In partnership with  logo
အိမ်မှာအလုပ်လုပ်ရတာ အဆင်မပြေဘူးဆိုတဲ့သူတွေအနေနဲ့ ဒါကို မဖြစ်မနေဖတ်သင့်ပါတယ်။

Stay Home ကာလမှာ လူတိုင်း မဖြစ်မနေ အိမ်မှာပဲ အလုပ်လုပ်နေရတဲ့ကာလတစ်လျှောက် အခက်အခဲတွေ ၊ အဆင်မပြေတာတွေကို ဝန်ထမ်းတိုင်း ကြုံတွေ့ကြရမှာပါ။ ဒီလိုကာလမှာ လူတိုင်းလိုလိုက စိတ်မွန်းကြပ်မှုတွေ ခံစားနေကြရတာဖြစ်တဲ့အတွက် work from home ကာလမှာလည်း အချိန်တွေကုန်ပြီး အလုပ်မပြီးမြောက်တာတွေ ကြုံကြရပါလိမ့်မယ်။



ဒီလို အလုပ်မပြီးမြောက်ဘဲ စိတ်လေနေကြတဲ့သူတွေအတွက် အလုပ်စိတ်အေးလက်အေးလုပ်နိုင်ဖို့ အချက်(၅) ချက်ကို ဖော်ပြပေးချင်ပါတယ်။

၁-Plan ချပါ

တစ်နေ့တာ အစပြုတော့မယ်ဆိုရင် ကိုယ် တစ်ပတ်တာ လုပ်ရမယ့် အလုပ်တွေက ဘာတွေလဲဆိုတာကို အရင် စဉ်းစားပါ၊ ဘယ်အရာတွေက ပိုအ‌ရေးကြီးတဲ့ ကိစ္စဖြစ်ပြီးတော့ ဘယ်အရာတွေကို ဦးစားပေးဆောင်ရွက်ရမလဲ စတာတွေ အလုပ်စတင်မလုပ်ဆောင်ခင်မှာ အရင်တွေးဖို့ လိုပါတယ်။

၂-လုပ်ရမှာများကို ချရေးပါ

တစ်ပတ်တာ လုပ်စရာရှိတာတွေ၊ အရေးကြီး ဆောင်ရွက်စရာတွေကို သိပြီဆိုရင်တော့ တစ်နေ့တာ လုပ်ဆောင်ရမှာတွေကို စာရွက်တစ်ရွက်မှာ ချရေးပါ။ အဲဒီ ဆောင်ရွက်စရာရှိတာတွေကိုလည်း တကယ် ပြီးမြောက်အောင် လုပ်ဆောင်ဖို့လိုပါတယ်။ အမှတ်စဉ်လေးတွေ တပ်ပြီး ရေးထားရင် ပိုကောင်းပါတယ်။

တစ်နေ့တာ လုပ်ဆောင်ရမှာတွေကို စာရွက်တစ်ရွက်မှာ ချရေးပါ။ တကယ် ပြီးမြောက်အောင် လုပ်ဆောင်ဖို့လိုပါတယ်။

၃-သီးသန့်အလုပ်စားပွဲထားပါ

အလုပ်လုပ်တာကို များသောအားဖြင့် အိပ်ယာပေါ်ကနေ လုပ်ဆောင်ကြတာ ပိုများလာကြပါတယ်။ မနက်လင်းတာနဲ့ အိပ်ယာပေါ်က လပ်တော့ဖွင့် အလုပ်လုပ် တစ်နေ့တာ ကုန်ဆုံးသွားတာက ဘာအလုပ်မှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်မိဘဲ အချိန်တွေ ကုန်သွားတတ်ပါတယ်။ ဒါ့ကြောင့် အလုပ် စားပွဲသီးသန့်ထားပြီး အလုပ်စားပွဲမှာ ထိုင်ပြီး အလုပ်သေချာလုပ်တာက အလုပ်ကို ပိုပြီးမြောက်စေပါတယ်။ အလုပ်နေရာကလည်း အများကြီး အရေးကြီးပါတယ်။

၄-အထက်အရာရှိနဲ့ ဆွေးနွေးတိုင်ပင်ပါ

တစ်ပတ်တာအတွင်း အ‌ရေးကြီး ကိစ္စတွေ၊ တာဝန်တွေနဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် အရာတွေကို အထက်အရာရှိဆီ ပြောပြပြီး ဆုံးဖြတ်ရမယ့် ကိစ္စတွေကို သေချာဆွေးနွေးတိုင်ပင်ပါ။ ဒီလို ‌ဆောင်ရွက်ခြင်းက အထက်အရာရှိ က ကိုယ်ဆောင်ရွက်နေတဲ့ အလုပ်တွေကို သိနေတဲ့အတွက် ကိုယ့်ကို လုပ်ရမယ့် အလုပ်တွေ သတိပေးရာရောက်သွားသလို လုပ်ရမယ့်အလုပ်တွေကိုလည်း တွန်းအားပေးရာရောက်ပါတယ်။

၅-အကောင်းမြင်စိတ်ရှိပါ

ဒီလိုကာလဟာ တစ်ယောက်မျက်နှာ တစ်ယောက်တိုက်ရိုက်မြင်တွေ့ရတာမဟုတ်ဘဲ တယ်လီဖုန်းကတစ်ဆင့် ၊ အွန်လိုင်းကနေတစ်ဆင့်၊ video conference ကနေတစ်ဆင့် ပြောဆိုဆက်သွယ်ရတာဖြစ်တဲ့အတွက် အကောင်းမြင်စိတ်မရှိဘဲ အပြစ်မြင်နေမယ်ဆိုရင်လည်း လုပ်ငန်းမှာ စိတ်အနှောင့်အယှက်ဖြစ်ရပြီး အလုပ်တွင်တော့မှာမဟုတ်ပါဘူး။ ဒီတော့ အကောင်းမြင်စိတ်ရှိဖို့က ဒီကာလမှာ အရမ်းကို အရေးကြီးပါတယ်။

၆-ပွင့်လင်းမြင်သာမှုရှိပါ

အကောင်းမြင်စိတ်ရှိဖို့လိုသလို ပွင့်လင်းမြင်သာဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ ပြောခဲ့သလိုပါပဲ။ တစ်ယောက်ကို တစ်ယောက် တိုက်ရိုက်တွေ့ဆုံပြောဆိုရတာ မဟုတ်တဲ့ ကာလဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာမှုသာ မရှိခဲ့ဘူးဆိုရင် နားလည်မှုတွေလွဲပြီး အလုပ်တွေလုပ်‌ဆောင်ရမှာလည်း ပြောသလို မဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အထက်အရာရှိကိုသာမက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုပါ ပွင့်လင်းမြင်သာမှုရှိရှိ နဲ့ ပြောဆိုလုပ်ကိုင်ဖို့ လိုအပ်ပါတယ်။

ဒီ ခြောက်ချက်ကိုသာ သေချာလိုက်နာပြီး တစ်နေ့တာ အလုပ်တွေကို ဆောင်ရွက်မယ်ဆိုရင်တော့ အိမ်ကနေ အလုပ်လုပ်လည်း ကုမ္ပဏီမှာ အလုပ်လုပ်နေသလို အလုပ်ချိန် ပုံမှန်ဖြစ်သွားပြီး အလုပ်လည်း ပြီးမြောက်စေသလို ကိုယ့်အတွက် နားချိန်တွေလည်း ထွက်လာမှာဖြစ်လို့ သေချာလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

ဒါတွေဖတ်ပြီးသွားပြီဆိုရင်တော့ ကိုဗစ်ကာလမှာ သင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင် စိန်ခေါ်မှု ၄ ခု နဲ့ လုပ်ငန်းခွင် ဝင်နေသူတိုင်း တတ်မြောက်ထားသင့်တဲ့ Digital Skills ၄ မျိုးကို ဆက်လက်လေ့လာလိုက်ပါဦးနော်။

အလုပ်တိုက်ရိုက်လျှောက်လိုသူတွေအတွက်လည်း https://bit.ly/3kw0lZg ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က