In partnership with  logo
အွန်လိုင်းပေါ်ကနေ ကိုယ့်ရဲ့ အဖွဲ့နဲ့အတူ စုစုစည်းစည်း ရလဒ်ကောင်းကောင်းရအောင် လုပ်ဆောင်ကြရအောင်

COVID-19 ကြောင့် အလုပ်လုပ်တဲ့ ပုံစံတွေဟာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတာ အားလုံးအသိပါပဲ။ ကမ္ဘာ့ကပ်ရောဂါကြီးအတွင်းမှာ ရုံးထဲက လုပ်ဖော်ကိုင်ဖက်တွေဟာ အရင်လို အပြင်မှာ မျက်နှာချင်းဆိုင်တွေ့ပြီး အလုပ်လုပ်ရတာမျိုး မဟုတ်ဘဲ Screen ပေါ်က ပုံရိပ်ယောင် Virtual Team ပုံစံ ဖြစ်လာပါတယ်။



အိမ်ကနေ အလုပ်လုပ်နေတဲ့ ကိုယ့်ရဲ့ အဝေးရောက်အဖွဲ့ Remote Team နဲ့ အလုပ်လုပ်ချိန်မှာ စုစည်းမှုရှိရှိနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့အတွက် နည်းလမ်းတစ်ချို့ မျှဝေချင်ပါတယ်။


(၁) တစ်ပတ်စာ တာဝန်တွေ သတ်သတ်မှတ်မှတ်ထားပါ


             Remote Team အတွက် အပတ်စဉ် တိကျတဲ့ Goals နဲ့ KPIs လေးတွေ ချရေးထားပါ။ ရုံးမတက်ဘဲ အိမ်ကနေ လုပ်နေကြတဲ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် အပတ်စဉ် ၊ လစဉ် KPI နဲ့ Deadlines ထားပြီး ကိုယ့်အလုပ်တာဝန်ကို သေချာရရေးထားခြင်းအားဖြင့် အလုပ်တာဝန်လည်း တိတိကျကျဆောင်ရွက်နိုင်သလို လုပ်အားလည်း တက်လာအောင် စီမံပြီး ဖြစ်မှာပါ။


(၂) ဆက်သွယ်ရေးစနစ် အဆင့်မြှင့်ပါ


             Communication ဟာ Team Work တစ်ခုရဲ့ အသက်ပါပဲ။ အပြန်အလှန်ဆက်သွယ်ရေး မရှိရင် Team Work ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ အခုလို မျက်နှာချင်းဆိုင်တွေ့ဖို့ မဖြစ်နိုင်ချိန်မှာ Video Conferencing ပလက်ဖောင်းတွေ ဖြစ်တဲ့ Slack ၊ Zoom ၊ FaceTime ၊ Messenger ၊ Skype နဲ့ WhatsApp တို့ကို သုံးပြီး ပုံမှန်တွေ့ဆုံ ဆက်သွယ်မှု လုပ်ပေးဖို့ လိုပါတယ်။

အစည်းအဝေးမှာ အလုပ်တာဝန်ခွဲဝေဖို့နဲ့ ကိုယ့် Team ရဲ့ အသံကို နားထောင်ဖို့အပြင် သတင်းအချက်အလက်သစ်တွေကို ပေးဖို့ပါ မမေ့ပါနဲ့။

(၃) ပုံမှန် အစည်းအဝေးလုပ်ပါ


             တစ်ပတ်ကို တစ်ရက် အချိန် သတ်မှတ်ပြီး Video Meeting တွေ လုပ်ပါ။ အစည်းအဝေးမှာ ကိုယ့်ရဲ့ အလုပ်တာဝန်တွေကို တိတိကျကျ သိဖို့နဲ့ ကိုယ့် Team ရဲ့ အသံကို နားထောင်ဖို့အပြင် သတင်းအချက်အလက်သစ်တွေကို ပေးဖို့ပါ မမေ့ပါနဲ့။


(၄) အလုပ်ချိန်ဇယားသစ် ဆွဲပေးပါ


             အိမ်ကနေ Work from Home လုပ်ရတာ ဖြစ်လို့ အချိန်ဇယားဟာ အပြောင်းအလဲ ဖြစ်သွားပါပြီ။ မနက် ၉ ညနေ ၅ ဆိုတဲ့ Time-Bound ထက် Result & Response Based ဖြစ်ဖို့ စီမံထားသင့်ပါတယ်။ အလုပ်တာဝန်ပြီးမြောက်မှုနဲ့ ထိရောက်မှုရှိမရှိ ဆန်းစစ်မှုကို ပုံမှန်လုပ်ပါ။

             ကိုယ့် Team ရဲ့ အခက်အခဲတွေ နားထောင်ပါ။ လိုအပ်တဲ့ အကူအညီတွေပေးပါ။ ကိုယ့်အတွက်ရော လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ဓါတ်ပိုင်းပါ အမြဲတမ်း စုစည်းမှုရှိအောင် Mentor နေပါ။

             ဒီလိုလေးတွေ လုပ်ပေးခြင်းအားဖြင့် အဝေးရောက် ကိုယ့် Team ဟာ စုစည်းအားကောင်းတဲ့ အသင်းအဖွဲ့စိတ် (Team Spirit) နဲ့ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

အိမ်မှာ အလုပ်လုပ်နေကြတဲ့သူတွေအနေနဲ့  Work From Home မှာ ကျန်းမာ‌ရွှင်လန်းစေမယ့် နည်းလမ်း ၃ သွယ် နဲ့ Work From Home လုပ်နေချိန်မှာ အသုံးအဝင်ဆုံး Digital Tools ( ၇ ) မျိုး တွေမှာ ဆက်လက်လေ့လာနိုင်ပါတယ်။ 

အလုပ်ရှာနေတဲ့သူတွေအတွက်လည်း https://bit.ly/3dVkiX7 မှာ တိုက်ရိုက် အလုပ်လျှောက်နိုင်ပါတယ်။ 


Share

Loading Next Article...
က္က