ဒီနေ့မှာပဲ သွားလှူမယ်လို့ သိရပါတယ်။

ခိုင်နှင်းဝေဟာ စက်တင်ဘာလ ၃ ရက်နေ့ ဒီနေ့မှာပဲ အမေ ဓားစန်းရီအတွက် စီးပွားရေး ထူထောင်ဖို့နဲ့ ထောက်ပံ့စားရိတ်တွေ သွားရောက် လှူဒါန်းမယ် လို့ ဆိုပါတယ်။ သူမဟာ အနုပညာ အလုပ်တွေ ဆက်တိုက်လုပ်နေရပေမယ့် ပရဟိတဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက် နေသူဖြစ်ပါတယ်။



 

ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေဟာ အောက်တိုဘာ ၃  ရက်နေ့(ဒီနေ့)မှာပဲ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမေ ဓားစန်းရီ ကို အိမ်ထောင်တစ်စုစာ စီးပွားရေးထူထောင်နိုင်ဖို့ သွားရောက် ထောက်ပံ့မှုတွေ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ အမေ ဓားစန်းရီ အကြောင်းကို လည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

''အမေ ဓားစန်းရီကိုလည်း ၃ ရက်နေ့ကျရင် သွားလှူမယ်။ သူက ရွှေပြည်သာမှာ မြေးလေးနဲ့ နှစ်ယောက်တည်းနေတာ ဆိုတော့ အစ်မတို့ကလည်း အသက်ကြီးတဲ့ အဘိုးတွေ၊ အဘွားတွေ၊ ပြီးတော့ အမျိုးသမီးတစ်ယောက်တည်း ရပ်တည်နေရတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးနေတာဆိုတော့ ဒီလ မှာတော့ အမေ ဓားစန်းရီ ပေါ့နော်''လို့ သူကဆိုပါတယ်။

Photo: Facebook

 

ခိုင်နှင်းဝေ ပရဟိတအသင်းဟာ လစဉ်လတိုင်း ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို  အထောက်အပံ့ပေးနေကြတာဖြစ်ပါတယ်။ အောက်တို ဘာလ အတွက်လည်း အိမ်ထောင်စု ၃ စု လှူဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ အိမ်ထောင်စု တစ်စုကိုတော့ သရုပ်ဆောင် တစ်ယောက်က ကူညီလှူဒါန်းပေးခဲ့တဲ့ အတွက် ကျန်တဲ့ အိမ်ထောင်စု နှစ်စုကိုတော့ သူကိုယ်တိုင် သွားလှူဖြစ်မယ်လို့ ဆိုပါတယ်။

'' ဒေါပုံဘက်မှာ အဘွားတစ်ယောက်ရှိသေးတယ်၊ သူလည်း တော်တော်လေး ချို့တဲ့ပြီးတော့ တစ်ယောက်တည်း နေနေရတာလို့ပြောတယ်။ ဒါပေမယ့် ၃ ရက်နေ့မှာ ရွှေပြည်သာနဲ့ ဒေါပုံ ကူးဖို့ဆိုတာ သိပ်အဆင်မပြေဘူး။ ပြီးတော့ အိမ်ထောင်စု တစ်စုစာ စီးပွားရေးထူထောင်ပေး ဖို့ ကျတော့ ပစ္စည်းတွေနဲ့ အဆင်မပြေတဲ့အတွက် အမေဓားစန်းရီကို အရင်လှူပြီး ကျန်တဲ့ အားတဲ့ ရက်တွေမှာ ဒေါပုံက အဘွားကို သွားလှူမယ်''လို့ ဆက်လက်ပြောပြလာပါတယ်။

 

အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ခံစားချက် ရင်ဖွင့်လာတဲ့ ခိုင်နှင်းဝေ 

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေ မအားလပ်တဲ့ကြားကမှ သရုပ်ဆောင် အလုပ်တွေလည်း ဆောင်ရွက်နေတယ်လို့ ဆိုလာပါတယ်။ လက်ရှိမှာတော့အနေနဲ့ '' တုနှိုင်းမဲ့ မေတ္တာ'' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးနေတဲ့အကြောင်းကို စက်တင်ဘာလ ၁ ရက်နေ့ မနက်က တုနှိုင်းမဲ့မေတ္တာရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

'' ဒီဇာတ်လမ်းတွဲကို ဦးသက်တို့က ပထမပိုင်းရိုက်ပြီးသွားပြီ မမို့ရဲ့ သားသမီး ၅ ယောက် အရွယ်ကြီးလာတဲ့အချိန်မှာ အစ်မကတော့ သမီး အကြီးဆုံး ပေါ့။ အစ်မတို့နဲ့ကတော့ ဒုတိယပိုင်း ဆက်ရိုက်မှာပေါ့နော်။ အစ်မရဲ့ ကာရိုက်တာက တော့ ကျူတာ ဆရာမပေါ့နော်။ ကျူတာ ဆရာမကနေ မိသားစုကို အစ်မကြီး အမိနေရာကနေ စောင့်ရှောက်ပေးရတယ်ပေါ့'' လို့ သူကဆိုပါတယ်။

 

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က