ဘယ်လိုတွေ မျှော်လင့်ထားတာလဲ။

Rock ဂီတနဲ့ အောင်မြင်မှုရရှိထားတဲ့ ဖော်ကာ ဟာ သြဂုတ်လ ၃ ရက်နေ့က သားဦးလေး ဂျက်ရှည်ကို ပိုင်ဆိုင်ခဲ့ပါပြီ။ သူ့ရဲ့ မိသားစုကိုပါ ပရိသတ်တွေက ချစ်ခင်ပေးကြလို့ ဆုတောင်းပြည့်တယ်လို့ ပြောပါတယ်။ သားလေး ကိုလည်း သူ့လို အဆိုတော် တစ်ယောက်မဟုတ်ပဲ ဘောလုံးသမား ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

Photo: ဖော်ကာ ဖေ့စ်ဘွတ်

 

Rock ဂီတနဲ့ အောင်မြင်မှုရရှိထားတဲ့ ဖော်ကာ ဟာ သြဂုတ်လ ၃ ရက်နေ့က သားဦးလေး ဂျက်ရှည်ကို ပိုင်ဆိုင်ခဲ့ပါပြီ။ သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း ဖော်ကာ့ ကိုသာမက ဖော်ကာရဲ့ ဇနီးဖြစ်သူ မပွင့်ဖြူအောင်ကိုရော၊ အခုမွေးလာတဲ့ သားလေး ဂျက်ရှည်ကိုပါ ချစ်ခင် ပေးကြလို့ အရမ်းပျော်တယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

''ကျွန်တော့်ပရိသတ်တွေဆိုရင်လည်း သူတို့က အရမ်းချစ်တယ်၊ ကျွန်တော် မိန်းမရတော့လည်း ကျွန်တော့် မိန်းမကို ချစ်ကြတယ်၊ မကြီး မကြီးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေလို အစ်ကိုလို ညီလို ချစ်ကြတယ်။ ကျွန်တော့်သားလေးကိုလည်း သူတို့ရဲ့ တူလေးလို ချစ်ကြတော့ ကျွန်တော့် ဘဝမှာ ကံအကောင်းဆုံးပဲလို့ ထင်တယ်'' လို့ ဆိုပါတယ်။

Photo: ဖော်ကာ ဖေ့စ်ဘွတ်

 

ဖော်ကာ ဟာ သူ့ရဲ့ မိသားစုကိုပါ ပရိသတ်တွေက ချစ်ခင်ပေးကြလို့ ဆုတောင်းပြည့်တယ်လို့ ပြောပါတယ်။ ဒီလို ဖြစ်လာဖို့ကိုလည်း အရင် ကတည်း က မျှော်လင့်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

'' ဒါကတော့ ကျွန်တော့် ဘဝမှာ ဖြစ်ချင်ခဲ့တာ တစ်ခုပေါ့၊ ငယ်ငယ်ကတည်းက ဆုတောင်းရင်တောင်မှ ပရိသတ်ရဲ့ ချစ်ခင်မှုအများကြီး ရစေ မယ့် Rock ဂီတသမား တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းခဲ့ဖူးတယ်။ ကျွန်တော်က စိတ်ထဲကနေ နှစ်နှစ်ကာကာချစ်ကြတာကို သဘောကျ တယ်'' လို့ သြဂုတ်လ ၅ ရက်နေ့က Grand Hanter Hospital မှာ Duwun  Media ကို ဖြေဆိုခဲ့တာပါ။

Photo: ဖော်ကာ ဖေ့စ်ဘွတ်

သားလေးအတွက် စံပြဖခင်ကောင်းဖြစ်အောင် ကြိုးစားသွားမယ့် ဖော်ကာ 

ပူပူနွေးနွေး ဖခင်တစ်ယောက်ဖြစ်လာတဲ့ ဖော်ကာက သူ့ရဲ့ သားဦးလေး ဂျက်ရှည်အတွက် မျှော်လင့်ချက်ထားတယ်လို့ ဆိုပါတယ်။ သားလေး ကိုလည်း သူ့လို အဆိုတော် တစ်ယောက်မဟုတ်ပဲ ဘောလုံးသမား ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

'' သူ့ကို ဘောလုံးသမားဖြစ်စေချင်ပါတယ်၊ ကျန်းမာရေးလည်း ကောင်းတယ်လေ၊ ကမ္ဘာကျော် ဘောလုံးသမားတွေလိုပေါ့ ပြီးတော့ ဝင်ငွေလည်း ကောင်းတယ်။ စော်လည်း ကြည်တယ်။ အားကစားသမားဆိုတော့ သူများတွေလိုလည်း သိပ်ပူစရာမရှိဘူး။ ခေတ်က ဘောလုံး သမားခေတ်ဆိုတော့ အဲ့ဒီလိုလေး ဖြစ်စေချင်တယ်''လို့ သူကဆိုပါတယ်။

 

အဆိုတော် ဖော်ကာနဲ့ ဇနီးချောလေး ပွင့်ဖြူအောင်တို့ဘဝထဲကို သားဦးလေးဖြစ်တဲ့ ဂျက်ရှည်လေးဟာ သြဂုတ်လ ၃ ရက်နေ့၊ သောကြာနေ့ ကစတင် ဝင် ရောက် လာတာဖြစ်ပါတယ်။ သားလေးကိုတော့ Grand Hanther Hospital မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်ကျော် အကြာမှာ သားဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က