သူ့ မိခင်ကတော့ အိမ်ထောင်ပြုခိုင်းနေပါပြီတဲ့။

နေခြည်ဦးက သူအရမ်းချစ်ရတဲ့ ချစ်သူနဲ့ ထပ်မဝေးချင်တော့ဘူးလို့ ဆိုပါတယ်။ ချစ်ရတဲ့ ချစ်သူရှိပေမယ့်လည်း အိမ်ထောင်ပြုဖို့ မစဉ်းစား သေးတဲ့ အကြောင်းကို ဆက်လက်ပြောပြလာပါတယ်။



 

နေခြည်ဦးရဲ့ အချစ်ရေးက လက်ရှိမှာ ဆွေးနွေးညှိနှိုင်းနေတဲ့ ကာလဖြစ်နေတယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နေထိုင်ရတဲ့ အရပ်ဒေသက ဝေးကွာသလို အရမ်းလည်း ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်တာကြောင့်၊ ထပ်ပြီးတော့လည်း မဝေးချင်တော့ဘူးလို့ နေခြည်ဦးက သူ့ရဲ့ ခံစားချက်ကို Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာဖြေဆိုခဲ့ပါတယ်။

'' နေခြည်တို့ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတယ်။ နှစ်ယောက်စလုံးကလည်း အရမ်းအလုပ်များပြီး ဝေးနေကြတယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ကြတယ်၊ ဖုန်းဘာလို့ မဆက်တာလဲ၊ နင်က ဘယ်တွေသွားပြန်ပြီလဲ ဆိုတဲ့အချိန်မှာ နေခြည်တို့ ဝေးသွားတာပေါ့နော်။ ထပ်မဝေးချင်ဘူး အရမ်းချစ်တယ်၊ ဒါကြောင့် အခုချိန်မှာ ညှိနေကြပါတယ်'' လို့ ဆိုပါတယ်။

Photo: Aung Nway Oo (Instagram)

မျက်ရည်ကျရတဲ့အထိ အရမ်းပျော်ခဲ့တာပါဆိုတဲ့ နေခြည်ဦး 

အသက် ၂၇ နှစ်အရွယ်နေခြည်ဦးကိုတော့ မိခင်ဖြစ်သူက အိမ်ထောင်ပြုဖို့တိုက်တွန်းနေပါပြီတဲ့။ ဖခင်ဖြစ်သူကတော့ အိမ်ထောင်ပြုဖို့ ခွင့်မပြုထားဘူးလို့ သိရပါတယ်။ နေခြည်ဦးရဲ့ အိမ်ထောင်ရေးအပေါ် ခံယူချက်ကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့က Shiseido Myanmar ပွဲမှာ ပြောပြခဲ့ပါတယ်။

'' ဒီ အချိန်မှာ အရမ်းပြောရခက်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်ထောင်မပြုချင်ဘူးလေ။ ကိုယ့်မိသားစုတွေထဲမှာ မြေးလေးတွေ ချီဖို့အတွက် ကိုယ့်မောင်လေးတွေ၊ ကိုယ့်ညီမလေးတွေရှိတယ်။ နေခြည့် ညီမလေးကလည်း အရမ်းငယ်သေးတော့ သမီးလေးလိုဖြစ်နေတာ။ မိသားစု တစ်ခု ထောင်မယ်လို့ စဉ်းစားထားတာ မရှိသေးဘူး'' လို့ ဖြေဆိုခဲ့ပါတယ်။

Photo: Aung Nway Oo (Instagram)

 

နေခြည်ဦးဟာ အိမ်ထောင်ဖက်ရွေးချယ်တဲ့ အခါမှာလည်း သူမကိုယ်တိုင် သဘောကျတဲ့သူကို ရွေးချယ်မယ်လို့ ပြောပြထားပါသေးတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရင်ထဲက အိမ်ထောင်ဖက် ပုံစံကိုလည်း ပြောပြခဲ့ပါတယ်။

'' နေခြည်လိုချင်တဲ့ ယောကျ်ားကတော့ နားလည်မှုအများကြီးပေးနိုင်ရမယ်၊ အရမ်း စမတ်ဖြစ်ရမယ်။ အဓိက က နင်ဘာကောင်လဲ၊ ငါ ဘာ ကောင်လဲ။ နင် ဦးနှောက်ဘယ်လောက်ရှိလဲ၊ ငါ ဦးနှောက်ဘယ်လောက်ရှိလဲ ပြိုင်တာမဟုတ်ဘူး။ ဒါမှလည်း ကိုယ်သွားချင်တဲ့ လမ်းကြောင်း ကို အတူတူသွားနိုင်မယ်လို့ ထင်တယ်'' လို့ သူကဆိုပါတယ်။

Photo: နေခြည်ဦးဖေ့စ်ဘွတ်

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်တဲ့ Beauty Blogger  တစ်ယောက်အနေနဲ့သာမက အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လာတာတွေကို မြင်တွေ့ရပါတယ်။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။

 


ဆက်စပ်အကြောင်းအရာများ



က္က