ရင့်ကျက်လာပြီလို့ဆိုပါတယ်။

နန်းဆုဦးတစ်ယောက် ဘာသာရေးဇာတ်ကားတွေလည်း အရိုက်များသလို ကိုယ်တိုင်ကလည်း တဖြည်းဖြည်းရင့်ကျက်လာပြီလို့ ဆိုပါတယ်။ အလုပ် ကို အာရုံစိုက်နေရသူမို့ အချစ်ရေးကို ဦးစားမပေးသေးတဲ့ အကြောင်းလည်း ဆက်လက်ပြောပြထားပါတယ်။


 

သရုပ်ဆောင် နန်းဆုဦးက လက်ရှိမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလျှက်ရှိတာကို တွေ့ရပါတယ်။ ဒီ့အတွက် ကြောင့်လည်း ဘာသာရေးအကြောင်းတွေကို လေ့လာရင်း ကိုယ်တိုင်ကလည်း ရင့်ကျက်လာတယ် ဆိုတာကို မီဒီယာတွေကနေတဆင့် ပြောပြ ခဲ့ပါတယ်။

'' အသက် တစ်နှစ်ထက် တစ်နှစ် ကြီးလာတာနဲ့လည်း ဆိုင်မယ် နဲ့တူတယ်။ ဘာသာရေးကားတွေရိုက်ဖြစ်တယ် ဆိုတာကလည်း ရိုက်တဲ့ အချိန် နဲ့ပေါ့။ ဘာသာရေးကားတွေရိုက်နေရင်းနဲ့ ဘာသာရေးနဲ့ ပတ်သက်တာတွေ လေ့လာတယ်။ အဓိက ကတော့ ရိုက်ရတဲ့ ကာရိုက်တာ အပေါ်လည်း စီးမျောရတာပေါ့နော်'' လို့ ဆိုပါတယ်။

Photo: နန်းစုဦးဖေ့စ်ဘွတ်

ပြည်ပအနုပညာရှင်နဲ့ တွဲရိုက်ရတာ ပထမဆုံးပါလို့ဆိုလာတဲ့ နန်းဆုဦး 

အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ နန်းစုဦးကိုတော့ ပရိသတ်တွေက ဖက်ရှင်အပိုင်းမှာလည်း စိတ်ဝင်တစား ရှိခဲ့ ကြပါတယ်။ ကိုယ်ပိုင် ဖက်ရှင်လေးတွေပဲ ဝတ်လေ့ဝတ်ထ ရှိတဲ့ သူမက Sexy ပုံစံ အဝတ်အစားတွေကိုတော့ ဝတ်မှာ မဟုတ်ဘူးလို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။

'' ဖက်ရှင်က တစ်နှစ် တစ်နှစ်ပြောင်းလာတာ မဟုတ်ဘူး။ သူက Season အလိုက်ကိုပြောင်းလာတာဆိုတော့ ရာသီဥတု အပေါ်မှာလည်း မူ တည်တယ်လေ။ နန်းစုက တစ်ချိန်လုံး ကားရိုက်နေရတာဆိုရင် ကားထဲက ကာရိုက်တာအတိုင်းပဲ။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် သွားတဲ့ ဖက်ရှင်ကိုကျတော့ အပြင်သွားတဲ့ အခါကျမှ တင်ဖြစ်တယ်။ နန်းဆုက Sexy ပုံစံတွေ မကြိုက်ဘူး'' လို့ သူကဆိုပါတယ်။

Photo: နန်းစုဦးဖေ့စ်ဘွတ်

 

အချစ်ရေးမှာ တည်ငြိမ်နေတုန်းဖြစ်တဲ့ နန်းဆုဦးကလည်း အလုပ်ဘက်မှာ အာရုံစိုက်နေရတဲ့အတွက် အချစ်ရေးကို ဦးစားမပေးသေးတဲ့ အ ကြောင်း ဆက်လက်ပြောပြလာပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဖွင့်ဟ ပြောခဲ့ပါသေးတယ်။

'' အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အချိန်မို့လို့လည်း အချစ်ရေးဘက်ကို ဦးစားပေး မစဉ်းစားဖြစ်တော့တာလည်း ပါတယ်။ နန်းစု ကိုယ်တိုင်ကလည်း စိတ်မဝင်စားတာပါ ပါတယ်။ အလုပ်ကိုပဲ အာရုံစိုက်ပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

 

သရုပ်ဆောင်နန်းဆုဦး ဟာ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာပါ ပရိသတ်တွေ အားပေးမှု ရရှိထားတဲ့သူဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား ကြီးတွေထက် ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ယောက်ပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က