ပရိသတ်အားပေးမှုက ခွန်အား တစ်ခုဖြစ်စေပါတယ်။

မေသန်းနုဟာ သူမကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေ ရှိနေသေးတာကြောင့် ဝမ်းသာပီတိဖြစ်နေမိတယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် မေသန်းနုကတော့သူမကို အားပေးတဲ့ ပရိသတ်တွေကြောင့် ရှေ့ဆက်ပြီး အနုပညာအလုပ်တွေ လုပ်ဆောင်သွားမယ့်အကြောင်း ပြောလာပါတယ်။ 



" အနုပညာအလုပ်တွေကိုတော့ အခြေအနေ ပေးရင် ပေးသလို လုပ်သွားမှာပါ။ အခုချိန်မှာလည်း ရှင်းရှင်းပြောရရင် မဆင့်ကို ချစ်တဲ့ ပရိသတ်၊ ကိုယ့်ကို အားပေးတဲ့ပရိသတ်တွေရှိနေပါသေးလား ဆိုတဲ့ စိတ်က အရမ်းကို ပီတိဖြစ်မိပါတယ်။ ဒါကြောင့် အခြေအနေပေးလာခဲ့ရင်တော့ ဆက်ပြီး ရပ်တည်နေမှာပါ" ဆိုပြီးတော့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာပါ။ 

သူမရဲ့ အနုပညာခရီးမှာ အခုလို အမှုကိစ္စတွေ ဖြစ်ခဲ့တဲ့အပေါ် နောင်တရနေမိတယ်လို့ မေသန်းနုက ဆိုပါတယ်။ သားလေးနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှုက ခွန်အား တစ်ခုဖြစ်စေခဲ့ပါတယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

"မဖြစ်သင့် မဖြစ်ထိုက်တဲ့အရာလေးတွေ ဖြစ်လာတာဆိုတော့ နောင်တဖြစ်မိတာပေါ့လေ။ နောက်ဆို ရှောင်ရမယ့် အရာတွေ ဖြစ်ကုန်တာပေါ့နော်။ ဘဝမှာ အမှတ်တရတွေကတော့ အများကြီးပါပဲ။ မဆင့် လွတ်လာတဲ့ အချိန်မှာ အားပေးကြတဲ့ ပရိသတ်တွေကြောင့် အရမ်းခွန်အားဖြစ်စေပါတယ်။ လူတစ်ယောက်မှာ စိတ်က အဓိက ပါ စိတ်က အားတင်းထားရင် အရာရာအောင်မြင်မှာပေါ့နော်။ ထောင်ထဲမှာ နေတုန်းကလည်း မဆင့် ဒီလိုပဲ နေခဲ့တာပါ။ သားသားဆို ဖုန်းဆက်ပြီး မေမေ အားတင်းထားနော် ဆိုပြီးတော့ အမြဲတမ်းပြောတယ်။ အဲဒီ စိတ်လေးကို မကျအောင် မဆင့် အခုချိန်ထိ ထိန်းလာနိုင်ခဲ့ပါတယ်" လို့ ပြောပြခဲ့ပါသေးတယ်။ 

Photo: May Than Nu

မေသန်းနုကဟာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်အကျဉ်း‌ထောင်မှာ ပြစ်ဒဏ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့တုန်းက သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ သရုပ်ဆောင် မေသန်းနု မပါဝင်နိုင်ခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဇူလိုင်(၁) ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အားလပ်ချိန်တွေကို သားလေးနဲ့ အတူတူ ဖြတ်သန်းနေတာ တွေ့ရပါတယ်။ 

Photo: May Than Nu

သရုပ်ဆောင် မေသန်းနု(May Than Nu)ဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း "ငါသူတစ်ပါးယောကျ်ားမိန်းမ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က