In partnership with  logo
လစာမကောင်းလို့ဆိုပြီး စိတ်ဓာတ်ကျနေမယ့်အစား ဒီအချက်(၅)ချက်ကို လုပ်ကြည့်ပါ

ကိုယ်လိုချင်တဲ့ လစာနဲ့ ကုမ္ပဏီက ပေးတဲ့လစာ အရမ်းကို ကွာဟနေကြတဲ့အခါ ဘာဆက်လုပ်ကြရပါ့မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး ဝန်ထမ်းအများစု ခံစားကြရပါလိမ့်မယ်။ လစာနည်းလို့ လစာကောင်းတဲ့ အလုပ်ပြောင်းမလား၊ ဒါမှမဟုတ် လစာပိုရအောင် လက်ရှိအလုပ်မှာ ဘယ်လိုလုပ်ကြမလဲဆိုတာကို အချိန်တိုင်းလိုလို စဉ်းစားနေကြပါလိမ့်မယ်၊ ဒီလို ခေါင်းရှုပ်စရာ ကိစ္စတစ်ရပ်ကို ခေါင်းအေးအေးထားပြီး ရှင်းလင်းနိုင်အောင်လို့ နည်းလမ်းကောင်း‌ေလးတွေ ‌ဝေမျှပေးချင်ပါတယ်။ကိုယ်ကြိုးစားနေပါရဲ့နဲ့ လစာတိုးမပေးတာမျိုး၊ ကိုယ့်ကြိုးစားမှုကို အသိအမှတ်မပြုတာမျိုးဆိုရင်လည်း စိတ်ဓာတ်ကျမနေဘဲ ဒီအချက်တွေကိုသာ ဆောင်ရွက်သွားဖို့ တိုက်တွန်းချင်ပါတယ်။ 



၁။ကုမ္ပဏီရဲ့ မူဝါဒကို ဆန်းစစ်ပါ 

ကုမ္ပဏီက လစာတိုးမပေးတာက ကုမ္ပဏီရဲ့ မူဝါဒကြောင့်လားဆိုတာကို ပထမဆုံးဆန်းစစ်ဖို့ လိုပါတယ်။ ဝန်ထမ်းတိုင်းကို နှစ်စဉ်လစာမတိုးပေးတဲ့ ကုမ္ပဏီလား၊ ဝန်ထမ်းတွေကို လစာတိုးပေးမယ်လို့ ကတိပေးထားပြီး မတိုးပေးတာလား၊ လက်ရှိ ကုမ္ပဏီရဲ့ စီးပွားရေးအခြေအနေကြောင့်လား ဒါမှမဟုတ် ကိုယ့်တစ်ယောက်တည်းကိုပဲ လစာမတိုးပေးတာလားဆိုတာကို အရင်ဆုံး ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ 

၂။ကိုယ့်Skills ကို ဆန်းစစ်ပါ 

ကုမ္ပဏီရဲ့ မူဝါဒတွေကြောင့် မဟုတ်ဘဲ ကိုယ့်တစ်ယောက်တည်းကိုပဲ လစာမတိုးပေးတာဆိုရင်တော့ ကိုယ်ဟာ ဘယ်နေရာတွေမှာ လိုအပ်နေသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ။ အထက်အရာရှိကိုလည်း ကိုယ်က ဘယ်နေရာတွေမှာ လိုအပ်နေလို့ လစာမတိုးတာလဲဆိုတာကို မေးခွန်းထုတ်ဆွေးနွေးပါ။ လုပ်ငန်းခွင်မှာ ကိုယ်ဟာအဆင်မပြေဘူးလား၊ ပေးအပ်တဲ့ တာဝန်တွေ ကျေပွန်စွာမလုပ်နိုင်ဘူးလားဆိုတာတွေကို ဆန်းစစ်ပြီး လိုအပ်နေတဲ့ Skillsတွေကို ဖြည့်ဖို့ လိုပါတယ်။ 

အထက်အရာရှိကိုလည်း ကိုယ်က ဘယ်နေရာတွေမှာ လိုအပ်နေလို့ လစာမတိုးတာလဲဆိုတာကို မေးခွန်းထုတ်ဆွေးနွေးပါ။ 

၃။အလုပ်အင်တာဗျူးတွေ ဝင်‌ရောက်ဖြေဆိုပါ 

လက်ရှိအလုပ်ကနေ ပြောင်းဖို့ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလုပ်အင်တာဗျူးတွေကို သွားရောက်ဖြေဆိုဖို့ လိုပါတယ်။ ဒါမှသာ ကိုယ့်ရာထူးအဆင့်ဟာ ဘယ်လောက်လစာထိရရှိနိုင်တယ်။ ကိုယ့်ရဲ့ အလုပ်အတွေ့အကြုံနဲ့ ကိုယ့်ရဲ့ Skillsတွေဟာ ဘယ်‌လောက်ထိရှိနေတယ်ဆိုတာကို သေချာရေရေလည်လည်သိသွားမှာဖြစ်ပါတယ်။ ဒီလို တိတိကျကျ သိနေတဲ့အတွက် လစာကိစ္စညှိနှိုင်းတဲ့အခါမျိုးမှာ ကိုယ့်ဘက်က သေသေချာချာ ပြောဆိုဆွေးနွေးပြီး လစာပိုတိုးပေးဖို့ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ 

၄။လုပ်ငန်းအတွေ့အကြုံယူပါ 

လစာကိစ္စကိုပဲ ခေါင်းထဲထည့်မထားဘဲ လုပ်ငန်းက ရရှိသမျှ အတွေ့အကြုံတွေ၊ သင်ယူနိုင်သမျှအရာတွေကို ရရှိအောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ ဒီအလုပ်က လစာမကောင်းလို့ လစာ‌ေကာင်းတဲ့ နေရာကို ပြောင်းချင်တယ်ဆိုရင်ကိုယ့်အတွက် အကျိုးရှိမယ့် လုပ်ငန်းအတွေ့အကြုံတွေကို ရရှိသွားနိုင်မှာပါ။ လစာမကောင်းလို့ဆိုပြီး စိတ်ညစ်ညည်းညူနေတာထက် လက်ရှိအလုပ်မှာ ကိုယ် ဘာတွေရနိုင်မလဲဆိုတာကိုစဉ်းစားပြီး ရအောင်ယူတတ်ဖို့ လိုပါတယ်။ 

၅။ဘာဖြစ်ဖြစ် အကောင်းဆုံးလုပ်ပါ 

ကိုယ့်လစာနည်းလို့ ဆိုပြီး စိတ်ဓာတ်ကျနေတာထက်စာရင် ဘယ်အလုပ်ကို လုပ်လုပ် အကောင်းဆုံး လုပ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အလုပ်ကိုအကောင်းဆုံးလုပ်ခြင်းက ကိုယ့်ရဲ့ Skills တွေကို ပိုမိုတက်လာစေပါတယ်။ ဒါ့ကြောင့် လစာနည်းတဲ့ အလုပ်မှာ လုပ်ရင်လည်း လုပ်ငန်းအတွေ့အကြုံကောင်းကောင်းရအောင်ယူပြီး ကိုယ့် Skillsတွေတက်ဖို့ ကောင်းကောင်းအလုပ်လုပ်ပြနိုင်ခြင်းက လစာ ကောင်းတဲ့အလုပ်ကို ကိုယ်ပြောင်းတဲ့အချိန်မှာ အထောက်အပံ့ကောင်းဖြစ်လာမှာ ကျိန်းသေပါတယ်။လစာနည်းလို့ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဒီအချက်(၅)ချက်ကို ပြုလုပ်မယ်ဆိုရင် လက်ရှိအလုပ်မှာ လစာတိုးတောင်းဖို့ အဆင်ပြေနိုင်သလို နောက်အလုပ်တစ်ခုကို ပြောင်းချင်တဲ့အချိန်မှာလည်း လစာကောင်းကောင်းရရှိနိုင်အောင် ကိုယ့်ဘက်က ‌တောင်းဆိုလို့ရနိုင်ပါတယ်။ 

ဆက်လက်ပြီး အလုပ်သစ်တစ်ခုကို ပြောင်းလျှောက်ဖို့ စိတ်ကူးနေပြီဆိုရင် ဒီ(၅)ချက်ကို ပြင်ဆင်ထားပါ နဲ့ သင်ဟာ အထက်လူကြီးက ယုံကြည်ကိုးစားအားထားရတဲ့ ဝန်ထမ်းဟုတ်မဟုတ် ဆန်းစစ်ကြည့်ရအောင်မှာ ဆက်လက်လေ့လာနိုင်ပါတယ်။ 

အလုပ်တိုက်ရိုက်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/2TphoQP ကနေတစ်ဆင့်လျှောက်ထားနိုင်ပါတယ်။ 



Share

Loading Next Article...
က္က