အံ့မင်းညိုနဲ့ တိုင်ပင်ထားတယ်လို့ သိရပါတယ်။

ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေက အံ့မင်းညိုရဲ့ သမီးလေး မျက်လုံးအလင်းရဖို့အတွက် ကူညီပေးသွားမှာဖြစ်ပါတယ်။ ကိုယ့်လောကသားအချင်းချင်း ကူညီခွင့်ရလို့လည်း သူမအနေနဲ့ ဝမ်းသာနေပါတယ်။

Photo : ခိုင်နှင်းဝေ FB



ပရဟိတမင်းသမီးလေး သရုပ်ဆောင် ခိုင်နှင်းဝေက အံ့မင်းညိုရဲ့ သမီးလေး မျက်လုံး အလင်းရဖို့အတွက် ကူညီသွားမှာ ဖြစ်ပါတယ်။ သမီးလေးအကြောင်း သတင်းတွေထဲမှာ ပါကတည်းက ကိုအံ့မင်းညိုနဲ့ ဆက်သွယ်ထားပြီး ကုသပေးဖို့အတွက် ပြောထားတာ ဖြစ်တယ်လို့ ခိုင်နှင်းဝေက ဆိုပါတယ်။

Photo : အံ့မင်းညို FB

“သတင်းတွေထဲမှာ သမီးလေးအကြောင်းပါလာတော့ အမလည်း ကိုအံ့ကို ဆက်သွယ်ပြီး သမီးလေးအတွက် မျက်လုံး အလင်းရဖို့ ကုသပေးမယ်လို့ လှမ်းပြောထားတာပါ။ ကိုအံ့မင်းညိုဘက်ကလည်း ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပြီးသွားတာနဲ့ အမကို အခြေအနေလှမ်းပြောမယ်လို့ ပြောထားတယ်။ ကိုအံ့မင်းညိုဘက်ကလည်းအမရဲ့ ကမ်းလှမ်းမှုကို လက်ခံပါတယ်”လို့ဇန်နဝါရီ(၂၇) ရက်နေ့က Duwun Media က ဖုန်းဖြင့် ဆက်သွယ်မေးမြန်ရာမှာ ပြောပြခဲ့တာပါ။

Photo : ခိုင်နှင်းဝေ FB

ယခုလိုမျိုး ကိုယ့်ရဲ့ အနုပညာလောကသားအချင်းချင်း ပြန်လည်ကူညီခွင့်ရတဲ့အတွက် သူမအနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်လို့ ဆိုပါတယ်။

“ကိုအံ့နဲ့က လွန်ခဲ့တဲ့ ၂လလောက်ကလည်း ဇာတ်ကားအတူတူ ရိုက်ထားသေးတယ်။ ခင်လည်းခင်တော့ အခုလိုမျိုး ကိုယ့်လောကသားအချင်းချင်းကို ကူညီခွင့်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်။ “ လို့ သူမက ဆိုပါတယ်။

Photo : အံ့မင်းညို FB

အံ့မင်းညိုရဲ့ သမီးလေးကို ဇန်နဝါရီ(၃၁) ရက်နေ့မှာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အံ့မင်းညိုရဲ့ သမီးလေးဟာ မွေးရာပါ နှလုံးအပေါက်ပါရုံသာမက မျက်လုံးတစ်ဖက်ကလည်း မမြင်ရသလို မွေးတုန်းကလည်း(၃)ပေါင်နဲ့ မွေးခဲ့ရတဲ့ သမီးလေး ဖြစ်ပါတယ်။

ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကို လည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူ တစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။

Photo : ခိုင်နှင်းဝေ FB

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က