ့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အွန်လိုင်းကနေ အလုပ်ရှာလို့ရမယ့် နေရာ (၄) ခု ကို ဆက်လက်ဖတ်ရှူကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

ဘယ်လိုနေရာတွေက လက်ရှိမှာ အလုပ်တွေခေါ်ယူနေတာလဲဆိုတာကို သိထားပါမှ အလုပ်ရှာဖွေရတာ လွယ်ကူပါလိမ့်မယ်။ အလုပ်အကိုင်အေဂျင်စီတွေ၊ အလုပ်ခေါ်စာတွေ အဆက်မပြတ်တင်ပေးနေတဲ့ အလုပ်တိုက်ရိုက်လျှောက်လို့ ရနိုင်မယ့် https://myjobs.com.mm/ ကို အဆက်မပြတ် ကြည့်ရှူနေဖို့ လိုပါတယ်။


Share

Loading Next Article...
က္က