သူကိုယ်တိုင်ကလည်း စိုးရိမ်ခဲ့ရတဲ့ အနေအထားပါတဲ့။

G-Fatt က အချစ်ရေးနဲ့ ပတ်သက်လာရင် လူကောင်းတစ်ယောက်လည်း မဟုတ်သလို၊ လူဆိုးတစ်ယောက်လည်း မဟုတ်ပါဘူးလို့ ဆိုပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ နှလုံးသားရေးရာမှာ မုန်တိုင်းတိုက်ခဲ့သေးတယ်လို့ ပြောပါတယ်။



Photo: နန်းဆုရတီစိုး

 

အဆိုတော် G-Fatt ရဲ့ လက်ရှိအချစ်ရေးမှာ မကြာသေးခင်က မုန်တိုင်းတစ်ခု တိုက်မိလိုက်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကံဇာတာတွေကလည်း သူကိုယ်တိုင် စိတ်ပူရတဲ့ အခြေအနေတစ်ခုမှာရှိခဲ့တယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကံဇာတာကတော့ ကောင်းလိုက်ဆိုးလိုက်ပါပဲ။ မိုးရွာလိုက် နေပူလိုက်ပဲ။ ဒီကြားထဲ မုန်တိုင်း တိုက်လိုက်တာတောင်ရှိသေးတယ်။ ပရိသတ် တွေ စိတ်ပူလည်း ပူရလောက်ပါတယ်။ ကျွန်တော်လည်း ပရိသတ်တွေကိုပြန်ပြီးတော့ စိတ်ပူရပါတယ်။ တစ်မျိုးတွေ ထင်နေမှာလည်းစိုးတယ်။ အရာအားလုံးကိုလည်း စိတ်ပူရပါတယ်'' လို့ ဆိုပါတယ်။

Photo: နန်းဆုရတီစိုး

ဝါသနာတူ၊ အကြိုက်တူတဲ့ ချစ်သူလေးအကြောင်းပြောလာတဲ့ G-Fatt  

G-Fatt ဟာ နန်းဆုရတီစိုးက လမ်းခွဲလိုက်ပြီလို့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့တာကြောင့်လည်း ပရိသတ် တော်တော်များများရဲ့ စိတ်ပူမှုတွေကိူ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီလို အနေအထားကိုလည်း အခုချိန်မှာ ထိန်းထိန်းသိမ်းသိမ်းနေနိုင်သွားပြီလို့လည်း နိုဝင်ဘာလ ၂၆ ရက်နေ့က နေဝင်းရဲ့ '' ဆွေမျိုးမေ့'' တေးစီးရီးမိတ်ဆက်ပွဲမှာဖြေဆိုခဲ့တာပါ။

'' ကျွန်တော့်အသိဉာဏ်လေးနဲ့ ဒီအခြေအနေကို အငြိမ်ဆုံးဖြစ်အောင် ကျွန်တော် ထိန်းခဲ့တယ်။ အဲ့ဒီအတွက် ဒီပြဿနာတွေအပေါ်မှာ ကျွန် တော် ဘာကိုမှ မသုံးသပ်ချင်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်ကိုတစ်ယောက်လို့ပဲ မြင်စေချင်တယ်။ တစ်ယောက်တည်းဘက်ကပဲ မှား တယ် လို့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်'' လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: နန်းဆုရတီစိုး

 

အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အဆိုတော် G-Fatt က လူကောင်းတစ်ယောက်လည်း မဟုတ်သလို၊ လူဆိုး တစ်ယောက်လည်း မဟုတ် ဘူး လို့ ဆိုပါတယ်။

'' အချိန်တိုင်းမှာ လူကောင်းဆိုတာတော့ မရှိပါဘူးခင်ဗျာ။ အချိန်တိုင်းမှာလည်း လူဆိုး ဆိုတာတော့ မရှိပါဘူး။ ကျွန်တော်ထင်တာကတော့ ကျွန်တော်ကလည်း ကောင်းလိုက် ဆိုးလိုက်ပါပဲ။ ပြဿနာတစ်ခုမှာ ဆုံးဖြတ်တာကောင်းသွားပေမယ့် နောက်ပြဿနာတစ်ခုမှာ ကျွန်တော် လူဆိုးဖြစ်ရင် ဖြစ်သွားနိုင်တာပဲ'' လို့ သူကဆိုပါတယ်။

Photo: နန်းဆုရတီစိုး

 

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ



က္က